ထိုင်ဝမ်းက အမျိုးကောင်းသမီးတယောက် မြန်မာပြည်ရောက်တုန်းကတော့ လူဝတ်နဲ့ပါ။ ဖားအောက်မှာ သီလရှင်ဝတ်၍ ဈာန်သမာဓီကမ္မဋ္ဌာန်းတွေ အတိတ်ဘဝ အနာဂတ်ဘဝတွေကို ကျကျနနရှုနိုင်ပြီး ဝိပဿနာဥာဏ်ရင့်ကျက်တဲ့တနေ့ ဦးဇင်း သူ့ကိုမေးခွန်းလေးတခု မေးလိုက်

တယ် ။

“တကယ်လို့ ဒီဘဝကို အဆုံးသတ်အောင်မလုပ်နိုင်သေးဘူးဆိုရင် သင် ဘယ်ဘဝကို အလိုရှိပါသလဲဟုမေးရာ သူက

” အတိတ်ဘဝ အနာဂတ်ဘဝတွေကိုရှုနိုင်တော့ ဘဝဖြစ်ရမှာကို ငြိးငွေ့တယ် ကြောက်တယ် ဘဝဆိုဘယ်ဘဝမှမဖြစ်ချင်ဘူး ဒါပေမဲ့ အဆုံးသတ်အောင်မလုပ်နိုင်သေးဘူးဆိုရင် ဗြဟ္မာဘဝကိုဘဲ အလိုရှိပါတယ်” တဲ့ ။

ဘာကြောင့်လဲ ဗြဟ္မာတွေဟာ ဘဝတွေထဲမှာဒုက္ခနည်းပြီ ချမ်းသာများဆုံးဘဝပါ။ သူတို့မှာ နားအကြည် မျက်စီအကြည့်ပဲရှိတယ် တရားနာမယ်နား တရားစာဖတ်မယ်ဘုရားဖူးမယ်မျက်စီဘဲရှိပြီ ဗြဟ္မာတွေဟာ အင်မတန်သက်တန်ရှည်ပါတယ်။ဗြဟ္မာဘဝကိုတော့ သေခါးနီးချိန်ထိဈာန်မလျော့ဘူးဆိုမှဗြဟ္မာဘဝမှာသန္ဓေတည်နိုင်ပါတယ်၊ အခုတော့ ဒီသီလရှင်ဆရာလေးဟာ အေးချမ်းစွာ ထိုင်ဝမ်းမှာ ဆွမ်းခံစားနေတယ်လို့ကြားတယ်။ ထိုင်ဝမ်းဆိုတာက မဟာယနတွေများတဲ့နိုင်ငံဆိုတော့ ဆွမ်းခံစားတယ်ဆိုတာ သည်းခံမှုဓမ္မနဲ့ရှိမှာပါ။

ဒီလိုပဲ တရားကိုထိုထွင်းသိသွားပြီ အတိတ်ဘဝ အနာဂတ်ဘဝတွေကို ရှုတတ်တော့ ဘဝဖြစ်ရမှာကြောက်တယ် ကျနော်တို့ကတော့ မရှုတတ်တော့ ဘဝကိုတောင်းတကြတယ် ငြိးငွေ့စရာကောင်းတာ ဒုက္ခများတာမသိဘူး စိတ်ထဲမှာ အဝိဇ္ဇာ အစွဲတဏှာရှိနေတာကို။ ဒီအမျိုးကောင်းသမီးဆရာလေးလို့ ရှုနိုင်မှ ဘဝဆိုတာ ဟိုဘဝကနေ ဒီဘဝဒုက္ခစုံနဲ့ကျင်လည်နေရတာ
ငြိးငွေ့စရာကောင်းတာသိမယ်။

ဒါက ဖားအောက်က ဦးဇင်းဦးရေဝတာ ပြောပြတာ မှတ်မိသလောက်ပြောပြလိုက်တာပါ။

San Moe