မကြာမီကျင်းပတော့ မည့် မန္တလေးသင်္ကြန်ပွဲတော်တွင် ပုဂ္ဂလိကနှင့် ကုမ္ပဏီအဖွဲ့အစည်းများ အား အလှပြ ယာဉ်ဖြင့် မြို့ တွင်းလှည့်လည်ဖျော်ဖြေခွင့်ပြု ထားသော်လည်း ဖျော်ဖြေလိုသူ နည်းပါးနေကြောင်း သတင်း ရရှိသည်။


ဖျော်ဖြေလိုသူများသည် မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီသို့ လာရောက် ဆက်သွယ်ရန် အသိပေးထား သော်လည်း ဂီတအဖွဲ့တစ်ဖွဲ့ တည်းသာ လာရောက်တင်ပြထား ကြောင်း အခွန်ဌာနခွဲမှူး ဦးစိုးလင်းက ပြောသည်။

‘‘စုံစမ်းရုံပါပဲ။ ထွက်မယ်၊ မထွက်ဘူးသေသေချာချာတော့ မပြောသေးဘူး။ တစ်ဦးပဲရှိသေးတယ်’’ ဟု ဌာန ခွဲမှူးကပြောသည်။

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ ကျုံးနံ ဘေးအပြင် မန္တလေးမြို့တွင်း၌ပါ စည်ကားစေရန် ပုဂ္ဂလိက နှင့် ကုမ္ပဏီများကို အလှပြယာဉ်များ၊ အလှပြမဏ္ဍပ်များ တည်ဆောက်ရန် ခေါ်ယူတွေ့ဆုံကာ စည်းရုံးနေကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။

ထို့ကြောင့် ယခုနှစ်တွင် မြို့ တွင်း ၃၅ လမ်း၌ အလှပြမဏ္ဍပ် တစ်ခုဆောက်လုပ်မည့် ဟိုတယ် ဒင်္ဂါး အထွေထွေမန်နေဂျာ ကိုလတ်က ‘‘မြို့တော်စည်ပင်က လည်း ပြောထားတဲ့အတွက် ကျုံး ဘေးမှာပဲ စည်ကားနေတာမျိုး မဖြစ်ရအောင် မြို့ထဲမှာဆောက် တာပါ။ ညစဉ်ယိမ်းတွေ၊ မြန်မာ အကတွေနဲ့ ဖျော်ဖြေသွားမယ်’’ဟု ပြောကြားသည်။

ဖျော်ဖြေရေးအလှပြယာဉ် များအပြင် သံချပ်အဖွဲ့ယာဉ်များ လည်း နည်းပါးနိုင်သည်ဟု သံချပ်အဖွဲ့အချို့က ပြောသည်။ ‘‘ကျွန်တော်တို့လည်း ဒီနှစ်မထွက် ဘူး။ ဘာကြောင့်မှတော့ မဟုတ် ပါဘူး။ သံချပ်အဖွဲ့တွေ အရင်နှစ် တွေထက်စာရင်တော့ နည်းသွား နိုင်တယ်’’ဟု တော်ရိလျော်ရိသံ ချပ်အဖွဲ့မှ ကိုသာဇော်က ပြော ကြားသည်။

ယခုနှစ် မန္တလေးသင်္ကြန်တွင် ကျုံးပတ်လည်၌ မဏ္ဍပ်များတည် ဆောက်မှုကို လျှော့ချထားပြီး လမ်း ၈၀ ၌ သုံးခု၊ ၂၆ လမ်းနှင့် ၆၆ လမ်းတွင် ဆယ်ခုစီ၊ မြို့တွင်း ရှစ်ခုနှင့် ကန်တော်ကြီး၌ ငါးခု ခွင့်ပြုထားကာ မဏ္ဍပ်တစ်ခုနှင့် တစ်ခု ယမန်နှစ်များထက် ခပ်ကျဲကျဲတည်ဆောက်ထားကြောင်း သတင်းရရှိသည်။

ညီညီဇော် – 7day