အမေရိကန်နိုင်ငံ အာကန်ဆတ်ပြည်နယ်မှ အသက် ၃၂ နှစ်အရွယ် ဆရာ မတစ်ဦးသည် ခြောက်တန်းကျောင်း သား အသက် ၁၃ နှစ်အရွယ် ၎င်း၏ တပည့်ဖြစ်သူနှင့် အတူအိပ်ခဲ့သောကြောင့် တရားစွဲဆိုခံထားရသည်။

ဆရာမ မာရီဖေ့သ်မက်ကောမစ်၏ အပေါ်ပိုင်းဗလာကျင်းကာ ရိုက်ထား သည့်ဓာတ်ပုံအား ကျောင်းသားဖြစ်သူ၏ လက်ကိုင်ဖုန်းအတွင်း အသက် ၁၂ နှစ်အရွယ် သူငယ်ချင်းအမျိုးသမီးငယ်တစ်ဦးက တွေ့ရှိခဲ့ရာမှ ယခုအ မှုပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်။

ကလေးတစ်ဦးမိခင်ဖြစ်သူ မက်ကောမစ်သည် လိင်ပိုင်းဆိုင်ရာ မြှူဆွယ် ထားသည့် စာသားများနှင့် ဓာတ်ပုံများ ကို အသက်မပြည့်သေး သူ ကျောင်းသားငယ်ထံ ပေးပို့ခဲ့သည်။

တရားရုံးထွက်ဆိုချက်များအရ အဆိုပါ ကျောင်းသားငယ်နှင့် သူ ငယ်ချင်းဖြစ်သူတို့သည် ဆရာမအိမ်သို့ ရုပ်ရှင်ကြည့်ရန် သွားခဲ့ကြ ပြီး သူငယ်ချင်းဖြစ် သူ ပြန်သွားချိန်တွင် ဆရာမက ကျန်ရစ်သည့်ေ ကျာင်းသားနှင့် အတူစတင်အိပ်ခဲ့ကာ ဇွန်လမှ သြဂုတ်လအထိ သုံး လကြာ ကာလအတွင်း နှစ်ဦးသဘော တူလိင်ဆက်ဆံမှု နှစ်ကြိမ် ထက်မနည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခြားမျက်မြင်သက်သေတစ်ဦး၏ ထွက်ဆိုချက်အရ ဆရာမ သည် ကျောင်းသား၏ ဖုန်းအတွင်းမှ ဓာတ်ပုံတစ်ပုံတွင် ဆံပင် များရေစိုနေကာ ရင်သား များကိုပြထားသည့် ပုံကိုလည်း ပေးပို့ ထားပြီး “ငါ သန့်ပြန့်သွားပြီ” ဆိုသည့် စာကိုလည်း ထည့်သွင်းပေး ပို့ခဲ့သည်။

မက်ကောမစ်၏ ဖေ့စ်ဘွတ်တွင် ရေးသားထားသည့် အချက်အ လက်များအရ သူမ တွင်ခင်ပွန်းနှင့်က လေးတစ်ဦးရှိပြီး သူမ၏ ဖခင်မှာလည်း အဆို ပါပြည်နယ်အတွင်း မှ ကျောင်းဆရာတစ်ဦးဖြစ်ကြောင်း သိရသည်။

ပြဿနာစတင်ပေါ်ပေါက်သည့် ညတွင် သူမအား ဘန်တွန်ကောင်တီ အချုပ်ထောင်အတွင်း တစ်ညထား ပြီးနောက် အာမခံ ဒေါ်လာ ၅၀၀၀၀ ဖြင့် လွှတ်ပေးထားသည်။ သူမအား လစာဖြင့် အလုပ်တာဝန်မှ ရပ်ဆိုင်း ထားကြောင်း ကျောင်းအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အာကန်ဆတ်ပြည်နယ် ဥပဒေအရ အသက်မပြည့်သေးသူ ကလေးတစ်ဦးနှင့် လိင်ဆက်ဆံခြင်းသည် မုဒိမ်းမှုမြောက်ကြောင်း သိရသည်။ မက်ကော မက်၏အမှုအား စက်တင်ဘာလတွင် နောက်တစ်ကြိမ် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

mizzima