မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ်ရှိ တောင်ပြုံး ဆုတောင်းပြည့်၊ ဆုတောင်းရ မြတ်စွာဘုရား ပွဲ တော်နှင့် တောင်ပြုံး အရှင်နှစ်ပါး ပွဲတော်ကိုဩဂုတ် ၃ ရက်မှ စတင်၍ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပ လျက် ရှိကြောင်း သိရသည်။

တောင်းပြုံးပွဲတော်ကြီးကို မြန်မာပြည်အနှံ့ အပြားမှ ပြည် သူများ ရည်ရွယ်ချက် အမျိုးမျိုးဖြင့် လာရောက် ကြသဖြင့် အထက်မြန်မာပြည်တွင် အစည်ကားဆုံး ပွဲတော်ဖြစ် သည်နှင့်အညီ ဒေသထွက်လူသုံးကုန်နှင့် စားသောက် ကုန်ပစ္စည်း များ ရောင်းချကြမည့်ဆိုင်ခန်းများနှင့်အတူ ဖျော်ဖြေရေးဇာတ်ရုံကြီးများကလည်း အားဖြည့်ဝန်းရံထား သဖြင့် နှစ်စဉ်တိုးမပေါက်လောက်အောင် စည်ကားလျက်ရှိသော ပွဲတော်ကြီးဖြစ်သည်။

“တောင်ပြုံးပွဲကို မန္တလေးမြို့သစ်ကနေ လာရောက်ဈေးရောင်း တာပါ။ အမဲအူပြုတ်နှင့် အသုပ်စုံရောင်း တယ်။

ပွဲတော်မစခင်ကတည်းကစည်ကားနေတာ၊ ပွဲတော်ပြီးသွားတဲ့ရက်တောင် လူက မပြတ်သေးဘူး။ဈေး လည်း ရောင်းကောင်းတယ်၊ပျော်လည်းပျော်ပါတယ်” ဟု ဈေးရောင်းချသူ တစ်ဦးက ပြောသည်။နတ် ကတော် တစ်ဦး ကလည်း “ဒီနှစ်က ဆိုင်ခန်းခတွေ ဈေးတက်သွားတဲ့အတွက် အခက်အခဲတော့ဖြစ် သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပွဲတော်ကြီးကို အစဉ်အလာ မပျက် မရောက်ရောက်အောင် လာရတယ် “ ဟု ပြောကြားသည်။

အဆိုပါတောင်ပြုံးပွဲတော်ကြီးကိုနှစ်ပေါင်းကြာမြင့်စွာ နှစ်စဉ်ကျင်းပလာခဲ့သော်လည်း ပွဲတော်သို့သွားလာ သည့် လမ်းများမှာ ကောင်းမွန်မှုမရှိသောကြောင့် အခက်အခဲ များစွာဖြင့်သွားလာနေရကြောင်းနှင့် မင်းနှစ်ပါး ပွဲတော်ကို ဩဂုတ် ၃ ရက်မှ ၈ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)
MOI Webportal Myanmar