ဇူလိုင် ၁၄ ရက်က ဘရာဇီးမှာ တုန်လှုပ်ဖွယ်ရာ အဖြစ်အပျက်တစ်ခုဖြစ်ပွားပြီးတဲ့နောက်မှာတော့ အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ယောက်က ကလေးအမေအသစ်စက်စက်လေးတစ်ယောက် ဖြစ်လို့နေပါပြီ။
ဘရာဇီးနိုင်ငံ Belo Horizonte မြို့က သူမရဲ့ ကျောင်းမှာ ပုံမှန်ကျောင်းတက်ရက်တစ်ခုကနေ အစပြုခဲ့တဲ့ ဒီသတင်းဟာ ကမ္ဘာတစ်ဝန်း ဟိုးလေးတစ်ကျော်ကျော် ဖြစ်သွားစေခဲ့ပါတယ်။

သူမက အစပိုင်းမှာ သာမန်အစာအိမ်ရောင်နာဖြစ်တယ်လို့ပဲ ထင်ခဲ့ပေမဲ့ နာကျင်မှုက ပိုဆိုးလာတဲ့အခါမှာတော့ ဆရာမတွေက သူ့ကို ဆေးရုံပို့ဆောင်ခဲ့ပါတော့တယ်။ ဆရာဝန်တွေက သူမမှာ ကိုယ်ဝန် ခုနစ်လရှိပြီလို့ အတိအကျတွက်ပေးလိုက်ပြီး ကလေးကို လမစေ့မီပဲ မွေးဖွားခဲ့ရပါတော့တယ်။ 


ဒီဖြစ်ရပ်အတွက် ရဲတွေကတော့ သူမရဲ့အမေကို စစ်ဆေးမေးမြန်းတဲ့အခါ အသက် ၄၀ နှစ်ရှိ သူမရဲ့ ပထွေးက သူမရဲ့အမေနဲ့ သူမရဲ့ညီတို့ကိုပါ ခြိမ်းခြောက်ပြီး သူမကို မုဒိမ်းကျင့်ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ပထွေးဖြစ်သူကလည်း သူ့လုပ်ရပ်တွေအတွက် ၀န်ခံခဲ့တယ်လို့ သိရပါတယ်။

ဖိုးသူတော်