စပိန်အသင်းရဲ့ ပြောဆိုချက်အရ ဘာပဲဖြစ်ဖြစ် Luis Suarez ဟာ အခုအလက်ရှိအချိန်မှာ ဘာစီလိုနာကစား သမားတစ်ယောက်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က လီဗာပူးလ် နှင့် စပိန် ဘက်ကနေ ကြောငြာချက်ထုတ်ထားတဲ့ အတိုင်းသာဆိုရင် ယူရိုပေါင် ၇၅ မီလျှံ ( ၁၂၈.၅မီလျှံဒေါ်) ပြောင်းရွေ့ကြေးနဲ့အတူ ဥရုဂွေးကစားသမားကို ရောင်းချဖို့ အချိန် ကာလကို သတ်မှတ်သဘောတူညီမှု တစ်ခုရရှိတယ်လို့ ဆိုပါတယ်။

အင်္ဂါနေ့က Suarez ဟာ ၎င်းပြောင်းရွေ့ခြင်းနဲ့ပတ်သက်ပြီး အပြီးအစီးဆောင်ရွက်ရန် ဘာစီလိုနာမြို့သို့ သွားရောက်ခဲ့ပါတယ်။ တရားဝင်ထုတ်ပြန်ချက် မပြုသေးပေမဲ့ ဘာကာအသင်းရဲ့ ဘောလုံးအားကစားနဲ့ ပတ်သက်တဲ့ ညွန်ကြားရေးမှူး Andoni Zubizarreta က အပြီးအစီး သဘောတူညီမှုရရှိခဲ့ကြောင်း ဗုဒ္ဓဟူး တုန်းက သတင်းစားရှင်းလင်းပွဲတစ်ခုမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီတလီကစားသမား Giorgio Chiellini ကို ကိုက်ဖျက်ခဲ့ခြင်းကြောင့် ဖီဖာဘောလုံး အဖွဲ့ချုပ်ကနေ ကစားသမား Suarez ကို နောက်လေးလအတွင်း ဘောလုံးကစားခွင့် ပိတ်ပင်ချက် ထုတ်ပြန် ခဲ့အပြီး Zubizarreta ကနေ ၎င်းတိုက်စစ်ကစားသမားနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့စကားကို ဂရုစိုက်ခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။

အပြောင်းအရွေ့တရားဝင်ထုတ်ပြန် ကြေငြာပြီးနောက်ပိုင်းအချိန်မှာ ဘာစီလိုနာအသင်းအနေနဲ့ Suarez ရဲ့ကစားခွင့်ပိတ်ပင်ခံရမှုကို ဖျက်သိမ်းပေးလို့ရမှာ မဟုတ်သေးပါဘူး။

စပိန်အသင်းဟာ Cesc Fabregas နှင့်Neymar ကဲ့သို့သော ကစားသမားတွေကို Camp Nau ကစားကွင်းအ တွက် အဓိကကစားသမားတွေအဖြစ် ငွေကြေးအမြောက်အမြားသုံးပြီးစာချုပ်ချုပ်ဆိုခဲ့ပါတယ်။

Suarez ဟာ Dutch အသင်း Ajax ကနေတဆင့် ပေါင် ၂၂.၈ မီလျှံ (၃၉မီလျှံဒေါ်လာ) နဲ့ ၂၀၁၁ခုနှစ်တွင် လီဗာပူးလ်အသင်းသို့ရွေ့ပြောင်းခဲ့သူဖြစ်ပြီး ၁၃၃ပွဲမှာ ၈၂ ဂိုးသွင်းထားသူလည်းဖြစ်ပါတယ်။

အသင်းရဲ့ အဆင့်တစ်ခုသို့ ရောက်ရှိအောင် ကြိုးပမ်းရာမှာ အဓိက ကစားသမားတစ်ယောက်အနေနဲ့ ရပ် တည်ခဲ့ပြီး ၃၇ပွဲမှာ ၃၁ ကြိမ်အထိ ဂိုးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Victor. Paa Tung | Trend Myanmar