ဒေါ်အောင်ဆန်းစုကြည်​, ဟားဗတ်တက္ကသိုလ်,ဟားဗတ်ဖောင်ဒေးရှင်း

ဒေါ်အောင်ဆန်းစုကြည် သည် ဟားဗတ်တက္ကသိုလ်ဟား ဗတ်ဖောင်ဒေးရှင်းက ချီးမြှင့်မည့် ၂၀၁၆ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ဆုကို စက်တင်ဘာ ၁၇ ရက်(ယနေ့)တွင် လက်ခံရယူ မည်ဖြစ်သည်။
ယဉ်ကျေးမှုပေါင်းစုံနှင့် လူ မျိုးနွယ်ဆက်ဆံရေးဆိုင်ရာ ဟား ဗတ်ဖောင်ဒေးရှင်းသည် လူ့ဘဝ များ၏အရည်အသွေးတိုးမြှင့်ရန် အတွက် စွမ်းဆောင်ကြသူများ၊ လူအများကို ပိုမို ကောင်းမွန်ကြီး ကျယ်မြင့်မားသော စိတ်ဓာတ်ရေး ရာအသိဉာဏ်ပိုင်းဆိုင်ရာ အား ပေးလှုံ့ဆော်နိုင်သည့် အလုပ်များကို စွမ်းဆောင်ခဲ့ကြသူများအား နှစ်စဉ် ဆုချီးမြှင့်လေ့ရှိသည်။

‘‘၂၀၁၆ ခုနှစ်ရဲ့ လူသားချင်းစာနာထောက်ထားသူအဖြစ် ဒေါ် အောင်ဆန်းစုကြည်ကို ဂုဏ်ပြုဖို့ အတွက် ဟားဗတ်တက္ကသိုလ်ရဲ့ မဟာဌာနနဲ့ ကျောင်းသားတွေက ကျေနပ်အားရမိပါတယ်။ သူ့နိုင်ငံ မှာ ဒီမိုကရေစီအရေး၊ လူ့အခွင့် အရေးနဲ့ ငြိမ်းချမ်းရေးအတွက် သူ့ရဲ့ ရဲရင့်သတ္တိရှိတဲ့ ရုန်းကန် ကြိုးပမ်းခဲ့မှုဟာ ကမ္ဘာကြီးကို အားတက်စေပါတယ်’’ ဟု ဟားဗတ် ဖောင်ဒေးရှင်း၏ ညွှန်ကြားရေး မှူး ဦးနှောက်နှင့်အာရုံကြောဗေဒ ပါမောက္ခ အက်စ်အယ်လင်ကောင်တာက ဟားဗတ်သတင်းစာတွင် ဖြေကြားထားသည်။

ပြီးခဲ့သည့် နှစ်များက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆုရရှိခဲ့သူများတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်များဖြစ်သော မာလာလာယူဆွတ်ဖ်ဘိုင်၊ ကိုင်လက်ရှ်ဆတ်ယာသီနှင့်အဲလီဝီဆဲလ် အစရှိသူတို့ ပါဝင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် စက်တင်ဘာ ၁၄ ရက် နံနက်က အမေရိကန်သမ္မတ အိုဘား မား၊ ဒုသမ္မတ ဂျိုးဘစ်ဒန်၊ နိုင်ငံ ခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့နှင့် တွေ့ဆုံခဲ့သည်။ စက်တင်ဘာ ၁၅ ရက်နံနက်တွင် အမေရိကန် သံအမတ်ကြီး မာစီရယ်အပါအ ဝင် အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဌာနမှ တာဝန်ရှိသူများနှင့်အ တူ‘‘လင်ကွန်းအမှတ်တရဗိမာန်’’ သို့ သီးသန့် အလည်အပတ်သွား ရောက်ခဲ့သည်။ ယင်းညပိုင်းတွင် အမေရိကန်စီးပွားရေး လုပ်ငန်း ရှင်များနှင့် ညစာစားခဲ့ပြီး မြန်မာ နိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။

စက်တင်ဘာ ၁၆ ရက်တွင် လွှတ်တော်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာများ၊ မြန်မာအပေါ် ဆက် လက်ထောက်ခံ အားပေးသွားရန် ဆွေးနွေးခဲ့သည်။ တစ်နေ့ တည်းမှာပင် သည်အိုဒို ရုစဗဲ့ အ ထက်တန်းကျောင်းမှ ကျောင်း သားများနှင့် တွေ့ဆုံခဲ့သည်။ ၎င်း သည် သမ္မတ ကတော်ဟောင်း လော်ရာဘုရှ်နှင့်လည်း တွေ့ဆုံ ရန်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် သည် စက်တင်ဘာ ၁၇ ရက်တွင် နယူးယောက်မြို့ ကမ္ဘာ့ကုလ သမဂ္ဂဌာနချုပ်တွင် ကျင်းပမည့် ဒုက္ခသည်နှင့် ရွှေ့ပြောင်းအခြေချ နေထိုင်သူများဆိုင်ရာ ကုလဆွေး နွေးပွဲတက်ရောက်မည်ဖြစ်သည်။ စက်တင်ဘာ ၂၁ ရက်တွင် ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။

ငြိမ်းငြိမ်းပြည့် – 7day news