ဒေါ်အောင်ဆန်းစုကြည်၏ မြေးနှစ်ဦး

ဒေါ်အောင်ဆန်းစုကြည်၏ မြေးနှစ်ဦး

ဒေါ်အောင်ဆန်းစုကြည်၏ မြေးနှစ်ဦး
ဓာတ်ပုံ – Chan Nyein Moe Facebook
စက်တင်ဘာ ၁၁ရက်တွင် မြန်မာ ပြည်သူပြည်သားများ၏ စိတ်နှလုံး ကို ၀မ်းနည်းဝမ်းသာခံစားစေသည့် ဓာတ်ပုံအချို့ထွက်ပေါ်လာခဲ့ သည်။ မြန်မာနိုင်ငံနှင့် မိုင်ပေါင်း ထောင်ချီဝေးကွာသော လန်ဒန်မြို့ လယ်ရှိ တစ်ချိန်က
ဗိုလ်ချုပ်အောင် ဆန်း လန်ဒန်ခရီးစဉ်တွင် တည်းခို ခဲ့ရာ ဒေါ်ချက်စတာဟိုတယ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏သားအငယ်ကင်မ်၏ မိသားစုတို့ ပြန်လည်ဆုံစည်းမှုပုံရိပ်များက မြန်မာပြည်သူများအတွက် ရသမျိုးစုံ
ပေးစွမ်းနိုင်ခဲ့သည်။

အထူးသဖြင့် တစ်ကြိမ်မျှဆုံ တွေ့ခဲ့ခြင်းမရှိသည့် မြေးမကလေးနှင့် ၀မ်းသာအားရဖက်ယမ်း နှုတ်ဆက်နေပုံများက ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိနိုင်ငံ့ခေါင်းဆောင်၊ ပါတီဥက္ကဋ္ဌစသည့်ပုံရိပ်များဆီမှ မြေးနှစ်ဦး၏အဘွား၊ သားနှစ်ဦး၏မိခင်အဖြစ်ကိုယ်ပိုင် မိသားစုဘ၀ဆီ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

မြန်မာ့ဒီမိုကရေစီခရီးကြမ်း နှစ်ပေါင်း ၃၀နီးပါးတွင် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဝင်အရေအတွက် အများဆုံးဖြင့် ပထမဆုံး ပြန်လည်မြင်တွေ့ရသည့် အခိုက်အတန့်လည်းဖြစ်သည်။ အကျယ်ချုပ်ကာလများမတိုင်မီ ခင်ပွန်းသည်နှင့် သားနှစ်ဦးမြန်မာနိုင်ငံသို့ ခေတ္တလာရောက်ခဲ့သော်လည်းယခုတစ်ကြိမ်သည် ဒေါ်အောင်ဆန်းစုကြည်ကို သူ့မျိုးဆက်မြေးနှစ်ဦးနှင့် အတူတွေ့မြင်ရခြင်းလည်းဖြစ်သည်။

သားငယ်ကင်မ်သည် ၎င်း၏ သားကြီး Jimmy၊ သမီးငယ် Jocelyn တို့နှင့်အတူ ဘတ်စ်ကား စီး၍ ဒေါ်အောင်ဆန်းစုကြည်ကို လာတွေ့ခဲ့သည်။ အရောင်မှိန် သည့် ရှပ်အင်္ကျီပေါ်တွင် ခပ်လတ် လတ်ကုတ်တစ်ထည်ဝတ်ဆင် ထားပြီး ငွေမင်ရောင်သန်းစဆံပင်၊ ဇရာ၏ အရေးအကြောင်းအနည်း ငယ်ထင်ဟပ်နေသည့် ကင်မ်၏ ဘတ်စ်ကားပေါ်မှ ပုံရိပ်က မြန်မာ လူထုကို ကရုဏာသက်စေခဲ့ သည်။ တစ်နည်းအားဖြင့် ကင်မ် သည် ကြမ်းတမ်းသည့် မြန်မာ့ဒီမို ကရေစီဖြတ်သန်းမှုခရီးကြမ်း၏ သက်သေတစ်ခုလည်းဖြစ်သည်။

မြန်မာပြည်သူများအမြင် တွင် ယဉ်ပါးခဲ့သည့် ယခင်မြန်မာအစိုးရခေါင်းဆောင်အဆက်ဆက်၏ မျိုးဆက်များနေထိုင်ဝတ်ဆင်မှုပုံစံနှင့် များစွာခြားနားနေသည့် ကင်မ်၊ အမေ့ရင်ငွေ့နှင့်ဝေးကွာခဲ့ ရသည့် ကင်မ်၊ ဒေါ်အောင်ဆန်းစု ကြည်၏ မျက်နှာကျနှင့် ပိုဆင်ပြီး မြန်မာဆန်သည့်ရုပ်ရည်နှင့် ကင်မ် အတွက် သံယောဇဉ်သက်သက် ဖြင့် ၀မ်းနည်းခဲ့ကြသည်။ ထို့အပြင် ဟိုတယ်တွင် ကင်မ်၏ရင်ခွင်အ တွင်း ဖက်တွယ်မှီထားသည့် ဒေါ် အောင်ဆန်းစုကြည်၏ လွမ်းဆွတ် မှုကလည်း မြင်ရသူတို့ မျက်ရည် လည်စေခဲ့သည်။

၁၉၇၇ခုနှစ်ဖွား ကင်မ်သည် ယခုအခါ အသက် (၃၉)နှစ်ပြည့်ခဲ့ ပြီဖြစ်သည်။ ၁၉၈၈ခုနှစ် ဒေါ် အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ ခရီးကြမ်းစတင်ချိန် မိခင်ဖြစ်သူကို အပြီးတိုင်စွန့်လွှတ်ဆုံးရှုံးခဲ့ရချိန် တွင် ကင်မ်တစ်ယောက်နုနယ် သည့်အသက်(၁၁)နှစ်အရွယ် ကလေးငယ်သာဖြစ်သည်။ ယခု တော့ ကင်မ်သည်လည်း လူလတ် ပိုင်းအရွယ်သို့ ရောက်ခဲ့ပြီ။ ကင်မ် ၏သားကြီး ဒေါ်အောင်ဆန်းစု ကြည်၏ မြေး Jimmyနှင့် သမီး ငယ် မြေးမကလေး Jocelyn ပင်လျှင် ဆယ်ကျော်သက်များအဖြစ်လူလားမြောက်ခဲ့ကြပြီဖြစ်သည်။

‘‘ဒီဓာတ်ပုံတွေ မြင်ရတော့ ရင်ထဲမကောင်းဘူး။ အန်တီစုမှာ လည်း သူ့သားတွေနဲ့ ပတ်သက် ပြီး တာဝန်မကျေခဲ့တာမျိုး ရှိပုံရ တယ်။ guilt(အပြစ်မကင်း)လို ဟာမျိုးပေါ့။ ကင်မ်ပုံကြည့်ရတာ လည်း သိပ်အဆင်ပြေပုံမရဘူး။ သူတို့မိသားစုက ဒီတိုင်းပြည်အ တွက်ပေးဆပ်ခဲ့တာတွေကို ဒီတိုင်း ပြည်က လူတွေအလေးထားသင့် တယ်’’ဟု နိုင်ငံရေးအကျဉ်းသား ဟောင်း၊ စာရေးဆရာ၊ သတင်းစာ ဆရာဦးလက်ျာထွန်းက ပြော သည်။

အသက်(၇၁)နှစ်ကျော်ပြီဖြစ် သည့် အမယ်အိုဒေါ်အောင်ဆန်းစု ကြည်အနားတွင် မိသားစုသိုင်းသိုင်းဝိုင်းဝိုင်း ပြန်လည်နေစေလိုသည့် ဆန္ဒများမှာ တကယ့်လက်တွေ့ဖြစ်ရန်မှာ အလှမ်းဝေးနေဆဲဖြစ်သည်။ ကင်မ်သည်
မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိ၊မရှိ မိခင်ကို တွေ့ရန် သွားရာလမ်းဘတ်စ်ကားပေါ်၌တွေ့သည့် ဘီဘီစီသတင်းထောက်ထံ ဖွင့်ဟခဲ့သည်။ လူအချို့ဝေဖန်မည်စိုး၍ လက်ရှိအချိန်တွင် မြန်မာနိုင်ငံကိုလာရန် သံသယဖြစ်နေဆဲဟု သူဖြေခဲ့သည်။

‘‘အခုက သူတို့(ကင်မ်တို့မိ သားစု)ကြည့်ရတာရုန်းကန်နေရပုံ ရတယ်။ ကင်မ်ရော၊ ဒေါ်အောင် ဆန်းစုကြည်ရောက ဥစ္စာအမွေ တော့ ပေးနိုင်မှာမဟုတ်ဘူး။ က လေးတွေ မျက်နှာမှာ အခုဒေါ်အောင်ဆန်းစုကြည် အတွက် ဂုဏ်ယူနေတာမြင်ရတယ်။ တကယ်တမ်းက သူတို့ဘ၀မှာ ဒီအဘွားက ဂုဏ်အယူရဆုံးဖြစ်မှာပဲ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့စိတ်ဓာတ်ခွန်အားနဲ့ လူတွေကိုကောင်းကျိုးပြုချင်တဲ့စိတ်ကို သူ့မြေးတွေကို ပေးနိုင်ရင် ဒါတကယ့်အဖိုးမဖြတ်နိုင်တဲ့အမွေပါပဲ။ သူတို့နိုင်ငံ စနစ်က ကောင်းပြီးသားဆိုတော့ဒီစိတ်ဓာတ်ခွန်အားအမွေရသွားရင်ပွဲပြီးပါတယ်’’ဟု နိုင်ငံရေးနှင့် စီးပွားရေးလေ့လာ သုံးသပ်သူ ကိုဇေယျသူက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွင် သားအကြီးမြင့်ဆန်းအောင် (ခ)အလက်ဇန္ဒားအဲရစ်နှင့် သား ငယ်ထိန်လင်း(ခ) ကင်မ်အဲရစ်တို့ နှစ်ဦးရှိပြီး သားအကြီးမှာ ယခုအ ခါ အသက် (၄၃)နှစ်ခန့်ရှိပြီးအမေ ရိကန်ပြည်ထောင်စုတွင် နေထိုင် လျက်ရှိသည်။ သားနှစ်ဦးစလုံးကို ၁၉၈၉ခုနှစ်တွင် မြန်မာစစ်အစိုးရ က နိုင်ငံသားဖြစ်မှုမှ ပယ်ဖျက်ခဲ့ ခြင်းကြောင့် ဗြိတိန်နိုင်ငံသားအ ဖြစ် ခံယူခဲ့ကြရသည်။

ယခုမိသားစုပြန်လည်ဆုံ စည်းမှုသည် ဒေါ်အောင်ဆန်းစု ကြည်နှင့် မြန်မာနိုင်ငံအတွက်အား သစ်လောင်းပေးသကဲ့သို့ ခံစားရ စေမည်ဟု ကချင်တိုင်းရင်းသူ တစ်ဦးဖြစ်သည့် ဒေါ်စီစီရိုဇာက ပြောသည်။

‘‘အမေစုပြောဖူးတဲ့အထဲမှာ တော့ မိဘတိုင်းဟာ သားသမီးကို ချစ်ကြတာအတူတူပေမယ့် မွေး လာတဲ့ကလေးတွေရဲ့ စိတ်အာရုံ တွေက တစ်ယောက်နဲ့တစ် ယောက်မတူညီကြဘူးတဲ့။ ကျွန်မ စိတ်နဲ့ ခံစားပြီး ပြောရမယ်ဆိုရင်
တော့ သားတွေဟာ မိခင်တစ် ယောက်အတွက် ငယ်ရင်သား၊ ကြီးလာရင် အား၊ ကြီးမားတဲ့စိတ် အင်အားကိုပေးစွမ်းနိုင်ခဲ့ပါတယ်။ ဒီနေ့ မေမေစု သားငယ်နဲ့တွေ့ လိုက်ရတာဟာ တိုင်းပြည်အတွက် အမေ့အတွက် အားသစ်လောင်း ပေးလိုက်တယ်လို့ပဲ ခံစားရပါ တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည် အမည်ပေးထားသည့် တံတားကိုဦးဆောင် တည်ဆောက်ခဲ့သည့် ဒေါ်စီစီရိုဇာက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သည်ပုဂ္ဂလိကမိသားစုဘ၀ခံစား ချက်ကိုတော်ရုံဖြင့် ထုတ်ဖော်ပြော လေ့မရှိပေ။ ပေးဆပ်သူအဖြစ် သူ့ ကို မြန်မာပြည်သူများက သုံးနှုန်း သော်လည်း ၎င်း၏နိုင်ငံရေးဖြတ် သန်းမှုဘ၀ကို ပေးဆပ်မှု
တစ်ခုဟု မည်သည့်အခါမျှ ခံယူခဲ့ခြင်းမရှိခဲ့ ပေ။

ပြီးခဲ့သည့် ၂၀၁၂က ဗြိတိန် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစု ကြည်ကို မိသားစုနှင့်ပတ်သက်၍ ဘီဘီစီ၏ မေးမြန်းမှု၌ ၎င်းက ယင်းသို့ဖြေကြားခဲ့သည်။

‘‘မိသားစုတွေကို အချိန်မ ပေးနိုင်ခဲ့တဲ့အတွက် ကိုယ်ရေး ကိုယ်တာအရနောင်တတွေကျွန်မ မှာရှိပါတယ်။ ကျွန်မလည်း ကျွန်မ မိသားစုနဲ့အတူနေချင်တာပေါ့။ ကျွန်မသားတွေ ကြီးပြင်းတာလည်း မြင်ချင်တာပေါ့။ ဒါပေမဲ့ တကယ် တော့ ဒီမှာရှိနေတဲ့ ကျွန်မရဲ့ပြည် သူတွေနဲ့အတူရှိနေဖို့ကို ရွေးချယ် ခဲ့ရပါတယ်’’ဟု ဖြေကြားခဲ့သည်။

ခင်ပွန်းမိုက်ကယ်အဲရစ်မဆုံး မီ ၁၉၉၅ခုနှစ်တွင် နောက်ဆုံးအ ကြိမ်တွေ့ဆုံခွင့်ရပြီး သားကြီးမြင့်ဆန်းအောင်နှင့်မူ ၁၉၉၉ခုနှစ်တွင် မိုက်ကယ်အဲရစ် ကွယ်လွန်ပြီး နောက်တစ်ကြိမ်သာတွေ့ဆုံမှုရှိခဲ့ သည်ဟု သတင်းများ
ကဖော်ပြခဲ့ သည်။ ၂၀၁၂ ဗြိတိန်နှင့် အမေရိ ကန်ခရီးစဉ်များစတင်စဉ်ကလည်း သားနှစ်ဦးနှင့်ပြန်လည်တွေ့ဆုံရန် မျှော်လင့်မှုများ ရှိခဲ့သော်လည်း သားကြီးနှင့် တွေ့ဆုံနိုင်ခြင်းမရှိခဲ့ ပေ။

‘‘သားတွေကလည်း စိတ်ဆိုး တဲ့သားရှိချင်ရှိနိုင်ပေမယ့် အခုချိန်မှာ ရင့်ကျက်တဲ့အရွယ်ရောက်ပြီဆိုတော့ အမေ့ရဲ့အခက်အခဲ၊ အနေအထားကို နားလည်စေချင်တယ်။ အခုအချိန်မှာတော့ သူမဟာ မိသားစုနဲ့ ပြန်လည်တွေ့ဆုံပြီး သားသမီးမြေးမြစ်တွေအတွက် နွေးထွေးတဲ့ အသိုက်ကလေးမှာ အနားယူသင့်ပါပြီ။ ဒါကြောင့် အရင်နဲ့ စာရင် နိုင်ငံခြေခင်းလက်ခင်းသာတဲ့အချိန်မှာ အသက်(၇၀)ကျော်အဘွားတစ်ယောက်ကို မိသားစုမေတ္တာသိုက်မြုံထဲ
ပြန်ထည့်ပေးသင့်ပါပြီ’’ဟု အသက်(၅၂)နှစ်အရွယ်ကဗျာဆရာမချစ်ချစ်ချိုင်းက ပြောသည်။

ဆယ်ကျော်သက်အရွယ်လူ လားမြောက်စတွင် မိခင်နှင့်ဝေး ကွာခဲ့ရသည့် သားကြီး အလက် ဇန္ဒား၌ စိတ်ဒဏ်ရာအချို့ရခဲ့ဖူး ကြောင်း ဒေါ်အောင်ဆန်းစုကြည် နှင့်သာမက ၎င်း၏မိသားစုနှင့်ပါ ခင်မင်ရင်းနှီးသည့် ဂျပန်
စာရေးဆ ရာမ နိုရီကိုအို့စုက ၎င်းရေးသား ထားသည့် ‘‘ဒေါ်အောင်ဆန်းစု ကြည်အတွက်စာတစ်စောင်’’ စာ အုပ်တွင်ရေးသားခဲ့သည်။

သားငယ်မိသားစုနှင့် တွေ့ခဲ့ ရသည့် ဗြိတိန်ခရီးစဉ်အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ပထမဆုံးနိုင်ငံတော်ခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စုသို့ ဆက်လက်ထွက်ခွာမည်
ဖြစ်သည်။ယင်းခရီးစဉ်တွင် အိမ်ဖြူတော်၌သမ္မတအိုဘားမားနှင့်တွေ့ဆုံခြင်း၊ပါလီမန်အမတ်များနှင့်တွေ့ဆုံခြင်း၊ မြန်မာမိသားစုများနှင့်တွေ့ဆုံခြင်းအပြင် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာနိုင်ငံကိုယ်စားပြု ခေါင်းဆောင်တစ်ဦးအဖြစ် မိန့်ခွန်း ပြောကြားရမည်ဖြစ်သည်။

စိတ်လှုပ်ရှားဖွယ်ရာအစီအ စဉ်များဖြင့် ပြည့်နှက်နေသည့် အ မေရိကန်ခရီးစဉ်တွင် သားကြီးဖြစ် သူမြင့်ဆန်းအောင်နှင့် သားအမိ နှစ်ယောက်ပြန်လည်ဆုံတွေ့နိုင် ပါစေကြောင်း ကာယကံရှင်များ ကိုယ်စားဆန္ဒပြင်းပြမှုများလည်း ရှိနေသည်။

ပညာရှင်တစ်ယောက်အဖြစ် အမေရိကန်ပြည်ထောင်စုတွင်နေ ထိုင်နေသည့် အလက်ဇန္ဒားတစ် ယောက်သူ့မိခင်နှင့် သူ့ညီမိသားစု တွေ့ဆုံသည့်သတင်းများ၊ ဓာတ် ပုံများက ၎င်းကို မိခင်ဖြစ်သူနှင့် ပြန်လည်တွေ့ဆုံစေနိုင်မည့် တွန်းအားဖြစ်လာမည်လားဆိုသည်က တော့ ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့(စက်တင်ဘာ ၁၃ရက်)တွင် စတင်မည့်အမေရိကန်ပြည် ထောင်စုခရီးစဉ်ကို မျှော်လင့် စောင့်စားရမည်သာဖြစ်ပါသည်။