ဆာလောင်နေတဲ့ ကျားသစ်တစ်ကောင်ဟာ ခြုံတစ်ခုထဲက တစ်စုံတရာကို သတိပြုမိသွားပြီး ချဉ်းကပ်သွားပြီးနောက် သိပ်မကြာခင်မှာ အဲဒီခြုံထဲက အသံတွေထွက်လာပါတယ်။

ခဏအကြာမှာတော့ ကျားသစ်ပြန်ထွက်လာပေမယ့် ဝေဒနာများစွာနဲ့ဖြစ်ပြီး သူ့တစ်ကိုယ်လုံးအနှံ့မှာတော့ ဖြူဆူးတွေအပြည့်နဲ့ ဖြစ်နေခဲ့ပါတယ်။

အဲဒီကျားသစ်ဟာ ဖြူတစ်ကောင်ကပေးလိုက်တဲ့ ဒဏ်ရာအမှတ်တံဆိပ် ဆူးတွေကို ဖယ်ရှားဖို့အတွက် ၁ နာရီကျော် အချိန်ယူခဲ့ရပြီး ကံကောင်းလို့အသက်ရှင်ခဲ့တာဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကို တောင်အာဖရိကနိုင်ငံ၊ ကရူဂါဘေးမဲ့တောမှာ တိရစ္ဆာန်တွေကို ဓာတ်ပုံရိုက်နေတဲ့ ဟဲလ်ဂတ်ဒီဗီလီယာက တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့တာပါ။

ညီမင်းဟန်(ဆန္ဒကူး)