aung-san-suu-kyi_416x416အိုင်အက်စ်စစ်သွေးကြွ အဖွဲ့က နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား ပစ်မှတ်ထားတိုက်ခိုက်မည် ဟု ခြိမ်းခြောက်မှုအပေါ် မြန်မာ မွတ်စလင်အဖွဲ့အစည်းများက ကန့်ကွက်ရှုတ်ချပြီး အကြမ်းဖက် ၀ါဒကို ပြည်သူများနှင့်အတူ လက် တွဲပြီး ဆန့်ကျင်တိုက်ဖျက်မည်ဟု သတင်းထုတ်ပြန်သည်။
အိုင်အက်စ်အဖွဲ့၏ အကြမ်း ဖက်လုပ်ရပ်များသည် အစ္စလာမ် သာသနာနှင့် လုံးဝသက်ဆိုင်ခြင်း မရှိသကဲ့သို့ မြန်မာနိုင်ငံသား အစ္စ လာမ်ဘာသာဝင်များက လုံးဝ လက်မခံကြောင်း မြန်မာမွတ်စ လင်အဖွဲ့အစည်းများဖြစ်သော Social Alliance ၊ ရွေးလက်ျာအင် စတီကျု့ဒ်နှင့် Organization of Equality and Justice for Minorityအဖွဲ့တို့က သြဂုတ် ၄ ရက်စွဲဖြင့် အသီးသီးထုတ်ပြန်ထားသည်။

အိုင်အက်စ်အဖွဲ့၏ သတင်း များကို အခြေခံပြီး မတူကွဲပြား သော ဘာသာလူမျိုးများအကြား သံသယနှင့် အမုန်းတရားများဖြစ် ပေါ်အောင် သွေးထိုးလှုံ့ဆော်မှု ဖြစ်ပေါ်လာမည်ကို စိုးရိမ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထား သည်။

‘‘အိုင်အက်စ် ဆိုတဲ့ အဖွဲ့အစည်းက အစ္စလာမ်ဘာသာရဲ့ ဘောင်အတွင်းက လုပ်ဆောင်ချက်တွေ မဟုတ်ဘူးဆိုတာကို ပြောချင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ အကြမ်းဖက်တဲ့ လုပ်ရပ်တွေလုပ်တယ်။ အဲဒါကို ကျွန်တော်တို့က လုံးလုံးကြီးဆန့်ကျင်ရှုတ်ချပါတယ်။ သူတို့က မွတ်စလင်လို့ အမည်ခံခဲ့ရင် တောင်မွတ်စလင်တွေရဲ့ လုပ်ရပ်တွေမဟုတ်ပါဘူးဆိုတာ ပြောချင်ပါတယ်။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ပေါ့။ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင် ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကို ပစ်မှတ်ထားတာ လုံးဝဆန့်ကျင်ကန့်ကွက်ပါတယ်’’ဟု Organi-zation of Equality andJustice for Minority အစ္စလာမ်အဖွဲ့အ စည်းမှ ကိုကျော်မင်းဦးက ပြောသည်။

ထို့ပြင် Burmese Muslim Association မြန်မာမွတ်စလင်အ ဖွဲ့အစည်းကလည်း အိုင်အက်စ် က မလေးရှားနိုင်ငံ ၀န်ကြီးချုပ်နှင့် အစိုးရအရာရှိကြီးများ၏ အသက် အန္တရာယ်ကို ခြိမ်းခြောက်ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သည်ဟု သိရသဖြင့် အထူး စိုးရိမ်ပူပန်မိသည်ဟု သတင်း ထုတ်ပြန်ထားသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်ကို ပစ်မှတ်ထားတိုက်ခိုက်မယ်ဆို တာ ကျွန်တော်တို့က လုံးဝလက် မခံပါဘူး။ ဒါက မဖြစ်နိုင်ဘူးလို့ မပြောဘူးလေ။ မဖြစ်နိုင်ဘူးလို့ မပြောခြင်းက တစ်အချက်က လုပ် မယ်လို့ ပြောတဲ့သူဟာ အရူးလို ကောင်ဖြစ်နေမယ်။ ပြင်သစ်တို့ မှာ လုပ်သွားတဲ့ ပုံစံက သူတို့ရဲ့ နောက်ကြောင်းပြန်ကြည့်လိုက် တော့ ဆေးစွဲနေတဲ့ ကောင်တွေ။ အရက်ကြောင်နေတဲ့ ကောင်တွေ အဲဒီလိုရူးကြောင်ကြောင်ကောင် တွေ အသုံးချတာပေါ့။ ကျွန်တော် တို့ပြောချင်တာက ဒါဟာ အစ္စ လာမ်နဲ့ ဘယ်လိုမှ မပတ်သက်တဲ့ အတွက် တိုင်းရင်းသားမြန်မာနိုင် ငံသားတွေနဲ့ လက်တွဲပြီး အပြည့် အ၀ကာကွယ်မယ်’’ဟု ဘာသာ ပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့မှ အစ္စ လာမ်ဘာသာကိုယ်စားလှယ် ဟာ ဂျီဦးအေးလွင်က ပြောသည်။

မြန်မာမွတ်စလင်များသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င် ရောက်ယှဉ်ပြိုင်သော မြန်မာမွတ် စလင်ကိုယ်စားလှယ် ၂၀ ဦးကို မဲမပေးခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုသာ မဲပေးခဲ့သူများဖြစ်ကြောင်း ဟာဂျီဦးအေးလွင်က ပြောသည်။

လူငယ်အချို့ကလည်း ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ‘‘ဒေါ်စုအစား ကျွန်တော့်ကို သတ်ပါ ISIS (ISIS!! Kill Me Instead of Su!)’’ ဟု စာရေးသားကာ ဆန္ဒထုတ်ဖော်လျက်ရှိသည်။

အိုင်အက်စ်စစ်သွေးကြွအဖွဲ့ သည် မလေးရှားရဲတပ်ဖွဲ့ထံသို့ ‘‘အိုင်အက်စ်ခြိမ်းခြောက်မှု’’ခေါင်း စဉ်ဖြင့် သြဂုတ် ၁ ရက်က ပေးပို့ ခဲ့သည့် ခြိမ်းခြောက်စာတွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ကိုလည်း ၎င်း တို့၏ ပစ်မှတ်စာရင်း၌ ထည့်သွင်း ထားကြောင်း မလေးရှားအခြေ စိုက် The Star သတင်းဌာနက ဖော်ပြသည်။ ခြိမ်းခြောက်မှု သတင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို အထူးသတိထား ဆောင်ရွက်မည်ဟု နိုင်ငံတော် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။

ငြိမ်းချမ်း – 7day