ကောင်းကင်, ပြုတ်ကျ, ငါး

ကောင်းကင်, ပြုတ်ကျ, ငါး

ကောင်းကင်, ပြုတ်ကျ, ငါး

ကောင်းကင်, ပြုတ်ကျ, ငါး

တစ်ခါက အင်တာနက် လူမှုကွန်ယက်ပေါ်မှာ ကောင်းကင်ကနေ ငါးတွေ ရွာချခဲ့လို့ လမ်းလုံးပြည့်နေတဲ့ ပုံတွေ ခေတ်စားခဲ့ပါသေးတယ်။ ငါးမိုးရွာခြင်းဆိုတာ သိပ္ပံနည်းကျအရ မဖြစ်နိုင်တဲ့အတွက် အဲဒီဓာတ်ပုံတွေဟာ Fake တွေဖြစ်တယ်လို့ လူ
တွေက မှတ်ချက်ချခဲ့ကြပါတယ်။

လူမှုကွန်ယက်ပေါ်တွင် ခေတ်စားခဲ့သည့် ငါးမိုးရွာသည်ဆိုသောပုံတစ်ခု
အခုလည်း ကောင်းကင်ပေါ်ကနေ ငါးတစ်ကောင် ပြုတ်ကျလာပါတယ်။ ဘယ်လိုက ဘယ်လို ပြုတ်ကျလာတယ်ဆိုတာ မသိရပေမယ့် ငါမှန်လို့ အမျိုးသမီးတစ်ယောက်ကတော့ မျက်နှာမှာ ဒဏ်ရာ ရခဲ့ပါတယ်။ ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးကတော့ Lisa Lobree အမည်ရပြီး ပြုတ်ကျလာတဲ့ ငါးကတော့ ငါးခူတစ်ကောင် ဖြစ်ပါတယ်။

အနည်းငယ် အနံ့ထွက်နေပြီလို့လည်း ဆိုပါတယ်။ Lisa က ” ရုတ်တရက် ဖြတ်ပြီး အရိုက်ခံလိုက်ရသလိုပါဘဲ … ဘာလဲ ဆိုပြီး ကြည့်လိုက်တော့ … ငါးတစ်ကောင် ဖြစ်နေတယ်လေ … ကောင်းကင်ပေါ်ကနေ ကျလာတာဆိုတော့ အံ့သြစရာပါဘဲ “လို့ ဆိုပါတယ်။ ဒီအတွက် Lisa ရဲ့ မျက်နှာ မျက်လုံးအထက်မှာ ဒဏ်ရာ ရခဲ့ပါတယ်။

လူမှုကွန်ယက်ပေါ်တွင် ခေတ်စားခဲ့သည့် ငါးမိုးရွာသည်ဆိုသောပုံတစ်ခု
Lisa က ဆက်လက်ပြီး ” အနံ့ကတော့ တော်တော်လေး ဆိုးပါတယ် … မနှစ်မြို့စရာကြီးပေါ့ … ချက်ချင်း ရေနဲ့ဆေးခဲ့ရ
တယ်”လို့ သူမက ဆိုပါတယ်။ ငါးရဲအလေးချိန်ဟာ ငါးပေါင်ခန့်အထိ လေးပြီး၊ ငှက်တစ်ကောင်ကောင် ဒီငါးကို ကိုက်ချီ
ပျံသန်းရင်း၊ သို့မဟုတ် သစ်ပင်ပေါ်မှာ နားနေရင်း ဒီငါးကို မထိန်းနိုင်လို့ ပြုတ်ကျခဲ့တာ ဖြစ်နိုင်တယ်လို့ အနီးအနား ပတ်
ဝန်းကျင်က မှတ်ချက်ပြုပါတယ်။

နတ်စည်တော် (Shwemom)
source : metro.co.uk