လူတွေဟာ မိမိနေထိုင်ရာ အိမ်ကို အမျိုးမျိုး စိတ်ကူးပုံထုတ်ပြီး တည်ဆောက်ကြရာမှာ တချို့ကလည်း သေးငယ်တဲ့အိမ်လေး ကို နှစ်သက်သဘောကျသလို တချို့လည်း ဆန်းပြားကြီးကျယ်တဲ့ အိမ်ကို သဘောကျ ကြပါတယ်၊ ဒါကြောင့်လည်း ကမ္ဘာပေါ်ကထူးခြားဆန်းပြားစွာ တည်ဆောက်ထားတဲ့ အိမ်တွေကို ဓာတ်ပုံသတင်းအဖြစ် တင်ပြလိုက်ပါတယ်။

၁။ လက်ဘနွန် နိုင်ငံ မြောက်ပိုင်းက Miziara ကျေးရွာမှာ တည်ဆောက်ထားတဲ့ Airbus A380 ပုံစံ အိမ်တလုံး
၂။ လက်ဘနွန် အရှေ့ပိုင်း Baalbekမှာ တည်ဆောက်နေတဲ့ ဂရိဘုရားကျောင်းပုံစံအိမ်
၃။ လက်ဘနွန် နိုင်ငံ မြောက်ပိုင်းက Miziara ကျေးရွာမှာပဲ အီဂျစ်က ပိရမစ်ပုံစံတည်ဆောက်ထားတဲ့အိမ်
၎။ အမိုးမှာ ငါးမန်းရုပ်တင်ထားတဲ့ အင်္ဂလန်နိုင်ငံ အောက်စဖို့ ကအိမ်တလုံး
၅။ ပြင်သစ်နိုင်ငံ အရှေ့ပိုင်း စတြားဘော့ မြို့အနီးမှာ တွေ့ရသည့် အိမ်
၆။ စပိန်နိုင်ငံ အလယ်ပိုင်းမှာ တွေ့ရတဲ့ ဘူဂေးရီးယန်းတို့ နေထိုင်ရာအိမ်
၇။ မြောက်ပိုင်း မက္ကဆီကို ဆန်ဂျိုးစ်ဒီလက်စ်ပီဒက်စ် အရပ်တွင် တွေ့ရသည့်အိမ်
၈။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က ကွန်တိန်နာကို အိမ်ဆောက်နေသူများ
၉။ နိုင်ဂျီးရီးယား နိုင်ငံ အဘူဂျာမြို့က လေယာဉ်ပျံပုံစံအိမ်
၁၀။ ပြင်သစ်နိုင်ငံ တောင်ပိုင်း Le Pian Medoc အရပ်က သစ်ပင်အိမ်

ဧရာဝတီ | ဓာတ်ပုံ – Reuters