ဖေ့စ်ဘွတ်ကနေ အသရေဖျက်နေတဲ့လူတွေကို သရုပ်ဆောင် မင်းမော်ကွန်းက တရားစွဲမယ်လို့ ဆိုပါတယ်။

Myanmar Express အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ မင်းမော်ကွန်းနဲ့ သမီးဖြစ်သူတို့ရဲ့ ပုံကို ဦးဝင်းထိန်ရဲ့ သမီးဖြစ်ပါတယ်ဆိုပြီး စွပ်စွဲရေးသားထားတာပါ။

ပုံပေါ်မှာ အခြားနာမည်တွေနဲ့ မဟုတ်မမှန် ရေးသားထားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာ

တကယ်တော့ အဲ့ဒီပုံဟာ မင်းမော်ကွန်းနဲ့ သမီးဖြစ်သူတို့ရဲ့ပုံပဲ ဖြစ်ပါတယ်။ မင်းမော်ကွန်းက သမီးဖြစ်သူကို ထွေးပွေ့ထားပြီး သမီးဖြစ်သူကလည်း ဖခင်ရဲ့ပါးကို နမ်းနေတာပါ။

မင်းမော်ကွန်းရဲ့ဖေ့စ်ဘွတ်မှာ တင်ခဲ့တဲ့ ပုံအမှန်

အဆိုပါဓာတ်ပုံဟာ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့သွားပြီး မင်းမော်ကွန်းရဲ့ ပရိသတ်တွေလည်း သူတို့သားအဖမှန်း သိကြလို့ ပေ့ခ်ျကို ဝေဖန် ပြစ်တင်နေကြပါတယ်။ မင်းမော်ကွန်းရဲ့ ဖေ့စ်ဘွတ်မှာတော့ ” တော်ရုံပဲ မိုက်ရိုင်းကြပါ၊ သားအဖကိုများဗျာ။ တရားစွဲလိုပါတယ်။ Myanmar express Admin ဘယ်သူလဲသိအောင် ကူညီကြပါလို့ ” ရေးသားထားပါတယ်။

မင်းမော်ကွန်းဟာ လက်ရှိအချိန်မှာ ဇနီးဖြစ်သူနဲ့အတူ သားနှစ်ဦး၊ သမီးတစ်ဦး ရှိပါတယ်။

Source & Photo : မင်းမော်ကွန်းဖေ့စ်ဘွတ်
Credit: Duwun