download (6)

တစ်စုံတစ်ယောက် လက်ထပ်ရန် စေ့စပ်တဲ့အခါ ဘေးလူတွေ လက်စွပ်ကို အလွန်စိတ်ဝင်စားကြပါတယ်။ ဒီလက်ထပ်လက်စွပ်မှ အမှတ်အသားပြုတာက…လက်ထပ်ထားပြီးဖြစ်ကြောင်း၊ ပိုင်ရှင်ရှိပြီဖြစ်ကြောင်း ဖော်ညွန်းပါတယ်။
ဒါပေမယ့် အချစ်ကို ဖော်ပြရန် နောက်နည်းလမ်းတစ်နည်းလမ်းတစ်ခု ရှိပါတယ်။ ဒါဟာ အမျိုးသမီးအများအပြား သူတို့လက်သန်းတွေမှာ လက်စွပ်စွပ်ထားတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။

အဲဒါက သူမကိုယ်သူမ ရွေးချယ်လိုက်ပြီလို့ အဓိပ္ပါယ်ရပါတယ်။ သူ့ကိုယ်သူ ဘယ်လောက်ချစ်ကြောင်း တစ်လောကလုံးသိအောင် ဖော်ညွန်းပြသဖို့ရန် အမျိုးသမီးတွေကြား မိမိကိုယ်မိမိချစ်မြတ်နိုးမှု သင်္ကေတတစ်ခု ဖြစ်ပါတယ်။

Self-love ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးမှုပြလက်စွပ်က ကြိုက်ရာလက်စွပ်တော့ မဟုတ်ပါဘူး။ အထူးဒီဇိုင်းဖန်တီးပြုလုပ်ထားတဲ့ အသည်းပုံစိန်လက်စွပ်ပုံစံလေးပါ။

လက်တွဲဖော်ရဲ့ အမှီအခိုကင်းလျက် မိမိကိုယ်ကိုယ် မြတ်နိုးတွယ်တာနိုင်ဖို့ဆိုတာ တော်ရုံစကေးမဟုတ်တော့ ယင်းလက်စွပ်ဟာ မိမိကိုယ်မိမိလက်ထပ်ထိမ်းမြားမှုကို ကိုယ်စားပြုပါတယ်။ မိန်းကလေးတော်တော်များများ လက်သန်းမှာ လက်စွပ်ကို ဂုဏ်ဝင့်ကြွားစွာ စွပ်ထားကြပါတယ်။

အခုခေတ်မှာ single ဖြစ်တာ ရှက်စရာမဟုတ်တော့သလို မိန်းကလေးတွေ သူတို့ခံစားချက်ကို လက်သန်းလေးပေါ်က လက်စွပ်နဲ့ ဖော်ထုတ်ပြသနေကြပါပြီ။ လက်သန်းက ကိုယ့်ကိုယ်ကို ဂုဏ်ယူမှု၊ မိမိကိုယ်မိမိရွေးချယ်ခြင်း၊ ကိုယ့်ကိုယ်ကို ခေါင်းထဲစွဲ သတိရနေခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

Ref: Womansvibe

Victor.PaaTung – Trend Myanmar