တရုတ်အကျဉ်း

တရုတ်အကျဉ်း

Jintao Liu လို့ အမည်ရတဲ့ အမျိုးသားဟာ တရုတ်အစိုးရကို ဆန့်ကျင်ခဲ့တာမို့ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီချုပ်နှောင် နှိက်စက်ခံခဲ့ရပါတယ်။ တရုတ်ရဲတွေရဲ့ ပြင်းထန်းစွာ ရိုက်နှက် ကန်ကျောက်ခြင်းနဲ့ ပြစ်ဒဏ်အမျိုးမျိုးကိုလည်း ခံခဲ့ရပါ
တယ်။ အဆိုးဝါးဆုံးကတော့ ခြေထောက်ကို နောက်ပြန်ချိတ်ပြီး အချိန်ကြာမြင့်စွာ လေဟာပြင်မှာ ချိတ်ဆွဲနှိက်စက် ခံရ
ခြင်းဖြစ်ပြီး၊ အိမ်သာလည်း တက်ခွင့်မပေးခဲ့ကြပါဘူး။

တရုတ်ရဲ့တွေရဲ့ ရက်စက်မှုကို ပြောမကုန်ဘူးလို့ Liu က ဆိုပါတယ်။ လျှပ်စစ်ရှော့တိုက်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေလည်း မကြာခဏ ခံခဲ့ရတယ်လို့ သိရပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်းတွေကိုပါ သုံးပြီး၊ ပြင်းထန်သော ပုံစံထိုင်နည်းတွေနဲ့လည်း အမျိုးမျိုး နှိက်စက်ခဲ့ကြပါတယ်။ လိင်အင်္ဂါဖြတ်တောက် ထုတ်ပယ်ပစ်တာမျိုးအထိ ယုတ်မာခဲ့
ကြတယ်လို့ ဆိုပါတယ်။

Liu က ” ကျွန်တော့်ကို နှိက်စက်တဲ့လူက ထောင်အရာရှိ လေးယောက်လောက် ရှိပါတယ် … ဘယ်လောက်အထိ မိုက်
ရိုင်းသလဲဆိုရင် တစ်ယောက်က ကျွန်တော့်ကို ကိုယ်လုံးတီးချွတ်လိုက်တယ် … ကျန်တဲ့တစ်ယောက်က အိမ်သာထဲက Brush ကို ယူပြီး စအိုကို ထိုးပါတယ် … နောက် ကျွန်တော့်အင်္ဂါအမွေးတွေကို ဆွဲနှုတ်တာတွေလည်း လုပ်ကြသလို … မျိုးပွားအင်္ဂါကိုလည်း လက်နဲ့တောက်ပြီး ကစားကြပါတယ် “လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အသက်(36)နှစ်အရွယ် Liu ဟာ တရုတ်အစိုးရရဲ့ မတရားဖမ်းဆီးထောင်ချခဲ့ရသူ ထောင်ချီသော လူတွေထဲက တစ်
ယောက် ဖြစ်ပါတယ်။ အလုပ်သမားအကျဉ်းစခန်းမှာ နေထိုင်ရပြီး၊ 1990 ခုနှစ်မှာ Falun Gong ပါတီဟာ သြဇာဟာ အ
လွန်ကောင်းလာခဲ့ပြီး ထောက်ခံအားပေးသူ သန်း(100)ခန့်အထိ တိုးတက်လာပါတယ်။ ထိုစဉ်က အာဏာရကွန်မြူနစ်ပါတီကို ဦးဆောင်နေတဲ့ ကျန်ဇီမင်းဟာ Falun Gong အားပေးသူတွေကို နည်းအမျိုးနဲ့ဖမ်းဆီး နှိက်စက်ထောင်ချခဲ့ပါတယ်။ အဲဒီအထဲမှာ Liu လည်း ပါဝင်ခဲ့ပါတယ်။

ထိုစဉ်က တရုတ်အစိုးရနဲ့နီးစပ်တဲ့ သတင်းမီဒီယာ (122) ခုတို့ဟာ Falun Gong ရဲ့ မဟုတ်မဟတ် မှုခင်းသတင်းတွေကိုသာ ဦးစားပေး ဖော်ပြခဲ့ကြပြီး ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် အကောက်ကြံခဲ့ကြပါတယ်။ Fulan Gong ကို အားပေးသူတွေကို အကြောင်းမရှိ အကြောင်းရှာ ဖမ်းဆီးခဲ့ပြီး၊ ပြင်းထန်စွာ နှိက်စက်ခဲ့ကြပါတယ်။ သေဆုံးသူတွေ ရာနဲ့ချီ ရှိခဲ့ပြီး နိုင်ငံရဲ့ တံခါးပိတ်ဝါဒကြောင့် ကမ္ဘာလူထုက တရုတ်အစိုးရရဲ့ ရက်စက်မှုကို မသိခဲ့ကြပါဘူး။

Liu က ” သူတို့က ကျွန်တော့်ကို မသင်္ကာလို့ မျက်စိဒေါက်ထောက်ကြည့်နေကြတယ် … နောက်တော့ အိမ်ထဲကို ၀င်ရှာ
ပြီး ကွန်ပျူတာထဲမှာ Fulan Gong နဲ့ ဆက်စပ်တဲ့ စာရွက်စာတန်းတွေ ကွန်ပျူတာထဲမှာ တွေ့သွားပြီး ဖမ်းသွားတာပါ “လို့ ရှင်းပြပါတယ်။

ထောင်ထဲကို စ၀င်ဝင်ချင်းနေ့မှာပင် နေပူထဲမှာ 24 နာရီ ဒူးထောက်ထိုင်ခိုင်းပြီး၊ အိမ်သာတက်ခွင့် မပေးပါဘူး။ မထင်ရင် မထင်သလို ပြေးကန်တာမျိုးလည်း ခံခဲ့ရပါတယ်။ Falun Gong ကို အားမပေးတော့ပါဘူးဆိုတဲ့ သဘောတူညီချက်ကို
လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။

Liu က ” ကျွန်တော့် ယုံကြည်ချက်ကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ပါဘူး … ကျွန်တော့်ကို မသေအောင် စွမ်း
ဆောင်ကူညီနိုင်တာက ယုံကြည်မှုနဲ့ သစ္စာတရားပါဘဲ”လို့ ရှင်းပြခဲ့ပါတယ်။ ယခု ဖော်ပြခဲ့သော ဓာတ်ပုံတွေဟာ တရုတ်အစိုးရရဲ့ ညှဉ်းပန်းနှိက်စက်မှုကို တစ်စိတ်တစ်ပိုင်းကို ဖော်ပြထားတဲ့ သရုပ်ပြဓာတ်ပုံတွေ ဖြစ်ပါတယ်။

လင်းဇော်ကို (Shwemom)
source : thesun.co.uk