ဒီဇင်ဘာ ၂၇ ရက်နေ့မှာကျင်းပမဲ့၂၀၁၃ အကယ်ဒမီနဲ့ပတ်သတ်ပြီး ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဖြစ်တဲ့ အကယ်ဒမီလူမင်းက သူကြိုးစားဆောင်ရွက်နေတဲ့ အပိုင်းတွေနဲ့ အကယ်ဒမီပေးပွဲကို အကောင်းဆုံး အဆန်းပြားဆုံးနဲ့ အမိုက်ဆုံးဖြစ်အောင် ဖန်တီးနေတယ်ဆိုတဲ့ အကြောင်းများနဲ့ လက်ရှိ သူ့အနုပညာ လှုပ်ရှားမှုများနဲ့ပတ်သတ်ပြီး အခုလိုပဲ ပြောပြလာပါတယ်။ “ကိုယ်တို့ အကယ်ဒမီနဲ့ ပတ်သတ်ပြီး MEP မှာလုပ်မယ်ဆိုတာ အတိအလင်းကြေညာပြီးပါပြီ။ ကြားထဲမှာ တစ်ခုက ဘာဖြစ်သွားလဲဆိုတော့ ကားပိတ် မှာကိုကြောက်လို့ တစ်ချက် စဉ်းစားဖို့ အကြံဥာဏ်ပေးကြတဲ့တွက် သို့လောသို့လော ဖြစ်သွားတာပါ။

MEP မှာပဲ လုပ်မှာပါပဲ။ အပြောင်းအလဲ မရှိပါဘူး။ ဒီအချိန်မှာမှ comfirm မဖြစ်ရင် ကိုယ်တို့လုပ်နေတဲ့ အလုပ်တွေအတွက် ကြန့်ကြာသွားပါလိမ့်မယ်။ နောက်တစ်ခုအနေနဲ့ကလဲ ပရိသတ်တွေဖက်က လက် မှတ် မရောင်းတဲ့တွက် သိပ်သဘောမကျကြဘူး။ အဲ့ဒါလေးကိုလဲကိုယ်သိပါတယ်။ ဒါပေမဲ့ ကိုယ်တို့ဖက် ကလဲ ဒီနှစ်က အပြောင်းအလဲလေးတစ်ခုလဲ လုပ်ထားတယ်။ လောကသားတွေကိုလဲ စုံစုံညီညီလေး ဖိတ် ကြားချင်တဲ့အတွက် နောက်ပြီး တင်ဆက်မှုအပိုင်းနဲ့ပတ်သတ်ပြီးတော့လဲ သေချာစီစဉ် တင်ဆက်ချင်ပါ တယ်။ အဲ့ဒါတွေကြောင့် ပရိသတ်ကို ကိုယ့်ဖက်ကနေ အနူးအညွတ် တောင်းပန်ချင်ပါတယ်”လို့ သူက
ပြောပါတယ်။

သူ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား၆ကားနဲ့ပတ်သတ်ပြီးတော့လည်း သူက “ကြယ်စင်မော်ကွန်းက လဲ ဒီဆန်ကာတင်မှာ ကိုယ့်ကားပါတဲ့အတွက် ကိုယ့်အနေနဲ့ရင်ခုန်ခွင့်၊ မျှော်လင့်ခွင့် ရှိပါတယ်။ အကယ်ဒ မီဆိုတာက ကိုယ့်တွက်ကတော့ အရမ်းတန်ဖိုးထားတယ်။ ဒီအနုပညာကိုလဲတန်ဖိုးထားသလို ဒီအကယ်ဒမီ ကိုလဲအရမ်းတန်ဖိုးထားတယ်။ အနုပညာကိုလဲ အရမ်းတန်ဖိုးထားတယ်။ ဟိုးအရင်တုန်းက စစ်အစိုးရ ကပေးခဲ့တာ ပဲဖြစ်ဖြစ် ဘယ်လိုနည်းနဲ့ ပေးခဲ့တာပဲဖြစ်ဖြစ် ရတဲ့လူဟာ ဒီလောကရဲ့သမိုင်းဝင်သွားတဲ့သူ ချည်းပဲ။ ဘာပဲဖြစ်ဖြစ် အကယ်ဒမီကို ကိုယ်ကတော့ မက်မောတယ်။ နှစ်တိုင်းလိုချင်လားမေးရင် လိုချင် တယ်။

ဒီနှစ်လဲလိုချင်လားမေးရင် လိုချင်တယ်။ မျှော်လင့်လားမေးရင် မျှော်လင့်တယ်။ မရတာကတော့ကံပေါ့။ ကိုယ်ကတော့ အဲ့လိုပဲကိုယ့်စိတ်ကို ပိုင်းဖြတ်ထားပါတယ်။ အကယ်လို့ကြယ်စင်မော်ကွန်းနဲ့ကိုယ်ရခဲ့ ရင်တောင် အပြည့်အ၀ ကိုယ်ပျော်နိုင်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒီနှစ်က အစည်းအရုံးကလဲ ဦးဆောင်ပြီးကျင်းပတဲ့ပွဲ။ ကိုယ်ကလဲ ဥက္ကဋ္ဌ ဒီပွဲကိုလဲ ကိုယ်ပဲဦးဆောင်ပြီး စီစဉ်တယ်။ နောက်ကိုယ်လဲရ တယ်ဆို ပြောချင်တဲ့သူတွေက ပိုပြောမှာပေါ့။ အဲ့ဒီတော့ ကိုယ့်ရဲ့ပျော်ရွှင်မှုကို ထိခိုက်မှုတော့ ရှိနိုင်ပါ တယ်”တဲ့။

ခင်ဆွေသက် | Trend Myanmar