Windows 7, Windows 8, Microsoft

Microsoft သည် နာမည်ကျော် operating system Windows 7 နှင့် Windows 8 ရောင်းချမှုကို ရပ်ဆိုင်းခဲ့ကြောင်း Windows lifecycle စာမျက်နှာတွင် ကြေညာသွားခဲ့သည်။
Windows 7 နှင့် Windows 8.1 ကို လက်လီရောင်းချသူများ သို့မဟုတ် OEMs များသို့ တင်ပို့ရောင်းချခြင်းကို ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။ OEMs များမှာ Windows software ကို pre-install ပြုလုပ်နိုင်သော Dell နှင့် Toshiba ကဲ့သို့ PC ကုမ္ပဏီများကို ဆိုလိုသည်။ Microsoft သည် လွန်ခဲ့သည့် နှစ်နှစ်ကတည်းက Windows 7 နှင့် Windows 8 ကို လက်လီဆိုင်များသို့ ရောင်းချခြင်း မရှိတော့ပေ။ ထို့ကြောင့် အသစ်ထွက်ရှိမည့် Windows ကွန်ပျူတာများတွင် Windows 10 သာ ပါဝင်လာမည် ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် ယခင် Windows ဗားရှင်းကိုလည်း downngrade ပြုလုပ်၍ အသုံးပြုနိုင်တော့မည် မဟုတ်ပေ။

OEMs အားလုံးကလည်း လက်ကျန်ကွန်ပျူတာများ အလျင်အမြန်ရောင်းချလျက်ရှိသောကြောင့် Windows 7 သို့မဟုတ် Windows 8 ကွန်ပျူတာသစ်များကို အလိုရှိသူများက ဝယ်ယူထားနိုင်သည်။

Windows 7 ကို ၂၀၀၉ ခုနှစ်က ဖြန့်ချိခဲ့ကာ ၇ နှစ်တိုင် ရောင်းအားကောင်းမွန်ခဲ့သည်။ Windows 8/8.1 မှာမူ လေးနှစ်သာ ရောင်းချခဲ့ရသည်။ Windows 7 နှင့် Windows 8.1 အတွက် နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့မှုကို ၂၀၂၀ နှင့် ၂၀၂၃ ဇန်နဝါရီလအထိ ပေးသွားမည် ဖြစ်သည်။

Ref: Forbes
စိုးထက်​ – internet journal