မက်ခ်ဇူကာဘတ်, facebook

ဖေ့ဘွတ်တည်ထောင်သူ မက်ခ်ဇူကာဘတ်နဲ့ ဇနီးသည် ပရစ်စီလာချန်းတို့ဟာလာမယ့်ဆယ်စုနှစ် တစ်ခုကျော်အတွင်း ဆေးပညာဆိုင်ရာ သုတေသန ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃ ဘီလျံ လှူ ဒါန်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ဆေးပညာဆိုင်ရာ သုတေသန ရန်ပုံငွေ လှူ ဒါန်းရတဲ့ အန္တိမရည်မှန်းချက်က ဒီရာစုနှစ်အကုန်မှာ ရောဂါဘယအားလုံးကို ကုသ၊ ကာကွယ်၊ ခန့်ခွဲနိုင်ဖို့ဖြစ်တယ်လို့ ဆန်ဖရန်စစ္စကိုမှာ ကျင်းပခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှာ မက်ခ်ဇူကာဘတ်နဲ့ ပရစ်စီလာချန်းတို့က ပြောပါတယ်။
လူသားတွေရဲ့အနာဂတ် ပိုမိုကောင်းမွန်စေရေးနဲ့ တန်းတူညီမျှရှိရေးအတွက် စီမံကိန်းချမှတ်လုပ်ဆောင်နေတဲ့ Chan Zuckerberg Initiative ကနေ တစ်ဆင့် ဆေးပညာ သုတေသန ရန်ပုံငွေ ပေးအပ်သွားမှာဖြစ်ပါတယ်။

မက်ခ်ဇူကာဘတ်နဲ့ ပရစ်စီလာချန်းတို့ဟာ အင်ဂျင်နီယာတွေ၊ ကွန်ပျူတာသိပ္ပံပညာရှင်တွေ၊ ဇီဝပညာရှင်တွေ၊ ဓာတုပညာရှင်တွေနဲ့ အခြားတီထွင်ဆန်းသစ်မှု ပြုလုပ်နိုင်သူတွေ အတူတကွ စုဝေးပြီး အလုပ်လုပ်စေမယ့် Biohub လို့ ခေါ်တဲ့ သုတေသနစင်တာသစ် ဖန်တီးဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ရင်းနှီးမြှုပ်နှံမယ်လို့ ကတိပြုပြီးသားပါ။

Biohub ဟာ စီမံကိန်းနှစ်ရပ် ချမှတ်လုပ်ဆောင်မှာဖြစ်ပြီး ပထမတစ်ခု ကတော့ ခန္ဓာကိုယ်ရဲ့ အဓိကအစိတ်အပိုင်းတွေကို ထိန်းချုပ်မယ့် ဆဲလ်အမျိုးမျိုးကို ဖော်ပြနိုင်မယ့် Cell Atlas မြေပုံ ဖန်တီးဖို့ဖြစ်ပြီး နောက်တစ်ခုကတော့ HIV၊ အီဘိုလာ၊ ဇီကာနဲ့ အခြားရောဂါသစ်တွေအတွက် စမ်းသပ်မှုသစ်တွေ ပြုလုပ်ပြီး ကာကွယ်ဆေးတွေ ဖော်စပ်ဖို့ ကြိုးစားမယ့် Infectious Disease Initiative ဆိုတဲ့ စီမံကိန်းပါ။ ဇူကာဘတ်ကတော့ ၂၁၀၀ ခုနှစ်ကစပြီး လူ့သက်တမ်း ၁၀၀ ကျော်နေရမယ်လို့ ခန့်မှန်းခဲ့ပါတယ်။

Ref : BBC
Nz (ရိုးရာလေး)