အမေရိကန် ခရီးသွားအဖိုးကြီးတစ်ယောက် ပြင်သစ်လေဆိပ်ကို ဆိုက်ရောက်လာတယ်။
လူဝင်မှုကြီးကြပ်ရေး အရာရှိက ပတ်စ်ပို့ပြဖို့ သူ့ကို တောင်းဆိုတယ်။
အဖိုးကြီးက ဟိုအိတ်နှိုက် ဒီအိတ်နှိုက်နဲ့ တော်တော်နဲ့ မတွေ့ဘူး ဖြစ်နေတယ်။
စိတ်မရှည်တော့တဲ့ အရာရှိက ပြောတယ်… ….
“လူကြီးမင်း… ဒီ ပြင်သစ်ကို အရင်က ရောက်ဖူးလား”
“ရောက်ဖူးတယ်…”
“ရောက်ဖူးရဲ့သားနဲ့များ ပြင်သစ်လေဆိပ်ရောက်ရင် ပတ်စ်ပို့ အဆင်သင့်ဖြစ်နေရမယ်ဆိုတာ မသိဘူးလားဗျ”
“မသိဘူးကွ၊ အရင်တစ်ခေါက်တုန်းက ပတ်စ်ပို့မှ မပြရတာ”
“မဖြစ်နိုင်တာဗျာ… ဘယ် အမေရိကန်မဆို ပြင်သစ်ရောက်ရင် ပတ်စ်ပို့ပြရတာပဲ”
“ဟာ… အဲဒီတုန်းက ပတ်စ်ပို့စစ်မယ့် ဘယ်ပြင်သစ်တစ်ကောင်မှ မရှိဘူးကွ”
“တကယ်? ပြောစမ်းပါအုံး … ဘယ်တုန်းကလည်း? ဘယ်နေရာမှာလည်း? ဘာလာလုပ်တာလဲ?”
… ဆိုတော့ အဖိုးကြီးက အဲဒီအရာရှိကို စေ့စေ့ကြည့်ပြီး တစ်လုံးခြင်း ပြောတယ်… ….
“၁၉၄၄ ဇွန်လ ၆ ရက်နေ့၊ ပြင်သစ်ပြည် နော်မန်ဒီကမ်းခြေကို ငါတို့ ကမ်းတက် တိုက်ခဲ့တုန်းက”
“ငင်…”

သန်၎ကို