ပင်နယ်တီ

ပင်နယ်တီ

ပင်နယ်တီ

မန်ယူဟာ ဖီနာဘာချီနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ်မှာ ပထမပိုင်းရတဲ့ ပင်နယ်တီ (၂)ဂိုးနဲ့အတူ (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲချိန်(၃၁)မိနစ်မှာ မာတာကြောင့်ရတဲ့ ပင်နယ်တီကို ပေါ့ဘာက အဖွင့်ဂိုးအဖြစ် သွင်းယူခဲ့ပြီး နောက်(၃)မိနစ်အကြာမှာပဲ မာတီယယ်က သူ့ကြောင့်ရတဲ့ ပင်နယ်တီကို ကိုယ်တိုင်ကန်သွင်းပြီး (၂-၀)ဖြစ်စေခဲ့ပါတယ်။
ပထမပိုင်းပြီးခါနီးက ပေါ့ဘာက အဝေးကန်ချက်နဲ့ တတိယဂိုး ထပ်သွင်းခဲ့ပါတယ်။ ပေါ့ဘာဟာ ၂၀၁၄ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ပွဲစဉ်တစ်ပွဲမှာ ပထမဆုံးအကြိမ် (၂)ဂိုးသွင်းနိုင်ခဲ့တာပါ။ မန်ယူအတွက် စတုတ္ထဂိုးကို ပွဲချိန်(၄၈)မိနစ်မှာ လင်ဂတ်က သွင်းခဲ့ပါတယ်။ ဗန်ပါစီက ပွဲချိန်နှောင်းပိုင်းမှာ ဖီနာဘာချီအတွက် ချေပဂိုးတစ်ဂိုး သွင်းပေးခဲ့ပြီး အသင်းဟောင်း မန်ယူဘက်ကို ဂိုးသွင်းနိုင်ခဲ့တဲ့အတွက်
အောင်ပွဲခံခဲ့ခြင်းမရှိပါဘူး။

ယူရိုပါလိဂ် အခြားပွဲစဉ် ရလဒ်များ

ဆယ်တာဗီဂို ၂-၂ အေဂျက်
ကွန်ယာစပိုး ၁-၁ ဘရာဂါ
ရှက်တာဒိုးနက် ၅-၀ ကေအေအေဂျန့်
ခရက်စ်နိုဒါ ၀-၁ ရှော်လ်ကေး
ဆဲလ်ဘတ် ၀-၁ နိစ်
ကာရာဘက် ၂-၀ ပီအေအိုကေ
ဆလိုဗန် ၁-၃ ဖီအိုရင်တီးနား
ဟာပိုး ၀-၁ စပါတာပရပ်
အင်တာမီလန် ၁-၀ ဆောက်သမ်တန်
စတူအာဘူခါရက် ၁-၁ ဇူးရစ်
စတန်းဒက်လီဂီ ၂-၂ ပါနာသီနိုင်ကို့စ်
အော့စ်မန်လီစပိုး ၂-၂ ဗီလာရီးရဲလ်
ဂျန့် ၂-၀ ဘီလ်ဘာအို
ရက်ပစ်ဝီယံ ၁-၁ ဆက်ဆူအိုလို
ရိုးမား ၃-၃ သြစတြီးယားဝီယံ
ပယ်လ်ဇန် ၁-၂ အက်စ်ထရာ
ဒန်းဒေါ့ ၁-၂ ဇင်းနစ်
AZအယ်လ်ခမာ ၁-၂ မက္ကာဘီတဲလ်အဗစ်
အိုလံပီယာကို့စ် ၄-၁ အက်စတာနာ
ယန်းဘွိုင်းစ် ၃-၁ အေပိုး
ဖီယင်နု ၁-၀ ဇိုယာ
စိန့်အီတီယန် ၁-၀ ကွာဘာလာ
မိန့်ဇ် ၁-၁ အန်ဒါလက်ခ်ျ

Nz(ရိုးရာ​လေး)