ဆရာကြီး ဟံသာဝတီဦးဝင်းတင် ရဲ့ ကျန်းမာရေး အခြေအနေဟာ စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်နေေ ကြာင်း သတင်းတွေမှာ ကြားရ၊ မြင်ရဖတ်ရေ တာ့စိတ်မကောင်း ခြင်းများစွာဖြစ်ရပါတယ်။ ဆရာ ကြီး အမြန်နေကောင်းပါစေဆိုပြီး ဆုတောင်း ၊ မေတ္တာပို့သမိပါ တယ်။ ထို့အတူပဲ ရန်ကုန်ပြည် သူ့ဆေးရုံကြီးနှင့် ဘုရားတွေမှာ ဆုတောင်းကြ ၊ မေတ္တာပို့သကြ တာတွေကိုလည်း ကြားရ၊ မြင်ရပါ တယ်။အင်တာနက်လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း ဆရာ ကြီး ကျန်းမာရေးအခြေအနေကို အချိန်နဲ့အမျှ မျှဝေလို့ ဝိုင်းဝန်းဆု တောင်းကြတာကိုလည်း ကြားရ တော့ ရင်ထဲမှာ လှိုက်ခနဲခံစား လိုက်ရပါတယ်။ မေတ္တာရဲ့အပြန် အလှန်သက်ရောက်မှုကို နင့်နင့် သီးသီးခံစားလိုက်ရလို့ပါ။

မေတ္တာဆိုတာ အလျား၊ အနံမရှိပေမယ့် အသွား၊ အပြန်တော့ရှိတယ်ဆိုတဲ့ စကားလေးက ကြားဖူးနေကျစကားလေးပါ။ တကယ်တော့ မေတ္တာဆိုတာ အသွားအပြန်တင်မကပါဘူး။ အလျား၊ အနံပါရှိတယ်လို့ ပြောချင်ပါတယ်။ အလျား၊ အနံဆိုတာ အကျယ်အဝန်း၊ အဝန်းအ ဝိုင်းကိုဆိုလို တာပါ။ မေတ္တာရဲ့ အဝန်းအဝိုင်းက နက်နဲပါတယ်။ ကိုယ်ထားတဲ့မေတ္တာရဲ့အဝန်း အဝိုင်းက ကျယ်ရင်ကျယ်သလို မေတ္တာရဲ့သက်ရောက်မှုကို ခံစားရပါတယ်။

ဆိုလိုတာက ကိုယ့်မိသားစုအပေါ်မှာ မေတ္တာထားရင် မိသားစုရဲ့ မေတ္တာထားမှုကို ပြန်ရပါတယ်။ ဒီထက်ပိုပြီးတော့ တိုင်းပြည်အပေါ်မှာ မေတ္တာထားရင်တိုင်းပြည်က၊ လူထုက မေတ္တာပြန်သက်ဝင်တာပါပဲ။ တိုင်းသူပြည်သားတင်မကပါဘူး။ မေတ္တာရှင်တွေဆိုရင် ကမ္ဘာ ကပါ လေးစားကြရတာ ပါ။ မေတ္တာရဲ့ သဘောက ဆန်းကြယ်တယ်ပြောရမလားပါ ပဲ။ စေတနာမှန်တဲ့မေတ္တာရဲ့အတိမ်အနက်၊ အထိမ်အဝှက်အလိုက် တုံ့ပြန်မှုအဝန်းအဝိုင်းက ကျယ်ဝန်းမှုနဲ့ ကျဉ်းမြောင်းမှုရှိတတ်ပါတယ်။

မဝေးတော့သောကာလက ကိုမင်းကိုနိုင် သရက်ထောင်က လွတ်မြောက်လာတော့ ဂျာနယ် တွေမှာတွေ့ရတဲ့ပုံရိပ်တစ်ခုကို သတိရမိပါတယ်။ အဲဒီပုံရိပ်လေး က မေတ္တာရဲ့ အတိမ်အနက်ကို ဖော်ပြတဲ့ပုံရိပ်လို့ထင်ပါတယ်။ ကိုမင်းကိုနိုင်ကို အဘွားအိုတစ်ဦး က သားအရင်းနဲ့မခြားဖက်ပြီး ကြို တဲ့ပုံလေးပါ။ အဘွားအိုရဲ့လက် တစ်ဖက်က မလိုင်ထုပ်လေးကို ကိုင်ပြီး ကျန်လက်တစ်ဖက်က ကိုမင်းကိုနိုင်ကို သိုင်းဖက်၊ မျက်နှာချင်းအပ်ကာ၊ မျက်ရည်တွေကျ နေတဲ့ပုံလေးပါ။ ဒီပုံလေးကိုတွေ့ တော့ တခြားသူတွေတော့ မပြော တတ်ပါဘူး။

စာရေးသူရဲ့ ရင်ထဲ မှာ မဖော်ပြနိုင်တဲ့ ခံစားချက်တစ် ခုရလိုက်ပါတယ်။ မေတ္တာရဲ့ ရောင်ပြန်ဟပ်မှုကို နက်နက်နဲနဲ သိမြင်ခံစားလိုက်ရတာပါ။ တကယ်တော့ အဘွားအိုတင်မက ပါဘူး။ လမ်းတစ်လျှောက်မြို့ရွာ တွေက ကြိုကြသူတွေတစ်အုပ် တမကြီးပါ။ ပန်းစည်းတွေပေး၊ ပန်းကုံးတွေစွပ်ပြီး တစ်မြို့ပြီးတစ်မြို့က ကြိုတာပါ။ ရှစ်နာရီ လောက်ကားမောင်းချိန်ခရီးကို တစ်ညအိပ်ပြီး နောက်တစ်ရက်ည အိမ်ပြန်ရောက်ပါတယ်။ အဘွား အိုအပါအဝင် ကြိုကြသူအတော် များများဟာ ကိုမင်းကိုနိုင် မြင်ဖူး ရုံ၊ ကြားဖူးရုံသက်သက်မျှနဲ့ ဘာ လို့ဒီလောက်တောင် အုတ်အုတ် သဲသဲ ကြိုကြသလဲဆိုတာ စဉ်းစား စရာပါ။

အဲဒီအရင်မီဒီယာလွတ် လပ်ခွင့်မရခင်မှာ မင်းကိုနိုင်ဆိုတဲ့ နာမည်ကို အစိုးရသတင်းစာတွေ မှာ အမနာပစကားလုံးတွေနဲ့ ထုံ မွမ်းထားတဲ့ လူဆိုး၊ သူခိုးထက် ဆိုးတဲ့ ပုံမျိုးနဲ့သာ ရေးသားဖော် ပြကြတာပါ။ အဲဒီလောက်ပုံဖျက်၊ နာမည်ဖျက်ပြီး ရေးကြပေမယ့် လူထုက ဘာလို့များမေတ္တာသက် ဝင်ပြီး ကြိုကြတာလဲဆိုတော့ သူတို့အပေါ် မေတ္တာထားတာကို သူတို့ခံစားသိနဲ့ သိနေလို့ပါပဲ။ လူ ထုရဲ့ ဒုက္ခ၊ သုက္ခကို ကိုမင်းကို နိုင်က သိမြင်ခံစားပြီး လူထုကိုယ် စား အစိုးရကိုအရေးဆိုပေးတဲ့အ တွက် ထောင်ကျခံခဲ့ရလို့ပဲဖြစ်ပါ တယ်။ အဲဒီတော့ လူထုက သူ့ကို မေတ္တာသက်ဝင်ချစ်ခင်ကြတော့ တာပါပဲ။ စေတနာမှန်တဲ့ အနန္တ မေတ္တာဟာ အတိုင်းအဆမရှိတဲ့ မေတ္တာအကျိုးကို ပြန်ခံစားရတယ် ဆိုတာ သဘာဝရဲ့အမှန်တရား တစ်ခုပါပဲ။

အဲဒီလိုပဲ စေတနာမမှန်တဲ့ အမုန်းတရားနဲ့ အာဃာတတွေ ဟာလည်း သဘာဝရဲ့အမှန် တရားအရ အမုန်းတရားကိုပဲ ပြန် လည်ရရှိခံစားရမှာဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအပြီး မှာ သမ္မတကြီးက ဒေါ်စုနဲ့တွေ့ဆုံ ခဲ့တာ ဒေါ်စုကို ကြားဖြတ်ရွေး ကောက်ပွဲ ကနေတစ်ဆင့် လွှတ် တော်ထဲရောက်စေပြီး နိုင်ငံရေး သက်ဝင်လှုပ်ရှားစေတာတွေကို တွေ့ရတော့ သမ္မတကြီးကို ကမ္ဘာ က ဝိုင်းပြီးဩဘာပေးလိုက်ကြ တာ မြန်မာပြည်သမိုင်းတစ် လျှောက် တစ်ခါမှမလာဖူးတဲ့ အမေရိကန်သမ္မတနှင့်တကွ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေလာပြီး သမ္မတကြီးကို လက်ဆွဲနှုတ်ဆက် ဂါရဝပြုခဲ့ကြရပါတယ်။

မြန်မာ့အပြောင်းအလဲ မြန်မာ့နွေဦးကို ချီးကျူးထောမနာပြုခဲ့ကြရပါတယ်။ငြိမ်းချမ်းရေးနိုဗယ်ဆုမှာ အကြိုမဲပေးခံရတာတွေကို ပြန်ပြီးသတိရမိပါတယ်။ ကျွန်တော်တို့ မြန်မာမီဒီယာများနဲ့ ပြည်သူတွေကလည်း သမ္မတကြီးက ရိုးသားကြောင်း တိုင်းပြည်ကို တကယ်ပြောင်းလဲချင်သူဖြစ်ကြောင်း ဝမ်းသာအားရပြော ခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၁၃ အကုန်မှာ အဲဒီလေသံတွေဟာ တဖြည်းဖြည်းဖျော့တော့ ပြီး လေပြင်းမုန်တိုင်းဝင်မယ့်ပုံမျိုး ပြောင်းလဲနေတာ ဝမ်းနည်းဖွယ်ရာတွေ့နေရပါတယ်။

ဒါပေမဲ့ အခုတစ်လော အစိုးရ ရဲ့ ပြုမူဆောင်ရွက်ချက်တွေဟာ နားမလည်နိုင်အောင် ဖြစ်မိပါ တယ်။ နားလည်ရလည်းခက်ပါ တယ်။ ဆင်းရဲမွဲတေမှုပပျောက် ရေးလို့ ကြွေးကြော်နေပြီး အိုးအိမ် တွေ၊ လယ်မြေတွေ မတရားဖယ် ရှားသိမ်းဆည်းခံနေရတာကြောင့် ကားလမ်းမဘေးတောင်းစားနေ တဲ့ပုံတွေကို ပိုပြီးတွေ့မြင်နေရပါ တယ်။ နိုင်ငံခြားရောက်နေတဲ့ ပညာရှင်တွေပြန်လာကြဖို့ ဖိတ် ခေါ်နေတာ တစ်နေ့ ကိုတစ် ယောက်ပြန်မလာပေမယ့် အခြေ ခံလုပ်သားအင်အားတွေဟာ နေ့ စဉ် လေယာဉ်စင်း လုံးလိုက်ထွက် ခွာနေတာဟာလည်း ရင်လေး စရာပါ။

သူတို့တွေဟာ လယ်ယာ တွေ အသိမ်းခံရလို့လုပ်စရာမရှိ တဲ့သူနဲ့ လယ်ယာလုပ်ပေမယ့် အချိန်တန်တော့ အကျိုးအမြတ် မရေရာလို့ လယ်ကိုစွန့်ခွာသွား သူတွေဖြစ်ပါတယ်။ ယခုဆိုရင် တောနယ်တွေမှာ အဘိုးအို၊ အဘွားအိုနဲ့ ကလေးငယ်တွေပဲ ကျန်တော့တာပါ။ တကယ့်အင် အားရှိတဲ့ လူငယ်တွေဟာ မိမိ ဝမ်းစာ၊ မိသားစုဝမ်းစာအတွက် နိုင်ငံရပ်ခြားကို ထွက်ခွာပြီးလုပ် ကိုင်နေရတာပါ။ ဒီကြားထဲ မြန်မာပြည်မှာ တမင်ရည်ရွယ်ဖန်တီးထားတဲ့ လူမျိုးရေး၊ဘာသာရေးပြဿနာတွေကြောင့် ဆင်းရဲတွင်းကနေ သေတွင်းထဲ မရောက်ဖို့အများကြီးသတိထားနေနေရပါတယ်။ ကိုယ့်ဘဝမလုံခြုံတော့ လို့ ပြန်လာချင်ပေမယ့်လည်း

အကြွေးမကျေသေးတာနဲ့ ကြောက်ကြောက်နဲ့ဘဝမလုံမခြုံ အလုပ်ကို ဆက်လုပ်နေကြရပါတယ်။ ကျွန်တော်တို့ပြည်သူတွေသူများသွေးထိုးတိုင်း နားမယောင်ဖို့အရေးကြီးပါတယ်။ ကိုယ့် အစ်ကိုတွေ၊မောင်တွေ၊နှမတွေ နိုင်ငံခြားတိုင်းပြည်တွေမှာ ဒုက္ခခံပြီး အလုပ်သွားလုပ်နေရတယ်ဆိုတဲ့ အသိနဲ့၊ သတိနဲ့ ဆင်ခြင်ကြဖို့လိုပါတယ်။

နောက်တစ်ခုတင်ပြချင်တာ သမီးကလေးကျေးရွာက ရွာသား တွေကိစ္စပါ။ တပ်ပိုင်မြေဆိုပြီး အတင်းအဓမ္မ ဖယ်ရှားခိုင်းတာပါ။ ဘာလို့များ အလျင်စလိုနဲ့ စနစ် ဇယားမရှိ ဖယ်ရှားခိုင်းရတာလဲ။ တကယ်ပဲ ကျူးကျော်သူဖြစ်စေဦး တော့ မူလနေရာကို ပြန်ခွင့်ရှိရ မယ်။ ဒါပေမဲ့ ဒီနေရာမှာ နေတာ ကြာတော့ ဘယ်သွားရမှန်းမသိ လို့ ဘုန်းကြီးကျောင်းကို ခိုလှုံပါ တယ်။

ပဲခူးတိုင်းထဲမဝင်နဲ့ဆိုပြီး မောင်းထုတ်ခံရပြန်တယ်။ အခု နောက်ဆုံး KDBA နဲ့ ကရင်ပြည် နယ်လိုက်သွားတော့ ပြည်နယ်ထဲ အဝင်မခံဘူးဆိုပြီး တပ်ကလာတဲ့ ပြည်နယ်ဝန်ကြီးချုပ်က တားပြန်တယ်။ အဲဒီလို မီဒီယာတွေမှာဟိုးလေးတကျော်ဖြစ်နေတာကို မိဘပြည်သူများခင်ဗျားဆိုပြီး တစ်လတစ်ခါရေ ဒီယိုကနေ မိန့်ခွန်းပြောတတ်တဲ့ သမ္မတနဲ့တကွ အစိုးရအဖွဲ့ဝင်တွေရော၊ အတိုက်အခံဆို တဲ့ သူတွေကရော ဘာမှဝင်မပြောကြတာပါပဲ။ ပိုပြီးဆိုးတာက အဲဒီသမီးကလေးကျေးရွာက ရွေးကောက်ပွဲမှာ မဲမပေးခဲ့လို့လားမသိပါဘူး။

သမီးကလေးကျေးရွာဆိုတာ မရှိပါဘူးလို့ အပြောခံရတာပါပဲ။ သူတို့ဟာ မြန်မာပြည်သားမဟုတ်ဘူး လား။ မြန်မာနိုင်ငံထဲမှာနေထိုင်ခွင့်မရှိတော့ဘူးလား။ ပြည်သူတွေရဲ့ စားဝတ်နေရေးဟာ အစိုးရနဲ့ မဆိုင်ဘူးလား။ ဘာအတွက်အစိုးရတာဝန်ယူထားကြတာလဲ။နားမလည်နိုင်အောင်ပါပဲ။ ဖယ်ရှားခံရတဲ့ဖြစ်စဉ်ကို စဉ်းစားကြည့်ရင် အင်မတန်မှ ဝမ်းနည်းဖို့ကောင်းပါတယ်။

အဲဒီဖြစ်စဉ်တွေကိုကြည့်ရင် တိုင်းပြည်ကို သပိတ်စုံ၊ သူပုန်ထ ဖို့၊ မဆူ၊ ဆူအောင်ဖန်တီးပြီး တိုင်းပြည်ကိုကယ်တင်ချင်နေတဲ့ အတွက် တပ်ပိုင်မြေဆိုပြီး အဓမ္မ သိမ်းသလိုဖြစ်နေပါတယ်။ အဲဒီ လုပ်ရပ်တွေဟာ ၂၀၁၀ မတိုင်မီ က လက်စလက်နတွေအတိုင်း တွေ့မြင်နေရပါတယ်။ အကောင် ကိုမမြင်ရပေမယ့် အရိပ်ကိုတော့ တွေ့နေပါတယ်။

ယခု ကမ္ဘာက ချီးကျူးခဲ့ကြ တဲ့ မြန်မာ့နွေဦးဟာ နွေပူပူမှာ လေပူပူတွေတိုက်ပြီး အပူရှပ်မှာ မြင်နေရပါတယ်။ စာရေးသူက တော့ ဇမ္ဗူဒိပ် နိမိတ်ဆိုတဲ့အတိုင်းမအေးတာကြာပြီဖြစ်လို့ တကယ်ပဲ အေးမြသွားအောင် ‘‘မြန်မာ့ဆောင်းဦး’’လို့ အမည်ပြောင်းလိုက်ချင်ပါတယ်။

မြန်မာတွေအေးအေးချမ်းချမ်းနဲ့ ၂၀၁၅ မှာ အသွင်ကူးပြောင်းနိုင်အောင် မြန်မာ့နိုင်ငံရေးဇာတ်ညွှန်းစီ စဉ်ရေးသားသူ ဒါရိုက်တာဘဘကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်၊ သမ္မတ နဲ့ အတိုက်အခံများအား လုံး မြန်မာပြည်သူများအပေါ် စစ်မှန် သော စေတနာမေတ္တာထားပြီး တကယ်အလုပ်လုပ်ကြရင်ဖြင့် တိုင်းပြည်လူထုရဲ့ အေးမြတဲ့ မေတ္တာကို ရရှိခံစားနိုင်တဲ့အပြင် ကမ္ဘာက လေးစားအတုယူနိုင်တဲ့ သမိုင်းတန်ဖိုးရှိတဲ့ ပုဂ္ဂိုလ်တွေဆို ပြီး ဘဝဇာတ်သိမ်းတွေလှကြစေချင်တယ်ဗျာ။

ကိုသောင်း (ကမာရွတ်) | 7day daily