ရက်သတ္တပတ် ပေါင်းများစွာ ဖုံးကွယ်ထားပြီးတဲ့နောက်မှာ ရပ်ပါ Machine Gun Kelly က Amber Rose နဲ့ တွဲနေတယ်ဆိုတာကို ၀န်ခံလိုက်ပါပြီ။

သူတို့ ၂ယောက်ဟာ တွဲနေတာ ကြာခဲ့ပြီဖြစ်ပြီး လူသိရှင်ကြားထုတ်မပြောသေးတာပဲ ဖြစ်ပါတယ်။ AOL နဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ Cleveland မြို့သား ရပ်ပါ Kelly ဟာ ထို ကောလာဟလ တွေ နဲ့ ပတ်သက်ပြီး မှန်ကန် ပါသလားလို့ အမေးခံလိုက်ရပါတယ်။

ဒါကို Machine Gun Kelly က “ မင်းဘာကို မေးချင်တာလဲ။ Amber Rose အကြောင်းလား။ ဘာတွေဖြစ်နေလဲဆိုတာ မင်းတို့အားလုံးသိပါတယ်” လို့ Machine Gun Kelly က ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကအထိ Machine Gun Kelly က သူ့ရဲ့ အချစ်ရေးကို ဖုံးကွယ်ထားပါသေးတယ်။

“အရာအားလုံးဟာ သဘာဝအတိုင်းပါပဲ။စကြာဝဋ္ဌာ ကြီးက သင်လျှောက်နေတဲ့လမ်းမှာ တစ်ခုခု ဖြစ်လာစေချင်တဲ့အခါမျိုးမှာ ၊ ငါလည်း အခြား လူတွေလိုပါပဲ။ ပြန်မတိုက်ခိုက်တတ်ပါဘူး” လို့ နယူယော့ခ် ရေဒီယို ကို Machine Gun Kelly က ဆိုထားပါသေးတယ်။

ဒါ့အပြင် Amber Rose လို မိန်းကလေးတစ်ယောက်နဲ့တွဲရတဲ့အတွက် မီဒီယာတွေရဲ့ အာရုံစိုက်မှုကို သူဘယ်လို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတယ်ဆိုတာကိုလည်း Machine Gun Kelly က ရင်ဖွင့်ပြောပြပါသေးတယ်။

Amber Rose ဟာ အရင်တုန်းက Kanye West နဲ့ တွဲခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ Wiz Khalifa နဲ့ လက်ထပ်ခဲ့ပါတယ်။ သူတို့ ကွာရှင်းလိုက်တဲ့အခါမှာတော့ သူတို့၂ ယောက်မှာ ၂ နှစ်အရွယ် သားလေးတစ်ယောက်ရှိနေပါပြီ။

Trend Myanmar