Nokia ဆက်သွယ်ရေးကုမ္ပဏီ သူဌေးဟောင်း Stephen Elop ဟာ စီမံခန့်ခွဲရေးပြန်လည် ဖွဲ့စည်းရေး ကဏ္ဍတစ်ရပ်အဖြစ် “Microsoft” မှ နှုတ်ထွက်ရပါမယ်။ Finnish ကုမ္ပဏီရဲ့ လက်ကိုင်ဖုန်းစီးပွားရေးကို Microsoft ကုမ္ပဏီမှ ၀ယ်လိုက်တဲ့အချိန် ၂၀၁၄ ခုနှစ်က Mr. Elop ဟာ ဒီကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ ပါတယ်။

သူဟာ လက်ရှိသူဌေး Satya Nadella ကို မခန့်အပ်မီမှာ အဓိက အမူဆောင်အရာရှိအဖြစ် စဉ်းစားခံ ခဲ့ရပါတယ်။ ဒီပြောင်းလဲမှုတွေဟာ ခေတ်နဲ့အညီပြောင်းလဲမှုကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတဲ့ ကျွန်တော်တို့ ဖောက်သည်တွေအတွက် အရည်အသွေးကောင်းတဲ့ ထုတ်ကုန်နှင့် ၀န်ဆောင်မှုတွေ ဖြစ်လာနိုင်တယ်လို့ Mr. Nadella ကပြောကြားခဲ့ပါတယ်။

ပြောင်းလဲမှုတွေကို ၀န်ထမ်းများထံ အီးမေးလ်မှ ထုတ်ဖော်ပြောကြားခဲ့ပြီး အဲဒီထုတ်ဖော်ပြောကြားမှုတွင် Mr. Elop ထွက်သွားခြင်းကို ကိုယ်စားပြုတဲ့ “ခေါင်းဆောင်ဆုံးရှုံမှုအတွက် ၀မ်းနည်းကြေကွဲရပါတယ်လို့” Mr. Nadella ပြောကြားမှုလည်း ပါဝင်ပါတယ်။ Elop ဟာ ၂၀၁၀ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်မှာ အဓိက အမူဆောင်အရာရှိဖြစ်ခဲ့ပြီး အရင်က Microsoft မှာ အလုပ်လုပ်ကိုင်ခဲ့ဖူးပါတယ်။

အသစ်စက်စက်ဖွဲ့ စည်းထားတဲ့ Windows နဲ့ စက်ကိရိယာများအဖွဲ့မှာ Terry Myerson ကို ခေါင်းဆောင်အဖြစ် အစားထိုးသွားပါ မယ်။ အခြားအမူဆောင်အရာရှိနှစ်ဦးဖြစ်တဲ့ Kirill နှင့် Eric Rudderတို့သည်လည်း ကုမ္ပဏီမှ နှုတ်ထွက်သွားမယ်လို့ သိရပါတယ်။

Hsan Winn – Trend Myanmar