ယောဂကျင့်သူ အမျိုးသမီးဦးရေ ၁၀၀ ဟာ တရုတ်နိုင်ငံရဲ့ ဖောက်ထွင်းမြင်နိုင်တဲ့ မှန်သားအောက်ခံတံတားပေါ်မှာ ကျန်းမာရေးအသိအမြင်တိုးပွားလာဖို့ရည်ရွယ်ပြီး ယောဂကျင့်ခဲ့ကြတယ်လို့ သိရပါတယ်။

ရဲရင့်သူတို့ရဲ့တံတားလို့ ခေါ်ဝေါ်ကြတဲ့ အဲဒီမှန်တံတားဟာ ကမ္ဘာပေါ်မှာ မှန်နဲ့တည်ဆောက်ထားတဲ့ အရှည်ဆုံးတံတားဖြစ်ပြီး ၉၈၄ ပေရှည်ကာ ပေ ၅၉၀ အမြင့်မှာ တောင် ၂ လုံးကို ဆက်သွယ်ပေးထားတာပါ။

အဲဒီတံတားကိုဖြတ်ကူးသူအများစုဟာ မျက်စိမှိတ်ပြီးဖြတ်ကူးတာ၊ ဘေးလက်ကိုင်ကိုကိုင်ပြီး ကူးတာ၊ လေးဘက်ထောက်ကူးတာတွေရှိပေမယ့် ယောဂကျင့်သူအမျိုးသမီးတွေကတော့ အဲဒီတံတားပေါ်မှာ မကြောက်မရွံ့ ယောဂကျင့်ခဲ့ကြပါတယ်။

အခုလို ယောဂကျင့်တာဟာ ကျန်းမာပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်စေဖို့အတွက် တစ်ဖက်တစ်လမ်းက မြှင့်တင်ပေးတာလို့လည်း တရုတ်သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

ညီမင်းဟန်(ဆန္ဒကူး)