မိမိတို့ငယ်စဉ်က ရေခဲမုန့် ရောင်းသည့် ကား များ သီချင်းတ ကြော်ကြော်နှင့် ဖြတ်သွားသည့် မြင်ကွင်းကို မှတ်မိကြပါလိမ့်မည်။ ယင်းကားနောက်မှ ကလေးများ တရုန်းရုန်း လိုက်ကြသည်ကိုလည်း သတိရမိသည်။

သီချင်းသံက ရေ ခဲမုန့်ကားအတွက် ကြော်ငြာဖြစ် ပါသည်။ ယနေ့တိုင် ယင်းရေခဲ မုန့်ကားများ အလုပ်ဖြစ်သေးသ လို အခြားအစားအသောက်ကား များလည်း လမ်းမပေါ်တွင် တိုးချဲ့ နေရာယူ လာနေသည်။ သို့သော် ကျယ်လောင်သည့် လော်စပီကာ သံများနှင့်တော့ မဟုတ်တော့ပါ။ အသံမထွက်သော်လည်း ခရီးတာ လှသည့် အင်တာနက်ကွန်ရက် များမှ ဖြစ်သည်။

ရုံးသမား၊ အလုပ်သမား များပြားသော လူစည်ကားရာ နေ ရာများတွင် ဆိုင်ခန်းများက ဈေး ကြီးသည်။ ယင်းအတွက် အစား အသောက်ကလည်း ဈေးကြီးလာ သည်။ လမ်းဘေးဈေးသည်များ ကို ယာဉ်ကြော လိမ်းကြောပိတ် ၍ ရောင်းဝယ်ခွင့်မပြု။ ထိုအခါ အမေရိကန်နိုင်ငံ မြို့ကြီးများတွင် ယင်းလမ်းဘေးဈေးသည် လိုအပ် ချက်ကို Food Truck ဟုခေါ်သည့် ထရပ်ကားများဖြင့်လှည့်လည် ရောင်းချသည့် နေ့လယ်စာ ထရပ် ကားလုပ်ငန်းများက အစားထိုး ၀င်ရောက်လာနေသည်။ ကား တွင်းတော့ ၀င်ထိုင်၍ မရပါ။ ယင်း တို့ကို မိုဘိုင်းစားသောက် ဆိုင် (ရွှေ့ပြောင်းစားသောက်ဆိုင်) ဟု လည်း လူသိများသည်။

နေ့လယ်ထမင်းစားချိန်နီး လျှင် မြို့တွင်း ယင်းအစားအ သောက်ကားများ ခေတ္တရပ်နား ခွင့်ရသည့် နေရာ တွင် နိုင်ငံတကာ မှ အစားအစာများကို ကားပေါ်၌ ရောင်းချနေသည့် မြင်ကွင်းကို နေရာတကာ တွေ့ လာရသည်။ အစားအစာကားအဖြစ် မှတ်ပုံ တင်ရပြီး ကားပေါ်ပါသည့် မီးဖို၊ ရေခဲသေတ္တာ၊ သန့်ရှင်းရေး၊ လုံ ခြုံရေးတို့ကို ပုံမှန်စစ်ဆေးခံရ သည်။ ယနေ့ဆိုလျှင် ယင်းကား စားသောက်ဆိုင်လုပ်ငန်းသည် အတော်ပင် ကြီးမားလာနေသည်။

ဈေးချင်းတူလျှင်ပင် ကား ဖြင့်လာရောင်းသော အစားအ သောက်ကို စိတ်ဝင်တစားစောင့် ပြီး တန်းစီဝယ် သူက မနည်းလှပါ။ တရုတ်၊ ကိုရီးယား၊ အိန္ဒိယ၊ စပိန်၊ မက္ကဆီကို၊ အမေရိကန်၊ ဗီယက်နမ်နှင့် နိုင်ငံပေါင်းစုံမှ အ စားအသောက်များကို ကိုယ်သန် ရာ ချက်ပြုတ်ရောင်းချကြသည်။

လော့စ်အန်ဂျလိစ်အခြေ စိုက် လမ်းဘေးအစားအစာ လုပ် ငန်းကုမ္ပဏီကြီးတစ်ခု၏ ထုတ် ပြန်ချက်အရ ယင်းလုပ်ငန်းတွင် ဒေါ်လာသန်း တစ်ထောင့်လေး ရာကျော် လည်ပတ်နေသည်ဟု ဆိုသည်။ ပြီးခဲ့သည့် ငါးနှစ် အ တွင်း မိုဘိုင်းစားသောက်ဆိုင် လုပ်ငန်း ၁၅ ရာခိုင်နှုန်း တိုးလာ သည်ဟု ဆိုသည်။ မိုဘိုင်းကား စားသောက်ဆိုင် အရေအတွက် အစစ်အမှန်ကို သိရန်တော့ မလွယ်ပါ။

အများအားဖြင့် ဈေးချိုပြီး အမျိုးစုံလှသည့် မနက်စာ၊ နေ့ လယ်စာများကို ၀ယ်ယူစား သောက်နိုင်ခြင်းကြောင့် ရုံးသမား များ အသုံးများလာသည်။ လုပ် ငန်းကို မိသားစု (သို့မဟုတ်) မိတ် ဆွေ နှစ်ဦး၊ သုံးဦးမျှဖြင့် စတင်နိုင် သလို ကားတစ်စီးရင်းပြီးလျှင် လုပ်ငန်းစ၍ ရနေပြီဖြစ်သော ကြောင့် လုပ်ကိုင်လာသူကလည်း များပြားလာသည်။

ဆိုင်ခန်းငှားရမ်းပြီး ဆိုင်ဖွင့် ရာတွင် အရင်းအနှီးကြီးလှသည့် အပြင် အရောင်းထိုင်းလျှင် ပတ် ၀န်းကျင်က အလုပ်မဖြစ်လျှင် အ ရှုံးပေါ်တတ်သည့် ဆိုင်ရှင်များ၏ ဒုက္ခကို မိုဘိုင်းစားသောက်ဆိုင် များက ရှောင်လွှဲနိုင် ကြသည်။

‘‘ကျွန်တော်တို့မှာ ၀က်ဘ် ဆိုက်ရှိတယ်လေ။ အဲဒီကို မိုဘိုင်း နဲ့ အဒ်လုပ်ထားရင် ကျွန်တော်တို့ ကား ဘယ်ရောက်နေပြီဆိုတာကို မက်ဆေ့ခ်ျနဲ့ပို့ပေးတယ်။ ဒီနေ့ ကျွန်တော်တို့မှာ ဘာအစားအ သောက်တွေ ပါတယ်။ ဘယ်လမ်း ထောင့်ကို ဘယ်အချိန်ရောက် မယ်ဆိုပြီး အချိန်နဲ့ တစ်ပြေး ညီပို့ပေးနေတော့ ၀ယ်စားချင်တဲ့ သူတွေကလည်း လာစောင့်နေ ကြပါတယ်။ သူတို့အတွက်လည်း အဆင်ပြေတာပေါ့။ ကျွန်တော် တို့ကလည်း အရောင်းသွက်တဲ့ နေရာကို အချိန်မရွေး ရွှေ့နိုင် တော့ အလုပ်ဖြစ်တယ်’’ ဟု ကား စားသောက်ဆိုင်လုပ်ငန်းတွင် အတော်အောင်မြင်နေပြီဖြစ် သော စလိုက်ရိုက်အမည်ရှိ ကား စားသောက်ဆိုင် လုပ်ငန်းပိုင် ရှင်က ပြောဆိုသည်။

ယင်းလုပ်ငန်းစတင်လာခဲ့ သည်မှာ အချိန်အတိုင်းအတာ တစ်ခု ရှိခဲ့ပြီဖြစ်သော်လည်း စမတ်ဖုန်းကို အသုံး များလာသည့် ယခုအချိန် အက်ပ်များမှတစ် ဆင့် ဖေ့စ်ဘွတ်ခ်၊ တွစ်တာတို့မှ တစ်ဆင့် စားသုံးသူနှင့် တိုက် ရိုက်ဆက်သွယ် ကြော်ငြာလာနိုင် ချိန်တွင် အောင်မြင်မှုက သရဖူ ဆောင်းတော့သည်။

ဖေ့စ်ဘွတ်ခ် မှ အခကြေးငွေမကုန်ဘဲ ကြော် ငြာနိုင်၊ ချိတ်ဆက်နိုင်ခြင်းက ကားစားသောက်ဆိုင်လို ကိုယ်ပိုင်လုပ် ငန်းငယ်လေးများကို အတောင် တပ်ပေးလိုက်ခြင်းပင်ဖြစ်သည် ဟု လမ်းဘေးစားသောက် ဆိုင် လုပ်ငန်းအဖွဲ့က ပြောဆိုလိုက် သည်။ လုပ်ငန်းအကြီးအငယ်ကို လိုက်၍ ဒေါ်လာ ၂၅၀၀ တန်မှ တစ်သိန်းကျော်တန် ကားစားသောက်ဆိုင်များရှိပြီး မိမိပရိသတ် နှင့် မိမိပင်ဖြစ်သည်။

‘‘ကျွန်တော်တို့ရုံးကဆိုရင် အကုန်လုံးနီးပါး Food Truck တန်းဆီပဲ သွားကြတယ်။ တစ်နေ့ တစ်မျိုးပြောင်း စားတဲ့သူလည်းရှိ သလို ကိုယ်ကြိုက်တဲ့ကားကိုပဲ နေ့စဉ်ပုံမှန်စောင့်တဲ့သူလည်း ရှိ တယ်။ နေ့လယ်ဆိုရင် ဆိုင်မှာ ထိုင်စားရမှာက ဈေးကြီးတာက လည်းတစ်ပိုင်း။ နောက်ပြီးအနီး အနားမှာ ပန်းခြံတွေလည်းရှိတော့ ကားကနေ့လယ်စာဘူးကို ပန်းခြံ မှာ လွတ်လွတ်လပ်လပ် ထိုင်စား ရတာကလည်း အပန်းဖြေနည်း တစ်မျိုးပဲ။ ကိုယ်စားချင်တဲ့ ကား ဘယ်နေရာရောက်ပြီလဲဆိုတာ ကြည့်ပြီး သွားကြတာပါပဲ’’ ဟု လော့စ်အန် ဂျလိစ်မြို့တွင် အလုပ် လုပ်ကိုင်နေသည့် ဓာတုအင်ဂျင်နီ ယာ ကိုထွန်းတင်က ပြောသည်။

အားကစားပွဲများ၊ ပျော်ပွဲ ရွှင်ပွဲများတွင်လည်း ယင်းကား များက သယ်ဆောင်လာသည့် အ စားအသောက် များကြောင့် ပွဲဈေး တန်းလေး လွယ်လွယ်ကူကူဖြစ် သွားသလို စနေ၊ တနင်္ဂနွေလို အားလပ်ရက်မျိုးတွင် မိသားစု အ ပန်းဖြေပွဲရှာသူများကို ကားစား သောက်ဆိုင် (သို့မဟုတ်) မိုဘိုင်း စားသောက်ဆိုင်များက မိုဘိုင်း ဖုန်းပေါ်မှ အစားမျိုးစုံဖြင့် ဖိတ် ခေါ်နေတော့သည်။ အင်တာနက် အထောက်အကူဖြင့် အောင်မြင် သည့် မိုဘိုင်းလုပ်ငန်းများထဲက တစ်ခုဟုပင် ဆိုရပါမည်။

ခင်မေဇော်(ဝါရှင်တန်ဒီစီ) | 7day