ပြီးခဲ့သည့်နှစ်က စတင် ကျင်းပခဲ့သော မယ်ကမ္ဘာမြန်မာ အလှမယ်ရွေး ချယ်ပွဲကို ဆက် လက်ပြုလုပ်မည်ဖြစ် ပြီး ဆန်ခါတင်အလှမယ်ရွေးချယ်ပွဲကို ဧပြီ အတွင်း ပြုလုပ်မည်ဟု Forever Bec-Tro Country မန်နေဂျာ ကိုစိုးသူရက ပြောသည်။

‘‘မတ်လကုန်မှာ ဖောင်တွေ စထုတ်လို့ရပါမယ်။ ဒီနှစ်က မန္တလေးနဲ့ တောင်ကြီးဘက်က လျှောက်ချင်တဲ့ သူတွေအတွက် ဖောင်တွေ ပို့ပေးဖို့ အစီအစဉ်ရှိ တယ်’’ဟု ၎င်းကပြောသည်။

လျှောက်လွှာတင်လိုသူများ အနေဖြင့် ဧပြီ ၂၄ ရက်မှ ၂၈ ရက်အထိ လေး ရက်အတွင်း Myanmar Event Park တွင် ကိုယ်တိုင်လာရောက်လျှောက် ထားရမည်ဟု မယ်ကမ္ဘာမြန်မာ၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာ မျက်နှာ ၌ ဖော်ပြထားသည်။

၂၀၁၄ က ပြုလုပ်ခဲ့သည့် ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စား ပြုအလှ မယ် အနေဖြင့် အိပ်မက် ဆုံရာအစီအစဉ် မှ ၀ိုင်းလေး ဆုရခဲ့သောကြောင့် ယင်း ပြိုင်ပွဲအပေါ် ဝေဖန်မှုများရှိခဲ့သည်။

‘‘ပြီးခဲ့တဲ့နှစ်က ပြိုင်ပွဲမှာ လည်း ဒိုင်တွေရဲ့ အဆုံးအဖြတ်နဲ့ ပဲ ရွေးချယ် ခဲ့ တာပါ။ ဒါပေမဲ့ ဒီနှစ်မှာတော့ အ သစ်တွေထဲက လိုချင်ပါတယ်။ New Talent ရှိ တဲ့ လူတွေ ပိုပြီးလိုချင်တယ်’’ဟု ကိုစိုးသူရကပြောသည်။

ဆန်ခါတင်အလှမယ်ရွေး ချယ်ခြင်းကို ဧပြီလကုန်တွင် ပြုလုပ်မည်ဖြစ်ပြီး နောက်ဆုံးပြိုင်ပွဲကို ဇူလိုင် ၁၁ ရက်တွင် ကျင်းပမည်ဟု ကိုစိုးသူရ ကပြော သည်။

‘‘မယ်ကမ္ဘာပြိုင်ပွဲကြီးက တော့ စက်တင်ဘာလောက်မှာ လုပ်မယ်လို့ သိရပါ တယ်။ နေရာ ကတော့ အရင် က ဘာလီမှာလုပ် မယ်ဆိုပြီး ပွဲတစ်ပွဲနဲ့ တိုက် နေတာ ကြောင့် နေရာအပြောင်းအလဲရှိ မယ်လို့ ပြောတယ်’’ ဟု ၎င်းက ပြောသည်။

ထို့အပြင် နိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ရွေးချယ်ခံရသူ ကို မစ္စတာ ဘရိုင်ယန်က အနီး ကပ်သင်ကြား မှုများပြုလုပ်ပေး မည်ဖြစ်သကဲ့သို့ မယ်ကမ္ဘာမြန်မာ ၂၀၁၄ ဆုရှင် ၀ိုင်းလေးကလည်း အနီးကပ်သင်ကြား မှုများပြုလုပ် ပေးမည်ဟု ကိုစိုးသူရကပြော သည်။

7day