ကို့ယို့ကားယားနိုင်ပြီး ထူးခြားတဲ့စွဲလန်းရူးသွပ်မှုတွေရှိတဲ့ အမျိုးသမီးက နှစ်ရှည်လများ အချိန်အတော်ကြာစုဆောင်းလာခဲ့တဲ့ ကာတွန်းအရုပ်တွေနဲု့ယှဉ်ရင် စေ့စပ်ထားတဲ့အ မျိုးသားကိုတောင် စွန့်လွှတ်နိုင်ခဲ့လိုက်ပါတယ်။ အေပရယ်ဘက်ကာ အမည်ရယင်းအ မျိုးသမီးက ပေါင် ၁သိန်း၃သောင်းကျော်ကုန်ကျခဲ့ပြီးစုဆောင်းလာခဲ့တဲ့ ပုံစံမျိုးစုံအရုပ် ပေါင်းများစွာရှိပြီး အဲ့ဒီအရုပ်တွေနဲ့ပဲ နှစ်ပေါင်း ၃၀ နီးပါး အချိန်ကုန်ဖြတ်သန်းနေခဲ့တာ ကြောင့် ဘဝကြင်ဖော်ထက်တောင် ပိုပြီးချစ်ခင်တွယ်တာနေခဲ့တာပဲဖြစ်ပါတယ်။

အေပရယ်ရဲ့ အစွန်းရောက်တဲ့ စွဲလန်းမှုက လက်ထပ်ရမယ့် ချစ်သူရှိလာတဲ့ အချိန်ထိ အောင်ကိုပဲ ချစ်သူထက်အရုပ်တွေနဲ့ နေတဲ့အချိန်တွေကို ပိုပြီးဖန်တီးဖို့ စိတ်အားထက် သန်ခဲ့ပါတယ်။ ထို့အတွက် ချစ်သူနဲ့ အဆင်မပြေ ကတောက်ကဆအကြိမ်ကြိမ်ဖြစ်ခဲ့ ကာနောက်ဆုံးပြတ်စဲဖို့အထိကိုရောက်ရှိလာခဲ့ပြီး သူမဘက်ကစတင်ပြတ်ပြတ်သား သား စွန့်လွှတ်ခဲ့လိုက်တာပဲဖြစ်ပါတယ်။

အချိန်ပိုင်းအဆိုတော်၊ မော်ဒယ်ပရိုမိုတာ၊ စာရေးဆရာမ စတဲ့ အလုပ်အကိုင်မျိုးစုံကို အားချိန်မလပ်လောက်အောင်ကို လုပ်ကိုင်နေတဲ့သူမက သူမချစ်တဲ့ အရုပ်ကလေးတွေ အတွက်သာ အချိန်ပေးနိုင်တာဖြစ်ကာ ချစ်သူအတွက် အချိန်ပေးနိုင်တော့တာကြောင့် ဖြစ်တယ်လို့ သူမကဆိုထားပါတယ်။

ဖိုးသူတော်