Google ကနေ ရောဂါလက္ခဏာတွေကို ရှာဖွေတတ်ကြတာက ဒီဘက်ခေတ် လူတွေရဲ့ အလုပ်တစ်ခုလို ဖြစ်နေပါပြီ။ ဒါပေမယ့် ဒါဟာ ကိုယ်လိုချင်တဲ့အဖြေထက် နောက်ထပ်မေးခွန်းတွေ တသီတသန်း ထပ်ရတတ်ပြီး ခေါင်းရှုပ်စေနိုင်ပါတယ်။

အခုအခါမှာတော့ သင့်မှာ အရေပြားကင်ဆာဖြစ်နိုင်ခြေကို ၈၃ ရာခိုင်နှုန်း တိကျအောင်ခန့် မှန်းပေးနိုင်မယ့် SkinVisionဆိုတဲ့ app ထွက်ပေါ်လာပါပြီ။ ဒီ app ဟာ ဓာတ်ပုံထဲက လူတစ်ယောက်ရဲ့မှဲ့ တွေကို ခန့် မှန်း တွက်ချက်ကာ အရေပြားကင်ဆာကို ဦးတည်နိုင်တဲ့ melanoma ခေါ် မှဲ့ ကင်ဆာ ဖြစ်နိုင်ခြေကို သိရှိနိုင်ပြီး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဒီ app ဟာ fractal geometry ခေါ် သရုပ်ခွဲဂျီသြမေတြီနည်းနဲ့ မှဲ့ တွေရဲ့ ကင်ဆာဖြစ်နိုင်ခြေကို ဆန်းစစ်မယ့် ကွန်ပြူတာ အယ်လဂိုရီသမ်စနစ်တစ်ခုကို အသုံးပြုထားတာဖြစ်ပါတယ်။ မှဲ့ တစ်ခုရဲ့ ကင်ဆာဖြစ်နိုင်ခြေကို ဓာတ်ပုံနဲ့ တကွဖော်ပြပေးမှာဖြစ်ပြီး နောက်ဆက်တွဲဆန်းစစ်ချက်တွေကိုလည်း ဆရာဝန်ကိုပြရာမှာ အထောက်အကူအဖြစ် ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ SkinVision ရဲ့ CEO ဖြစ်သူ Dick Uyttewaal က ဒီ app ဟာ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင် တစ်ယောက်ကိုအစားထိုးဖို့ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ အရေပြားပျက်စီးပွန်းပဲ့မှုတွေနဲ့ မှဲ့ တွေကို ပုံမှန်စစ်ဆေးပေးခြင်းက မှဲ့ ကင်ဆာနဲ့ အရေပြားကင်ဆာ တို့ ကို ကြိုတင်ကာကွယ်မှုပြုနိုင်သလို၊ ရောဂါကိုလည်း စောစီးစွာကြိုသိပြီး ကုသမှုခံယူနိုင်မှာဖြစ်ပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။ သြစတြေးလျနိုင်ငံမှာ အသက် ၇၀ ပြည့်လူကြီး ၃ ယောက်မှာ ၂ ယောက်ဟာ အရေပြားကင်ဆာရှိနေနိုင်ပြီး တစ်နှစ်ကို အရေပြားကင်ဆာအသစ်ဖြစ်ပွားမှုနှုန်းဟာ ၈၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

ye wint – Trend Myanmar