တေးသံရှင် ရဲရင့်အောင်၏ ပထမဦးဆုံးပွဲဦး ထွက်တစ်ကိုယ်တော်တေးစီးရီးခွေ ဖြစ်သည့် ”သဝေထိုးခကွေး ယပင့်”Audio CD အခွေအား ဒီဇင်ဘာ ၂၅ရက်နေ့တွင် စတင်ဖြန့်ချိမည်ဖြစ် ရာ အဆိုပါတေးစီးရီးခွေနှင့် ပတ်သက် ၍ တေးသံရှင်ရဲရင့်အောင်က ..

”ကျွန်တော့်ရဲ့ပထမဦးဆုံး တစ်ကိုယ်တော်တေးစီးရီးကို နာမည် ပေးဖြစ်ပုံက ဒီအခွေထဲမှာ’ချေ’ ဆိုတဲ့ သီ ချင်းတစ်ပုဒ်ပါတယ်။ အဲဒီ သီချင်း လေးက ကျွန်တော်အရမ်းကြိုက်တဲ့ အတွက်အဲဒီနာမည်ပေးဖို့ကို စဉ်းစား
ဖြစ်ခဲ့တယ်။ ဒါပေမဲ့လဲ မြန်မာဆန် တဲ့နာမည်ပေးချင်တဲ့အတွက် သီချင်း နာမည်’ချေ’ကိုပဲ စာလုံးပေါင်းပြီး
တော့စီးရီးခေါင်းစဉ်အဖြစ်နဲ့ ပေးဖြစ် တာပါ။ ဒီသီချင်းခွေထဲမှာ သီချင်း တော်တော်များများက အရင်ခေတ် ပုံစံမြန်မာသံနည်းနည်းပါတယ်။ကျွန်တော့်အတွက်တော့ ပထမဦး ဆုံးတေးစီးရီးခွေဖြစ်တဲ့အတွက် စိန်
ခေါ်မှုတွေအများကြီးကို ရင်ဆိုင်ရပါ တယ်။

ဘယ်လိုတေးသီချင်းပုံစံမျိုး တွေပါလဲဆိုတော့ကျွန်တော့်ရဲ့ တေး သီချင်းအပုဒ်တိုင်းက ကျွန်တော်ရဲ့ ခံစား ချက်တွေပါပဲ။ ကျွန်တော် တ ကယ်အသည်းကွဲစဉ်က ခံစားခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကိုလဲ သီချင်း တစ် ပုဒ်အနေနဲ့ ဖန်တီးရေးသားသီဆို ထားပါတယ်။ ကျွန်တော့်ရဲ့သီချင်း တွေကို နားထောင်ပြီးတော့ ကျွန်တော် ရဲ့ဘဝ ဖြတ်သန်းခဲ့ရပုံတွေကို ပရိသတ် တွေမြင်ယောင်မိမှာပါ။ ဒီသီချင်း ခွေတစ်ခွေလုံးက ကျွန်တော့် ရဲ့ခံစား ချက်အမှန်တွေပဲဖြစ်တဲ့အတွက် သီ ချင်းအပုဒ်တိုင်းကိုသေချာလေးနား ထောင်စေချင်ပါတယ်။

တေးစီးရီး ခေါင်းစဉ်ဖြစ်တဲ့’ချေ’ သီချင်းကတော့ ကျွန်တော်အကြိုက်ဆုံးသီချင်းအပုဒ် တွေထဲက တစ်ပုဒ် အပါအဝင်ပါ။ကျွန်တော်ဒီ’သဝေထိုးခကွေးယပင့်’ အ ခွေမှာ ကိုလွှမ်းမိုးသီဆိုထားခဲ့တဲ့ သီချင်းတစ်ပုဒ် ကိုလည်း ကျွန် တော်ပြန်လည် ဆန်းသစ်ပြီးတော့ သီဆိုထားပါတယ်။ ကျွန်တော့်ဒီအ ခွေထဲမှာ ဂီတလော ကက ကျွန် တော်ရဲ့သူငယ်ချင်းတွေတော်တော် များများက ဝိုင်းဝန်းကူညီပေးခဲ့ကြ ပါတယ်။ အဲဒီအတွက် လည်း ကျွန် တော်ကျေးဇူးတင်ပါတယ်။ ကျွန်တော် ရဲ့ သီချင်းခွေလေးထွက်လာရင်လဲ ပရိသတ်တွေအနေ နဲ့အားပေးကြပါ ဦးလို့ ကျွန်တော်ပြောချင်ပါတယ်”

ဒီမိုကရေစီတူဒေး