အတော်များများကတော့ ဒီပုံတွေကို အပြင်မှာ မြင်ဖူးကြမယ် ထင်ပါတယ်။သို့သော် လူတိုင်း အပေါ်စီးကနေ မြင်ဖူးချင်မှ မြင်ဖူးမှာပါ။ အထူးသဖြင့် ညဘက် မီးရောင် ထိန်ထိန်လင်းပြီး အပေါ်စီးကနေ မြင်ရတဲ့ အလှအပကတော့ မြင်ရသူအဖို့ တစ်မူထူးခြား လှပစေမယ်လို့ မျှော်လင့်ပါတယ်။

တစ်ချို့ပုံတွေဆိုရင် အပြင်မှာ မြင်ရတာမျိုး မဟုတ်ဘဲ ပုံထဲမှာ တစ်မူထူးခြားစွာ လှပနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ရန်ကုန်တစ်မြို့လုံးက လှပတဲ့ နေရာတွေ အကုန်တော့ မပါပေမယ့် အများစု ကြိုက်နှစ်သက်ကြတဲ့ နေရာတွေ ပါဝင်ပါတယ်။ ဓာတ်ပုံ တစ်ပုံနဲ့ တစ်ပုံ အလှအပတွေဟာ မတူညီကြပါဘူး။ ဒါကြောင့် တစ်ပုံခြင်းစီကို ကြည့်ရှုပြီး အလှအပတွေကို ရှုစားနိုင်ပါတယ်။

၎င်းဓာတ်ပုံတွေကိုတော့ ဓာတ်ပုံဝါသနာရှင် ဒေါက်တာနုမြတ်သိင်္ဂီဦးမှ ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)