Ryan Lawrence, အ​ဖေ, ကင်​ဆာ, သမီး

Ryan Lawrence, အ​ဖေ, ကင်​ဆာ, သမီး

Ryan Lawrence, အ​ဖေ, ကင်​ဆာ, သမီး

Ryan Lawrence လို့အမည်ရတဲ့ ဖခင်တစ်ယောက်ဟာ သူရဲ့ တစ်နှစ်နဲ့ ဆယ်လအရွယ် သမီးလေး Maddox ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လက ဘေစ့်ဘောဘက်တံနဲ့ ရိုက်သတ်ကာ မီးရှို့သဂြိုဟ်ခဲ့ပါတယ်။ ဘာကြောင့် ဒီလိုလုပ်ရတာလဲဆိုရင်
မျက်လုံးကင်ဆာ ရောဂါခံစားနေရတဲ့ သမီးလေးကို လူအများက သတ္တိရှိကြောင်း စိတ်ဓာတ်မာကြောင်း ၀ိုင်းဝန်းချီးကျူး
ကြတာကို ဖခင်ကောင်း မပီသစွာနဲ့ မနာလိုဖြစ်ပြီး အခုလို အဆုံးစီရင်ပစ်လိုက်ခြင်းလို့ သိရပါတယ်။

အသက်(25)နှစ်အရွယ် Ryan ကို လူသတ်မှုနဲ့ ရဲတပ်ဖွဲ့က ရုံးထုတ်ခဲ့ပါတယ်။ ရုံးတော်မှာ သေဆုံးသူ ကလေးမလေး Maddox နဲ့ နီးစပ်တဲ့ ဆွေမျိုးသားချင်း တော်တော်များများနဲ့ ပရိသတ်တွေ တက်ရောက်ကြားနာခဲ့ကြပါတယ်။ တရားသူ
ကြီးက တရားခံ Ryan ရဲ့ ပြစ်မှုကျူးလွန်ပုံအပြည့်အစုံကို ဖတ်ကြားခဲ့ပါတယ်။

တရားခံ Ryan ဟာ ကလေးမလေးကို သတ်ကာ မီးရှို့ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး တစ်ရက်အကြာမှ ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ ကလေးမလေးရဲ့ ကျွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကို နယူးယောက်ခ်မြို့ Onondaga County မှာ အ
ခင်းဖြစ်ပြီး 12 နာရီ အကြာမှာ ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အမှုစုံစမ်းသူတစ်ယောက်ရဲ့ အဆိုအရ Ryan ဟာ သမီးကို မသတ်ခင်မှာ အရင်းဆုံး စီစဉ်စရာရှိတာတွေကို စီစဉ်ခဲ့ပြီး လူချေတိတ်တဲ့ နေရာကို သွားကာ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် Maddox ကို ဘေ့စ်ဘောဘက်တံနဲ့ မသေမချင်း ရိုက်နှက်ခဲ့ပြီး မီးရှို့ကာ အလောင်းကို ဖြောက်ဖျက်ခဲ့တယ်လို့ တရားသူကြီးတစ်ဦးက ဆိုပါတယ်။

Ryan ဟာ အခုအခါမှာတော့ ထောင်ဒဏ်(25)နှစ် ကျခံရဖို့ သေချာသလောက်ရှိနေပါတယ်။ ပြည်နယ် ထိပ်တန်း ရှေ့နေBill Fitzpatrick က ” ဖခင်ကိုယ်တိုင်က သမီးကို မနာလိုပြီး သတ်ခဲ့တဲ့ အမှုပါ … လူတွေက ကင်ဆာကို ကြံ့ကြံ့ခံရင်
ဆိုင်နိုင်ခဲ့တဲ့ Maddox ကို ၀ိုင်းပြီး ချီးကျူးထောမနာပြုတာ များလာတော့ မထားသင့်တဲ့ စိတ်ထားပြီး မလုပ်သင့်တာကို လုပ်ခဲ့တာ ဖြစ်တယ် “လို့ ဆိုပါတယ်။

Ryan ကို ရှေ့လထဲမှာ စီရင်ချက်အပြီး ချမှတ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Maddox ရဲ့ မိခင် Morgan ကတော့ ခင်ပွန်းဖြစ်
သူကို နောက်ဆုံးစီရင်ချက်ချတဲ့အခါမှာ လူတွေအများကြီးရှိနေရင် ခင်ပွန်းကို စိတ်ကသိကအောက်ကို ဖြစ်စေနိုင်လို့ သီးသန့် ကြားနာဆုံးဖြတ်ပေးဖို့ အသနားခံစား တင်ထားတယ်လို့လည်း သတင်းတစ်ရပ်က ဆိုထားပါတယ်။

လင်းဇော်ကို (Shwemom)
source : mirror.co.uk