ဖတ်ဖူးသည့် ပုံပြင် တစ်ခုကို မျှဝေလိုပါသည်။ လူတစ်ယောက် ခရီးသွားနေတုန်း ရွာ နှစ်ရွာကို ဖြတ်ရတယ်။ တစ်ရွာ ကို ငရဲရွာလို့ အမည်ပေးပြီး နောက်ထစ်ရွာကို သုခရွာလို့ အမည်ပေးထား ပါတယ်။ ပထမဆုံး ငရဲရွာကို ရောက်တော့ လက်တွေ ၁၀ ပေမက ရှည်လျားတဲ့ လူတွေနဲ့ တွေ့ရပါတယ်။ အင်မတန် ရှည်လျားတဲ့ လက်တွေ့ကြောင့် အစားအသောက် စားလို့မရအောင် ခက်ခဲကြ ပါတယ်။

အစားစားဖို့အတွက် နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားကြပြီး တစ်ယောက်ကို တစ်ယောက် လုယက် နေကြ သတဲ့။ နောက်ထပ် တစ်ရွာ ဖြစ်တဲ့ သုခရွာကို ရောက်ရှိပါတယ်။ သူတို့တွေလည်း ၁၀မက ရှည်လျားတဲ့ လက်တွေ ပိုင်ဆိုင်တဲ့ သူတွေ ပါပဲ။ သို့ပေမယ့် ထူးခြားတာက သူတို့ဟာ အဖွဲ့လိုက် အတူတူ ဝိုင်းထိုင်ပြီး တစ်ယောက်ကို တစ်ယောက် အစားခွံ့ကျွေးကြ ပါတယ်တဲ့။

လုယက်စားသုံးမှု မရှိပဲ ကိုယ်တိုင် မစားရသည့်တိုင် အခြားသူတစ်ပါး စားရစေဆိုတဲ့ စေတနာနဲ့ တစ်ယောက်ကို တစ်ယောက် ကူညီဖေးမနေတာကို တွေ့ရပါတယ်။ အဲ့ဒီရွာကို ဒါကြောင့်မို့ သုခ ရွာလို့ ခေါ်သတဲ့။ လူ့ ငရဲ အရပ်၊ လူ့နိဗ္ဗာန် အရပ်ဆိုတာ ယင်းလူသားများကသာ ဖန်တီးခြင်း ဖြစ်ပါတယ်။

အတ္တကိုယ်ဆီနဲ့ တစ်ကိုယ်ကောင်းဆန်သူများ အတွက် ငရဲသာ နေ့တိုင်း ကြုံတွေ့ရမည် ဖြစ်ပြီး တစ်ဦးကိုယ်တစ်ဦး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ အစရှိသည့် ဗြမစိုရ် တရားများနဲ့ နေ့ထိုင်သည့် အရပ်က စင်စစ် လူ့နိဗ္ဗာန် အရပ် ဖြစ်ပါသည်။

ရိုးရာလေး