မြန်မာနိုင်ငံအနေနဲ့ ၂၀၁၆ ခုနှစ်အလွန်ရောက်မှသာ သင့်တော်ရာ နှစ်တနှစ်ကို သတ်မှတ်ပြီး ခရီးသွားနှစ် အဖြစ်သတ်မှတ်အကောင်အထည် ဖော်နိုင်မယ်၊ အခု အစိုးရလက်ထက်မှာတော့ အကောင်အထည်ဖော်ဖို့ မရှိသေးဘူးလို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာတင်ရွှေက ပြော ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တပ်မတော်သားအမတ် ဗိုလ် မှူး အောင်ကျော်နှင်းက မြန်မာနိုင်ငံအနေနဲ့ ခရီးသွားနှစ် ဘယ်တော့ လုပ်မလဲဆိုတဲ့ မေးခွန်းကို သူက ခုလို
ဖြေလိုက်တာပါ။

မြန်မာနိုင်ငံဟာ ၁၉၉၆ ခုနှစ်တုန်းက ခရီးသွားနှစ်အဖြစ် သတ်မှတ် အကောင်အထည် ဖော်ခဲ့ပေမယ့် အ တိုက်အခံတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှု၊ အနောက်နိုင်ငံအစိုးရရဲ့ အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုနဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုမှတ်တမ်းတွေကြောင့် အောင်မြင်မှု မရခဲ့ပါဘူး။

DVB