ထိုင်း-မြန်မာ ချစ်ကြည်ရေး အဆိုအကပြိုင်ပွဲတရပ်ကို ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်မှာ ၃ ရက်တိုင် ကျင်း ပပြုလုပ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ သကွာပါမြို့နယ်၊ ၀ပ်ရန်ရောင် ဘုန်းကြီးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့တာ
ဖြစ်ပြီး မြန်မာကျောင်းသားကျောင်းသူတွေလည်း အဆိုအကပြိုင်ပွဲမှာ ၀င်ရောက်သီဆို ကပြဖျော်ဖြေခဲ့ကြ တယ်လို့ ထိုင်းတောင်ပိုင်း ပညာရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဒေါ်အိအိချောက ပြောပါတယ်။

“အဲဒီဘုန်းကြီးကျောင်းမှာ နှစ်စဉ်နှစ်တိုင်း ကထိန်ပွဲအတွက်ဆိုပြီး ၇ ရက် တပတ် ပွဲတော်လုပ်ပေးတာပေါ့။ အဲဒီမှာ မြန်မာတွေအတွက် ပွဲစဉ်တခုပေးတယ်။ ထိုင်း-မြန်မာချစ်ကြည်ရေး ခေါင်းစဉ်တပ်ပြီး ပေးတယ်။ ပွဲတွေက နှစ်တိုင်းမတူကြဘူး။ တခါတလေလည်း မြန်မာလှယဉ်ကျေးမယ်ပြိုင်ပွဲ။ ဒီနှစ်ကျတော့ ကာရာအို
ကေပြိုင်ပွဲ လုပ်တယ်။

၃ ရက်တာ ကာလ ကာရာအိုကေပြိုင်ပွဲမှာ ပန်းကုံးတွေ ရောင်းတော့ ပိုက်ဆံတွေရတယ်။ ဘုန်းကြီးကျောင်း ကို ရန်ပုံငွေအဖြစ် ပြန်လှူတယ်။ အကကျတော့ ထိုင်းနိုင်ငံ ဖန်ငခရိုင်ထဲက ထိုင်းကျောင်းနဲ့မြန်မာကျောင်းက ကလေးတွေ ပျောက်ပွဲအနေနဲ့ပဲ ပါဝင်တယ်။ တကျောင်းကို အကတဖွဲ့၊ နှစ်ဖွဲ့ပို့ပြီး ဖျော်ဖြေကြတာပေါ့။”

ထိုင်း-မြန်မာချစ်ကြည်ရေး အဆိုအကပြိုင်ပွဲကို တန်ဆောင်တိုင်ကာလမှာ နှစ်တိုင်းပြုလုပ်တာလို့ ဆိုပါ တယ်။

ထိုင်းတောင်ပိုင်းမှာ ဒီလို ထိုင်း-မြန်မာ ချစ်ကြည်ရေးပွဲတွေ ကျင်းပရုံတင်မကဘဲ ထိုင်း-မြန်မာ လူထုအကျိုး
ပြုလုပ်ငန်းတွေ အတူတကွ လုပ်ဆောင်ကြတာလည်း ရှိတယ်လို့ ဒေါ်အိအိချောက ဆက်ပြောပါတယ်။

“ထိုင်း-မြန်မာချစ်ကြည်ရေးပွဲက ပျော်ပွဲရွှင်ပွဲသက်သက်ပဲ လုပ်တာမဟုတ်ပါဘူး။ ထိုင်းတောင်ပိုင်းမှာ သူ တို့နေတဲ့ ရပ်ကွက်တွေထဲမှာလည်း ထိုင်း-မြန်မာပူးပေါင်းပြီး လူထုအကျိုးပြုလုပ်တာမျိုးတွေလည်း ရှိပါ တယ်။ ကျမတို့နေတဲ့ပတ်ဝန်းကျင်မှာ ပြောရမယ်ဆိုရင် ထိုင်းနဲ့မြန်မာခွဲခြားမှု တချို့အခက်အခဲတွေတော့ ရှိပါတယ်။ ဒါပေမယ့် တဦးနဲ့တဦး အတတ်နိုင်ဆုံး နားလည်မှုတွေပေးတာမျိုး၊ သူ့ရဲ့ ယဉ်ကျေးမှုကို ကိုယ်က လိုက်ပြီး လေးစားတာ၊ သူတို့လူနေမှုဘ၀ကို သူတို့နေထိုင်သလို ကိုယ်က လိုက်နေပေးနိုင်ရင် ပြဿ သိပ်မ ရှိပါဘူး။”

ထိုင်း-မြန်မာချစ်ကြည်ရေး အဆိုအကပြိုင်ပွဲကို အောက်တိုဘာ ၁၆ ရက်ကနေ ၁၈ ရက်ထိ ကျင်းပပြုလုပ် ခဲ့ကြတာ ဖြစ်ပါတယ်။

DVB