၂၃.၃.၂၀၁၄ ရက်နေ့၂၁၀၀ အချိန် တာမွေမြို့နယ်၊ သမိန်ဗရမ်းလမ်းမ အတိုင်း တာမွေဘက်မှ အသောကတံတားဘက်သို့ ယာဉ်မောင်း
ကျော်ဇင်နေလတ်၊(၂၃)နှစ်၊(ဘ)ဦးကျော်ဌေး၊ တာမွေ မြို့နယ်နေသူ
မောင်းနှင်လာသော 1E —- Belta ငွေရောင်ကိုယ်ပိုင်ယာဉ်သည် အသောကဂုံးတံတားအတက်အရောက်၌ အရှိန်လွန်ကာလမ်း၏ယာဘက် သို့ထိုးကျသွားပြီး လက်ဖက်ရည်ဆိုင်ကို ၀င်ရောက်တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် လက်ဖက်ရည်ဆိုင်အတွင်း အိပ်ပျော်နေသော
မောင်နိုင်ဝင်း၊ (၁၅)နှစ်အား တိုက်မိခဲ့သဖြင့် ဦးခေါင်းဖူးရောင်၊ နှာခေါင်း
ပေါက်ပြဲ ဒဏ်ရာများရရှိခဲ့၍ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် ပြင်ပလူနာ
အဖြစ်ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကျော်ဇင်နေလတ်ကို တာမွေမြို့မရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၄၊ ပုဒ်မ ၂၇၉/၃၃၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police