Office for National Statistics ရဲ့ နောက်ဆုံး အချက်အလက်တွေအရ လန်ဒန်မြို့ရဲ့ အဆင်းရဲဆုံးဒေသဟာ မြောက်အိုင်ယာလနိုင်ငံန်နဲ့ Wales တို့ရဲ့ အချမ်းသာဆုံးဒေသတွေထက် ပိုကြွယ်ဝ ချမ်းသာ ကြတယ်လို့ ဆိုပါတယ်။

Barking, Dagenham နဲ့ Havering ဒေသတွေမှာ လူတစ်ဦး တစ်ယောက်ဝင်ငွေ ပျှမ်းမျှ £16801 ပမာဏရှိပြီး ဒါဟာ လန်ဒန်မြို့ရှိ အချမ်းသာဆုံး ရပ်ကွက်ထက် နှစ်ဆခွဲထက် ပိုမိုလျော့နည်းပါတယ်။

Wales အနေနဲ့ Powys မြို့ဒေသခံတွေမှာ စားပြီးသောက်ပြီးနောက် သုံးစွဲနိုင်တဲ့ အမြင့်ဆုံးဝင်ငွေပမာဏ £16,667 ရရှိကြပါတယ်။

Outer Belfast မှာ အမြင့်ဆုံးဝင်ငွေ £15,208 ပမာဏရှိ နေတာကြောင့် မြောက်အိုင်ယာလန်နိုင်ငံမှာလည်း ဒီအတိုင်း ဆက်လက်ဖြစ်နေမယ့် ကိန်းရှိပါတယ်။

အချမ်းကြွယ်ဝဆုံးဒေသဖြစ်တဲ့ Westminster အိမ်ထောင်စုတွေမှာ £ 43,577 သုံးစွဲနိုင်တဲ့ ဝင်ငွေပမာဏ ရရှိကြတယ်လို့ ယင်းအချက်လက်အရ သိရပါတယ်။

Trend Myanmar