woman fright

တစ်ချို့မိဘတွေကျတော့ မိခင်မေတ္တာ၊ ဖခင်မေတ္တာဆိုတာ သူတို့ဆီမှာ ရှိမှ ရှိရဲ့လားလို့တောင် သံသယဖြစ်စရာ ကောင်းလောက်အောင် သားသမီးတွေအပေါ်မှာ ရက်စက်ကြပါတယ်။ ယခု ဗွီဒီယိုထဲမှာ အင်္ကျီအပြာ၊ ဘောင်းဘီအဖြူ ၀တ်ဆင်
ထားတဲ့ အမျိုးသမီးဟာ သူမရဲ့ လသားအရွယ်သာရှိတဲ့ ကလေးလေးကို အငိုမတိတ်လို့ ရက်ရက်စက်စက် ရိုက်နှက်နေ
ပါတယ်။

ကနဦးတုန်းကတော့ ဒီအမျိုးသမီးဟာ မိခင်က ငါးရမ်းထားတဲ့ နာနီတစ်ယောက်လို့ ထင်ရပြီး၊ မိဘတွေ ကွယ်ရာမှာ ရိုက်
နှက်နေတာလို့ ထင်မြင်ရစေပါတယ်။ တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ ဒီအမျိုးသမီးကိုယ်တိုင်က အသိစိတ်မဲ့စွာ ကလေးငယ်ကို ပါးတွေချည်း ပြင်းထန်စွာ ရိုက်နှက်နေတာဖြစ်ကြောင်း သတင်းက အခိုင်အမာ ဖော်ပြခဲ့ပါတယ်။ ဒီအဖြစ်အ
ပျက်ဟာ ကာဇက်စတန်နိုင်ငံရဲ့ တောင်ပိုင်းမြို့တော် Pavlodar မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။

woman frightဒီဗွီဒီယိုကိုလည်း သူမရဲ့ ရှစ်နှစ်အရွယ် သမီးကို ရည်ရွယ်ချက်ရှိရှိနဲ့ ရိုက်ကူးစေပြီး ခင်ပွန်းဖြစ်သူကို ခြိမ်းခြောက်ဖို့အတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။ ခင်ပွန်းကလည်း ဒီဗွီဒီယို သက်သေကိုယူပြီး ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပေမယ့် အရေးယူလို့ မရကြောင်း ပယ်ချခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ဒီဗွီဒီယိုဟာ ပြီးခဲ့တဲ့ တစ်နှစ်လောက်က ထွက်ပေါ်ခဲ့တဲ့ ဗွီဒီယိုဖြစ်ပေမယ့် ယခုတစ်ပတ်မှ အင်တာနက်ကွန်
ယက်ပေါ်မှာ ပျံ့နှံ့လာတာ ဖြစ်ပါတယ်။ ဒါကလည်း ကလေးရဲ့ ဖခင်အရင်းဖြစ်သူက အမျိုးမျိုး တိုင်ကြားပေမယ့် ရဲတပ်ဖွဲ့က လစ်လျှူရှုခဲ့လို့ ဖိအားပေးချင်လို့ လူမှုကွန်ယက်မှာ တင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

၎င်းအမျိုးသားက ” အဲဒီတုန်းက ကျွန်တော် ရဲစခန်းကို အမျိုးမျိုး တောင်းပန်ခဲ့ပေမယ့် ရဲတပ်ဖွဲ့က ဆောင်ရွက်ပေးဖို့ ငြင်း
ပယ်ခဲ့ပါတယ် … ဒီမှာတော့ အင်တာနက်တို့ ဆိုရှယ်မီဒီယာတို့ဆိုတာ ဘာမှ လုပ်ပေးနိုင်တာ မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။ ယခုဖြစ်ရပ်မှာ ပါဝင်ပတ်သတ်နေတဲ့ အဓိကတရားခံကတော့ ၎င်းရဲ့ ဇနီး Nurgul အမည်ရ အမျိုးသမီး ဖြစ်ပြီး အသက်ကတော့ 35 နှစ် ရှိပါပြီ။ အဆိုပါ ဗွီဒီယိုကိစ္စနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ကတော့ အမြန်ဆုံး ဖော်ထုတ် အရေးယူမယ်လို့ ဆိုခဲ့ပါတယ်။

credit:Shwemom