Crime

အင်းစိန်မြို့နယ် အရှေ့ ကြို့ကုန်းရပ်ကွက်၌ နေထိုင်သည့် အသက်(၁၉)နှစ်အရွယ် GTC ကျောင်းသားက နေအိမ်ရှေ့တွင် ၎င်းကို ကျောင်းအပြန် ထွက်ကြိုနေသည့် မိခင်အား ဓားဖြင့်ထိုးခဲ့ပြီး ၀င်ရောက်ဖျန်ဖြေသည့် ဖခင်ကိုပါ ဓားဖြင့်ထိုးခဲ့ကြောင်း သတင်းရရှိသည်။

မှော်ဘီနည်းပညာတက္က သိုလ်တွင် BE(Civil) ဒုတိယနှစ် တက်ရောက်နေသည့် အသက် (၁၉)နှစ်အရွယ် လူငယ်သည် ဇူလိုင် ၂၉ ရက် မွန်းလွဲ ၁ နာရီခန့် က ကျောင်းမှနေအိမ်သို့ ပြန်လာစဉ် နေအိမ်ရှေ့၌ ထွက်ကြိုနေသည့် အသက်(၄၄)နှစ်အရွယ် မိခင်ကို ၎င်း၏သူငယ်ချင်းနှင့်အ တူ ဓားဖြင့် စတင်ထိုးခဲ့ကြောင်း အင်းစိန်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကဆိုသည်။

‘‘သူက ဘော်ဒါဆောင်မှာနေ တာ။ အိမ်ကလည်း ဘော်ဒါ ဆောင်ငှားပေးထားတယ်။ အဲဒီ နေ့က အိမ်ပြန်လာမယ်လို့ ဖုန်း ဆက်လို့ သူ့အမေက ထွက်ကြိုနေ တုန်း ဓားနဲ့ထိုးကြတာ။ သူတို့မိ သားစုပြဿနာ ဘာတွေရှိလား၊ မ ရှိဘူးလားဆိုတာတော့ ကျွန်တော်တို့ မသိသေးဘူး။ တရားခံကို လည်း စုံစမ်းနေတုန်းပါပဲ’’ဟု ၎င်း ကဆိုသည်။

ထိုသို့ မိခင်ကိုဓားဖြင့် ထိုးသဖြင့် ၎င်း၏ဖခင်က ၀င်ရောက် ဖျန်ဖြေစဉ် ဖခင်ဖြစ်သူကိုပါ ဓားဖြင့်ထိုးကာ ထွက်ပြေးသွားခဲ့သည်။

သားဖြစ်သူက ဓားဖြင့်ထိုးသဖြင့် မိခင်၏ ၀မ်းဗိုက်တွင်ထိုး သွင်းဒဏ်ရာနှစ်ချက်၊ အသက် (၅၀)နှစ်အရွယ် ဖခင်၏၀မ်းဗိုက်နှင့် ၀ဲဘက်လက်ကောက်ဝတ်တို့ တွင် ပြတ်ရှဒဏ်ရာများ၊ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း ရဲအရာရှိက ဆိုသည်။

‘‘ဒဏ်ရာရတဲ့သူနှစ်ယောက် ကတော့ စိုးရိမ်စရာမရှိတော့ပါ ဘူး။ သူ့အဖေကတော့ လူငယ်နှစ် ယောက်စလုံးက ဆေးကြောင်နေ တယ်လို့ တိုင်ထားပေမယ့် ကျွန် တော်တို့က နာကျင်စေမှုနဲ့ပဲ လော လောဆယ် အမှုဖွင့်ထားပါတယ်’’ ဟု ၎င်းကဆိုသည်။

မိဘနှစ်ပါးအား ဓားဖြင့်ထိုးခဲ့သည့် GTC ကျောင်းသားနှင့် ၎င်း၏သူငယ်ချင်းတို့ကို အင်းစိန်မြို့မရဲစခန်းက ဘေးဖြစ်စေသည့် လက် နက်ဖြင့် အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထား ပြီး တရားခံများကို ဖမ်းမိခြင်းမရှိသေးကြောင်း အင်းစိန်မြို့မရဲစခန်းမှ သတင်းရရှိသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းကိုးအုပ်စု မလိပါကော်ကျေးရွာတွင်လည်း မူးယစ်ဆေးဝါးသုံးစွဲထားသည့် အ သက်(၂၆)နှစ်အရွယ် သားဖြစ်သူ က အသက် (၆၀)နှစ်ခန့်အရွယ် မိခင်ဖြစ်သူကို ဓားဖြင့်ခုတ်သတ်ခဲ့ မှုတစ်ခု ၂၀၁၅ အတွင်းက ဖြစ်ပွား ခဲ့ဖူးသည်။

ဖြိုးဝေလင်း – 7day