အမြင်မှား, ပြုံးမိ, ဓာတ်ပုံ

အင်တာနက်ပေါ်မှာ ကြည့်ရှုသူတွေကို အမြင်မှားယွင်းမှု ဖြစ်ပေါ်စေခဲ့တဲ့ ပုံလေးတွေကို the sun သတင်းစာက စုစည်းဖော်ပြထားပါတယ်။

အမြင်မှား, ပြုံးမိ, ဓာတ်ပုံ

အထက်ပါ ပုံထဲမှာတော့ အမျိုးသမီးရဲ့ အံ့သြဖွယ်ဘီကီနီအသားဖတ်ရှင်ကြီးလို့ ထင်နေကြမှာပါ။ သေချာကြည့်လိုက်မှ …။
အမြင်မှား, ပြုံးမိ, ဓာတ်ပုံ

ဒီပုံထဲမှာလည်း အမျိုးသားတွေ ပထမတော့ အံ့သြသွားပါလိမ့်မယ်။ ဒီအမျိုးသမီး ဘယ်ကိုသွားပြီး ဒီလောက်ကြီးတဲ့ စနေနှစ်ခိုင်ရအောင် ခွဲစိပ်ထားသလဲပေါ့ … ဒါပေမယ့် … အဲဒါဟာ ရေချိုးကန်ပေါ်ကို တင်ထားတဲ့ သူမရဲ့ တံတောင်ကွေးဆိုတာကို သိလိုက်ရရင်ဖြင့် …။

အမြင်မှား, ပြုံးမိ, ဓာတ်ပုံ

အမှတ်တမဲ့ကြည့်လိုက်ရင် ဒီပုံက စွမ်းအားရှင်တစ်ယောက် ဖျာစင်္ကြာနဲ့ ကမ်းခြေကြွမြန်းပြီး ကမ်းခြေစောင့်နတ်သမီးတွေကို မိန့်ခွန်းပြောနေသလားပေါ့။ အမှန်တော့ အရိပ်မည်းမည်းက အလံတိုင်ရဲ့ အရိပ်ဆိုတာ သိလိုက်ရင်ဖြင့် …။

အမြင်မှား, ပြုံးမိ, ဓာတ်ပုံ

ဟ … ခွေးတစ်ကောင် ငါးမျှားနေတာပါလား … ဆိုပြီး မြင်မိစေမယ့် ပုံပါဘဲ။ တကယ်လို့ ခွေးရဲ့ ရွှေရောင်အမွေးနဲ့ အမျိုးသမီးရဲ့ ရွှေရောင်ဆံပင် ရောထွေးနေတာကို မမြင်မိဘူးဆိုရင်ပေါ့။
အမြင်မှား, ပြုံးမိ, ဓာတ်ပုံ

ဒီပုံကတော့ ဒိုင်တွေကို စောဒကတက်နေတဲ့ အားကစားသမားတစ်ယောက်ပုံ ဖြစ်ပါတယ်။ အမှုမဲ့ကြည့်လိုက်ရင် ဖြူစွတ်နေတဲ့ ခေါင်းဟာ အားကစားသမားရဲ့ ကိုယ်ပိုင်ခေါင်းလို့ ထင်ရစေပါတယ်။ အမှန်က အားကစားသမားက ခေါင်းငုံ့ထားပါတယ်။ သေချာကြည့်ပါ။
အမြင်မှား, ပြုံးမိ, ဓာတ်ပုံ

ဒီပုံထဲမှာတော့ ဘေးကိုယိုင်နွဲ့ပြီး ပဲပေနေတဲ့ အမျိုးသမီးငယ်ကို အင်္ကျီအပြာနဲ့လူပုလေးက နောက်ကနေ ခါးထစ်ခွထားတဲ့ ပုံဖြစ်နေပါတယ်။ သေချာကြည့်ရင် ဘာတွေက အမြင်မှားယွင်းမှုတွေ ဖြစ်စေတယ်ဆိုတာ မြင်ရမှာပါ။
အမြင်မှား, ပြုံးမိ, ဓာတ်ပုံ

ဒီပုံကိုလည်း သေချာကြည့်ပါ … ရှေ့အလှကိုပဲ ဂရုစိုက်နေရင်တော့ အဓိကကို မြင်ရမှာ မဟုတ်ပါဘူး။
အမြင်မှား, ပြုံးမိ, ဓာတ်ပုံ

ဒီနှစ်ပုံကိုလည်း သေချာကြည့်ပါဦး။ သေချာဂရုစိုက်ကြည့်မှ ဘာတွေဆိုတာ သဘောပေါက်မယ့် ပုံတွေပေါ့။
လင်းဇော်ကို (Shwemom)
source : thesun.co.uk