ခင်ပွန်းဖြစ်သူ rock star ကြီး Ozzy Osbourne ရဲ့ဂီတလုပ်ငန်းမှာ နှစ်ပေါင်း၃၀ ကျော်ကြာ စီမံကွပ်ကဲ လာပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တဲ့ ဂီတ မန်နေဂျာ Sharon Osbourne က ဒုက္ခများနေတဲ့ pop star Justin Bieber တစ်ယောက် သူ့ကို ခဏခဏ အပြုအမူဆိုးတွေကို လုပ်ခွင့်ပြုနေတဲ့ အတုအယောင်လူတွေ ရဲ့ဝန်းရံခြင်းကို ခံနေရပါတယ်လို့ ဆိုလိုက်ပါတယ်။

‘သူက ပါးကို နာနာလေးတစ်ချက်လောက် အချခံရဖို့လိုနေတာ။ သူက အတုအယောင်လူတွေ ၀န်းရံတာ ခံနေရတယ်။ ဖားယားနေသူတွေပေါ့။ နင် စတူဒီယိုထဲကိုဝင်ပြီး ကောင်းမွန်တဲ့ ဖန်တီးမှုတစ်ခုမဖြစ်မ လာမချင်း ပြန်ထွက်မလာနဲ့ လို့ကျွန်မဆိုရင်တော့ ပြောမိမှာပဲ’ လို့ပြောပါတယ်။

Sharon က ရင့်ကျက်မှုမရှိသေးတဲ့ ကနေဒီယံကောင်လေးရဲ့ဂီတအကြောင်းကိုလဲ ဆက်လက်ပြောဆိုခဲ့ပါ တယ်။

Justin ဂီတက ပျော့နွဲ့၊ ပေါ်ပင်ဆန်ပြီး တစ်ခါသုံးပြီး လွှင့်ပစ်ရမယ့် ဂီတဖြစ်ကြောင်းပြောခဲ့ပြီး အပြုအမူ ဆိုးတွေ လုပ်ခွင့်လိုင်စင်ရဖို့ ဂီတကောင်းတွေ ထုတ်ဖို့ လိုအပ်နေတယ်လို့ဆိုပါတယ်။

Sharon တစ်ယောက် သူမရဲ့ဘ၀နဲ့ ပါတ်သတ်တဲ့အကြောင်းကိုလဲ ပြောသွားပါတယ်။ နှစ်ပေါင်းများစွား ပလက်စတစ်ဆာဂျရီလုပ်လာမှုကြောင်း အခုအခါ ရုပ်ပြစာအုပ်ထဲက လူဆိုးပုံပေါက်နေပြီလို့ဆိုပါတယ်။

‘နှစ်အနည်းငယ်ကြာတုန်းက ငါပလက်စတစ်ပုံပေါက်နေပါလားလို့ ကျွန်မကိုယ့်ကိုကိုယ်ပြန် ကြီးပြီး တွေး မိတယ်။ တီဗီမှာ အင်တာဗျူးဖြေနေတဲ့ ကျွန်မပုံက ဂျိုကာပုံစံပေါက်နေတယ်’ လို့ပြောပါတယ်။

Jack the Ripper | Trend Myanmar