လူတွေကအမေအကြောင်း
ခဏခဏပြောတယ်။
အဖေကိုမေ့ထားတတ်ကြတယ်။
အမေနို့ဖိုးရှိသလို….
အဖေချွေးဖိုးလဲ ရှိပါတယ်။

အမေကဗိုက်ထဲပြီး လွယ်ထားချိန်
အဖေကခေါင်းထဲထည့်ထားတယ်။
အမေဗိုက်ပူနေသလို
အဖေကခေါင်းပူနေမှာပါ။

အမေ့လိုမချောတတ်ပေမယ့်။
အဖေကချောက်တတ်တယ်လေ
လူကြီးတွေကငယ်ငယ်ကမေးရင်
အမေ့ကိုပိုချစ်တယ်ပဲပြောခဲ့ပေမယ့်
အဖေကပြုံးပဲနေပေးတယ်။

နားဝင်ချို စကားတွေ အဖေမပြော
တတ်လို့ သားမကြားဖူးပေမယ့်
သားသိနေပါတယ်…။
?”အဖေ..လည်း..အမေ့လိုပါပဲ”?

ko paing