horror movie

horror movie

horror movie

horror movie

horror movie

horror movie

horror movie

horror movie

horror movie

horror movie

horror movie

horror movie

ကျွန်တော်တို့ဟာ horror movie တွေကို ကြည့်နေချိန်မှာ ထိတ်လန့်ကြောက်ရွံတဲ့ ခံစားမှုတွေ ဖြစ်ပေါ်ကောင်းဖြစ်ပေါ်ပေမယ့် ရုပ်ရှင်ရုံထဲက ထွက်လာတဲ့အခါမှာတော့ ဒါတွေဟာ တကယ်မဟုတ်ဘူး ၊ ရုပ်ရှင်ထဲက အဖြစ်အပျက်တွေပါဆိုပြီး စိတ်သက်သက်သာသာနဲ့ ပုံမှန်ပြန်လည်နေထိုင်ကြမှာပါ ။ ဒါပေမယ့်လည်း အချို.သော ထိတ်လန့်ဖွယ် ရုပ်ရှင်တွေဟာ တကယ့်အဖြစ်အပျက်တွေကို ပြန်လည်ရိုက်ကူးထားတာလို့ သိရမယ်ဆိုရင် သင်ဟာ အဲ့ရုပ်ရှင်ဇာတ်ကားမျိုးကို ကြည့်ပြီးတဲ့ညမှာ အနည်းဆုံး တစ်ညလောက်တော့ အိပ်မက်ဆိုးတွေ မက်ကောင်း မက်နိုင်ပါတယ် ။
အချို.သောဇာတ်ကားတွေမှာ ဒီဇာတ်ကားဟာ တကယ့်အဖြစ်အပျက်မှာ အခြေတည်ပြီး ရိုက်ကူးထားတာပါလို့ စာတန်းထိုးထားချင်မှ ထိုးထားပါလိမ့်မယ် ၊ ဒါပေမယ့်လည်း ဒီလိုဇာတ်ကားမျိုးကို ဇာတ်ညွှန်းရေးသူတွေနဲ့ ရိုက်ကူးသူတွေဟာ များသောအားဖြင့် တကယ့်ဘဝထဲက အဖြစ်အပျက်တွေကနေ အာရုံဖြန့်ကျက်ပြီး တွေးချဲ့ရိုက်ကူးထားကြတာပါ ။ အခုကျွန်တော်တို့ ညွှန်းဆိုမယ့် horror movie ဇာတ်ကား ၁၂ကားဟာ တကယ့်အဖြစ်အပျက်တွေကို အခြေတည်ပြီး ရိုက်ကူးထားတာပါ ၊ ဒီဆောင်းပါးကိုဖတ်ပြီးလို့ ညွှန်းဆိုထားတဲ့ ဇာတ်ကားတွေကို ကြည့်ဖြစ်မယ်ဆိုရင်တော့ ညဖက်တဲ့အိပ်တဲ့အခါ မီးဖွင့်ပြီး အိပ်ပါလို့ ဆိုပါရစေ ။

၁၂. Open Water (2003)

ပင်လယ်ပြင်မှာ ပျောက်ဆုံးသွားခဲ့တဲ့ Tom နဲ့ Eileen Lonergan ဆိုတဲ့ ဒိုင်ဗင်သမား (scuba divers) နှစ်ဦးရဲ. အကြောင်းကို ရိုက်ကူးထားတာပါ ။ သူတို့လင်မယားဟာ ၁၉၉၈ ခုနှစ် ဇန်နဝါရီမှာ the Great Barrier Reef မှာ ဒိုင်ဗင်ကစားခဲ့ပြီး ပျောက်ဆုံးသွားခဲ့ပါတယ် ။ ဒိုင်ဗင်ကုမ္မဏီက နှစ်ရက်တိုင်တိုင် ပြန်လည်ရှာဖွေခဲ့ပေမယ့် သူတို့ကို ဘယ်တော့မှ ပြန်လည်ရှာဖွေမတွေ့ခဲ့ရပါဘူး ။

၁၁. The Mothman Prophecies (2002)

Mothman of Point Pleasant ရဲ. လျှို.ဝှက်ဆန်းကြယ်မှုတွေကို ရှာဖွေဖော်ထုတ်တဲ့ သတင်းထောက်တစ်ဦးရဲ. အကြောင်းကို ရိုက်ကူးထားတာပါ ။ အနောက် ဗာဂျီးနီးယားပြည်နယ်က ဒီအကြောင်းကို စာရေးဆရာ John Keel ကရေးသားခဲ့တာပါ ။ ဒီစာအုပ်ဟာ စာရေးသူ keel ကိုယ်တိုင် စူးစမ်းလေ့လာထားတာတွေကို ဖော်ပြထားတာပါ ။

၁၀. The Conjuring (2013)

ထူးဆန်းအံ့သြဖွယ် အဖြစ်အပျက်တွေကို စူးစမ်းရှာဖွေဖော်ထုတ်သူတွေ ဖြစ်တဲ့ Ed နဲ့ Lorraine တို့ နှစ်ယောက်က သရဲခြောက်တယ်ဆိုတဲ့ Rhode ကျွန်းက Perron မိသားစုရဲ. အိမ်မှာ သရဲဖမ်းတာကို ရိုက်ကူးထားတာပါ ။ ဒီဇာတ်ကားဟာ တကယ့်အဖြစ်အပျက်ကို အခြေတည်ရိုက်ကူးထားတာပါ ။

၉. The Exorcism Of Emily Rose (2005)

ဒီဇာတ်ကားဟာ မကောင်းဆိုးဝါး ပူးကပ်ခြင်းခံရတဲ့ အသက် ဆယ့်ခြောက်နှစ်အရွယ် ဂျာမန်အမျိုးသမီးငယ် Anneliese Michel အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကား ဖြစ်ပါတယ် ။ ဘုန်းတော်ကြီးနှစ်ပါးက သူမကို ပူးကပ်နေတဲ့ မကောင်းဆိုးဝါးကို ဖယ်ထုတ်ဖို့ ပြုလုပ်ပေးခဲ့ပါတယ် ။

၈. The Amityville Horror (1979)

ဒီဇာတ်ကားကတော့ Lutz မိသားစုပိုင်ဆိုင်ပြီး သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ အိမ်က အဖြစ်အပျက်တွေကို အခြေတည်ပြီး ရိုက်ကူးထားတာပါ ။ ဒီအဖြစ်အပျက်မှာ သရဲဖမ်းသူတွေကတော့ The Conjuring ဇာတ်ကားက သရဲဖမ်းသူတွေဖြစ်တဲ့ Ed and Lorraine တို့ပဲ ဖြစ်ပါတယ် ။

၇. The Strangers (2008)

ဒီဇာတ်ကားကို ဒါရိုက်တာ Bryan Bertino က ရိုက်ကူးတာပါ ။ Kristen (Liv Tyler) နဲ့ James (Scott Speedman) တို့လင်မယားဟာ သူတို့ရဲ. အပန်းဖြေအိမ်မှာ အနားယူနေစဉ် လူစိမ်းတွေက သူတို့အိမ်ကို ကျူးကျော်ဝင်ရောက် နှောင့်ယှက်တာကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားပါ ။

၆. The Hills Have Eyes (1977)

တောင်တန်းဒေသတွေမှာ လူသားစားတဲ့ မျိုးနွယ်စုတွေ ရှိတယ်ဆိုတာ ယုံပါသလား ? ဟုတ်ပါတယ် ၊ ဒီဇာတ်ကားဟာ ၁၆ ရာစုနှစ်က အမှန်တကယ်ရှိခဲ့တဲ့ ဂူတွင်းမှာနေထိုင်ပြီး လူသားစားတဲ့ အုပ်စုတစ်ခုအကြောင်းကို ရိုက်ကူးထားတာပါ ။

၅. Child’s Play

ကျွန်တော်တို့ ထိတ်လန့်တကြား ကြည့်ကြရတဲ့ ချက်ကီဇာတ်လမ်းတွဲတွေဟာ တကယ်ရှိခဲ့တဲ့ အရုပ်သရဲကို အခြေတည်ပြီး ရိုက်ကူးထားတာပါ ။ Robert Eugene Otto ဆိုတဲ့ ခလေးငယ်ပိုင်ဆိုင်ခဲ့ပြီး အရုပ်နာမည်ကိုလည်း ရောဘတ်လို့ ခေါ်ခဲ့တဲ့ အရုပ်ကို ၂၀ ရာစုနှစ် အစောပိုင်းတွေတုန်းက စုန်းအတက်ပညာနဲ့ ပြုလုပ်ခဲ့တာပါ ။ အဲ့ဒီအရုပ်ဟာ ယနေ့ထက်တိုင် ရှိနေပါသေးတယ် ။

၎. The Texas Chain Saw Massacre (1974)

လယ်သာမျက်နှာဖုံးဟာ လူသတ်ကားတွေရဲ. အမှတ်အသားတစ်ခုလိုတောင် ဖြစ်လာနေပါပြီ ။ ဒီဇာတ်ကားဟာ လူတွေကို လှီးဖြတ်မွှန်းပြီး သတ်တဲ့ ဇာတ်ကားတွေရဲ. ဖခင် လို့တောင်ဆိုနိုင်ပါတယ် ။ ဟုတ်ပါတယ် ဒီဇာတ်ကားဟာ မကောင်းသတင်းနဲ့ ကျော်ကြားလှတဲ့ serial killer Ed Gein အကြောင်းကို ရိုက်ကူးထားပြီး သူဟာ သူသတ်ခဲ့တဲ့လူတွေရဲ. အရေပြားနဲ့ ပြုလုပ်ထားတဲ့ မျက်နှာဖုံးတွေကို ဝတ်ဆင်လေ့ရှိပါတယ် ။

၃ . Fire In The Sky (1993)

၁၉၇၅ ခုနှစ်မှာ အမျိုးသားငါးဦးဟာ အလုပ်ပြီးလို့ ကားမောင်းပြီး အိမ်ကိုအပြန် တောထဲက ထူးဆန်းတဲ့အလင်းရောင်တွေကို တွေ့ရလို့ သူတို့ထဲက Travis Walton ဆိုသူဟာ အလင်းတန်းကိုသွားကြည့်ခဲ့ပါတယ် ။ ဒါပေမယ့် သူဟာ ဂြိုလ်သားတွေရဲ. ဖမ်းဆီးခြင်းကိုခံရပြီး ပျောက်ဆုံးသွားခဲ့ရကာ နောက်ငါးရက်ကြာမှ ပြန်ပေါ်လာပါတယ် ။ သူဟာ သူ့ရဲ. ငါးရက်တာအတွေ့အကြုံကို The Walton Experience အမည်နဲ့ စာအုပ်ရေးခဲ့ပြီး Fire In The Sky ကတော့ အဲ့စာအုပ်ကို ရိုက်ကူးထားတဲ့ ဇာတ်ကားပါ ။

၂ . The Rite ( 2011)

ဒီဇာတ်ကားဟာ မကောင်းဆိုးဝါး ပူးကပ်နေသူတွေကို ကူညီပေးတဲ့ ဘုန်းတော်ကြီး Father Gary Thoma ရဲ. တကယ်ဘဝကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပါ ။

၁. The Haunting in Connecticut (2009)

၁၉၉၆ ခုနှစ်မှာ Snedeker မိသားစုဟာ Connecticut ဒေသမှာ အိမ်ငှားနေခဲ့ကြပြီး အဲ့ဒီအိမ်မှာ ကြုံတွေ့ခဲ့ရတဲ့ သဘာဝလွန် ကိစ္စတွေရပ်တွေ အကြောင်းကို ပြန်လည်ရိုက်ကူးထားတာပါ ။ ဒီအိမ်ကြီးဟာဆိုရင် အရှေ.က ဇာတ်ကားနှစ်ကားမှာ ပါဝင်တဲ့ Ed and Lorraine ဆိုတဲ့ သရဲဖမ်းဝိဇ္ဇာနှစ်ယောက်က မကောင်းဆိုးဝါးတွေ ထိန်းချုပ်ထားတဲ့အိမ်လို့ ကြေငြာထားတဲ့အိမ်ပါ။

Ref : lolwet , hollywoodreporter
MyanmarPortal