တရုတ်, ​ချေးေ​ငွ​ဒေါ်လာ, မြန်​မာ

ယခင်အစိုးရလက် ထက်က တရုတ်နိုင်ငံမှ ချေးယူ ထားသည့် ချေးငွေဒေါ်လာ သန်း ၇၀၀ အနက် ထပ်ယူရန်ကျန်ရှိ သည့် သန်း ၃၀၀ ကို အစိုးရသစ် လက်ထက်တွင် ဆက်လက်ချေး ယူမည် မဟုတ်ကြောင်း သမဝါ ယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောသည်။
ယခင်အစိုးရလက်ထက်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအ တွက် တောင်သူများအား ချေး ပေးရန်ဆိုကာ ၂၀၁၃ တွင် လွှတ် တော်၏ အဆုံးအဖြတ်ဖြင့် တရုတ်နိုင်ငံမှ ဒေါ်လာ သန်း ၇၀၀ ချေး ငွေရယူရန် ဆုံးဖြတ်ထားသည်။

အဆိုပါ ဒေါ်လာ သန်း ၇၀၀ အနက် ၂၀၁၃ ၌ သန်း ၁၀၀၊ ၂၀၁၅ ၌ သန်း ၃၀၀ စုစုပေါင်း သန်း ၄၀၀ ရယူခဲ့ပြီးဖြစ်ကြောင်း ဩဂုတ် ၁၉ ရက်က ကျင်းပသည့် အစိုးရသစ် ရက်တစ်ရာဆောင် ရွက်ချက်များ သတင်းစာရှင်းလင်းပွဲတွင် ဦးမျိုးအောင်က ပြောကြားသည်။

‘‘ပထမ ဒေါ်လာ သန်း ၇၀၀ ကိုချေးမယ် လက်မှတ်ရေးထိုး ထားပေမယ့် အခု အစိုးရသစ် လက်ထက်မှာတော့ ကျန်တဲ့ဒေါ် လာသန်း ၃၀၀ ကို Cover ဖြစ် နေတဲ့အတွက် လောလောဆယ် အနေအထားမှာ China Exim ဘဏ်ကနေ ထပ်ပြီးချေးယူဖို့ အစီ အစဉ်မရှိသေးပါဘူး’’ဟု ၎င်းက ပြောသည်။

ချေးယူခဲ့သည့် ကန်ဒေါ်လာ သန်း ၄၀၀ ကို တောင်သူများအ တွက် တစ်လလျှင် ကျပ် ၁၀၀ လျှင် တစ်ကျပ်အတိုးနှုန်းဖြင့် ချေး ပေးခဲ့သည်ဟု ဆိုသည်။ တောင် သူများက ပြင်ပတွင် စိုက်ပျိုးရေး စရိတ်လိုအပ်၍ ချေးမည်ဆိုပါက ပစ္စည်းအပေါင်ထားရပြီး အတိုး နှုန်းရှစ်ကျပ်မှ ၁၀ ကျပ်အထိ ပေး ရ၍ တရုတ်ချေးငွေသည် တောင်သူများအတွက် များစွာအဆင်ပြေမှုရှိသည်ဟု ဦးမျိုးအောင်က ပြောသည်။

သို့သော်လည်း ကျန်ရှိသည့် ဒေါ်လာ သန်း ၃၀၀ ကို မယူတော့ သည့်အတွက် ပြဿနာ မရှိနိုင် ကြောင်း ဦးမျိုးအောင်က ဆို သည်။

‘‘စာချုပ်အရ လက်မှတ်ရေး ထိုးထားတာပေါ့နော်။ ထိုးထားတဲ့ ချေးငွေကို ယူမယ်ဆိုရင် ကျွန်တော်တို့က ကျန်တဲ့ သန်း ၃၀၀ ကိုခင်ဗျားတို့ ဘယ်နေရာမှာ သုံးမလဲ ဆိုပြီး ချေးငွေတစ်လုံးတည်း စာ ချုပ်ရတယ်။ တစ်လုံးတည်း စာချုပ်ချုပ်ရမယ့် လုပ်ငန်းစဉ်တွေ ရှိတဲ့အတွက် ဒီအတိုင်း သန်း ၃၀၀ကို မယူလည်း သူ(တရုတ်)နဲ့ ကျွန် တော်တို့မှာ ပြဿနာ မရှိပါဘူး’’ ဟု ဦးမျိုးအောင်က ပြောသည်။

7day