Jesus, ကမ္ဘာလှည့်ခရီး

Jesus, ကမ္ဘာလှည့်ခရီး

Daniel Christos လို့ အမည်ရတဲ့ ကမ္ဘာလှည့်ခရီးသွား အမျိုးသားဟာ ကင်ညာနိုင်ငံကိုအလည်အပတ် ရောက်ရှိစဉ်မှာ များပြားလှစွာသော ပြည်သူလူအုပ်ကြီးက အမျိုးမျိုး Selfie တွဲရိုက်တာကို ခံခဲ့ရပါတယ်။ အဲဒီနောက် Jesus နဲ့ တူတယ်ဆိုပြီး အင်တာနက်ကွန်ယက်တွေပေါ်မှာ တရှိန်ထိုးနာမည်ကြီးလာခဲ့ပါတယ်။
Daniel ဟာ တွဲလောင်းကျနေတဲ့ ၀တ်ရုံဖရိုဖရဲကို ၀တ်ဆင်ထားပြီး၊ တောင်းဝှေးတစ်ချောင်း၊ ခြေဗလာနဲ့ ခရီးသွားနေခြင်းဟာ Jesus နဲ့ ပုံစံအားဖြင့် ဆင်တူနေသလို၊ သူရဲ့ ထူထဲလှတဲ့ မုတ်ဆိတ်ကျင်စွယ်တွေ၊ အကြည့်နက်နက်တွေနဲ့ နူးညံ့သိမ်မွေ့တဲ့ အပြုံးတွေကြောင့် ၎င်းကို မြင်တာနဲ့ ” ယေရှုပြန်လာပြီ … ယေရှုဟေ့ “လို့ လူတွေက အော်ခဲ့ကြပါတယ်။

Jesus, ကမ္ဘာလှည့်ခရီး

ဒါပေမယ့် ဒါကို အလိုမကျသူတွေကလည်း ရှိနေပြီး၊ Daniel အနေနဲ့ ဒီလိုသာ ဆက်သွားနေပါက ယေရှုကို ကားစင်တင်
သလို စီရင်ခံရဖို့ရှိကြောင်း၊ ယေရှုမဟုတ်ကြောင်း ငြင်းဆန်ဖို့ ဖိအားပေးတဲ့သူတွေ ရှိလာခဲ့ပါတယ်။ Kelvin Obed အမည်
နဲ့ တွစ်တာအသုံးပြုသူတစ်ယောက်ကတော့ Daniel ရဲ့ ခြေထောက်ကို ရေဆေးနေတဲ့ပုံ တွစ်တာမှာ ဖြန့်ဝေခဲ့ပြီး ” ယေရှု
ခြေဆေးမင်္ဂလာ ခံယူတော်မူခြင်း “ဆိုပြီး ခေါင်းစဉ်တပ်ခဲ့ပါတယ်။

တကယ်တော့ Daniel ဟာ သြစတီးယားအနောက်ပိုင်း Perth မြို့ဇာတိသားတစ်ယောက်ဖြစ်ပါတယ်။ ၎င်းဟာ ဆော့်ဖ်ဝဲအင်ဂျင်နီယာအဖြစ် အသက်မွေးခဲ့ပြီး ယခု ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်မိကြောင်းလည်း ၀န်ခံခဲ့ပါတယ်။ ၎င်းရဲ့ Facebook မှာလည်း သူဟာ ယေရှုမဟုတ်ကြောင်း တရားဝင် ရှင်းလင်းခဲ့ပါတယ်။ သူ့မှာ ယေရှုနဲ့တူတာဆိုလို့ ခြေဗလာလမ်းလျှောက်ခြင်းသာ ရှိကြောင်း ပြောခဲ့ပါတယ်။

Jesus, ကမ္ဘာလှည့်ခရီး

၎င်းက ” ကျွန်တော်က ယေရှုမဟုတ်ပါဘူး … ဟန်ဆောင်ဖို့လည်း ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး “လို့ ရေးခဲ့ပါတယ်။ ၎င်းက ဆက်လက်ပြီး “တကယ်တမ်း ၀န်ခံရရင် Nairobi မြို့မှာ ခြေဗလာနဲ့ လမ်းလျှောက်တော့ လူတွေက ဓာတ်ပုံတွဲ
ရိုက်ကြတော့တာပါဘဲ … ယေရှုလို့ သူတို့ဘာသာ ခေါ်တာကို ကြားခဲ့ရပါတယ်”လို့ ပြောခဲ့ပါတယ်။

Channel NTV သတင်းဌာနဲ့ တွေ့ဆုံစဉ်မှာ သူက ကမ္ဘာလှည့်ပြီး ခရီးသွားဖြစ်ခဲ့ပုံကိုလည်း ပြောပြခဲ့ပါတယ်။ ” ဘ၀ကို
ကျွန်တော် မပိုင်ပါဘူး … ကျွန်တော် ဆံပင်တွေ အညိုရောင်သမ်းလာခဲ့ပြီ … ဖိအားတွေ မောပန်းနွမ်းနယ်မှုတွေ အိပ်
စက်မရခြင်းတွေဟာ များပြားလာခဲ့ပြီး … ဒါကြောင့် ကျွန်တော် မရပ်မနား ခရီးသွားခဲ့တယ် … ဒါက ကျွန်တော့်ဘ၀ကို ပို
ပြီးတော့ အဓိပ္ပါယ်ပြည့်ဝစေခဲ့ပါတယ် “လို့ ပြောခဲ့ပါတယ်။

Jesus, ကမ္ဘာလှည့်ခရီး

Daniel ဟာ ၎င်းရဲ့ Facebook မှာ ကင်ညာလူမျိုးတွေဟာ ချစ်စရာကောင်းကြောင်း၊ ဖော်ရွေကြကြောင်းချီးကျူးခဲ့ပါတယ်။ အဆိုပါ စာထဲမှာပင် လူတစ်ချို့က ခြိမ်းခြောက်ခဲ့လို့ Nairobi မြို့ထဲမှာ လမ်းလျှောက်ဖို့ မ၀ံ့မရဲဖြစ်ခဲ့ရကြောင်း၊ သူက ယေရှုမဟုတ်ကြောင်း၊ ၎င်းတို့နိုင်ငံကို ခေတ္တလာရောက်လည်ပတ်တဲ့ ခရီးသွားတစ်ယောက်သာ ဖြစ်ကြောင်း၊ ၎င်းကို ခြိမ်း
ခြောက်ထားတဲ့ မှတ်ချက် Screen Shoot ဓာတ်ပုံတစ်ခုနဲ့အတူ ပူးတွဲရေးသားခဲ့ပါတယ်။

နတ်စည်တော် (Shwemom)
source : thesun.co.uk