couples

လူတစ်ယောက်မှာ အသက်မွေးဝမ်းကြောင်း အလုပ် လုပ်ငန်းတစ်ခုစီတော့ ရှိကြပေမဲ့ ကိုယ်နဲ့ ကိုက်ညီတဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုရဖို့ ခက်ခဲပါတယ်။ ကိုယ့်မှာရှိတဲ့ အရည်အချင်းနဲ့ရော ဝါသနာနဲ့ရော ကိုက်ညီပြီး ဟန်ချက်ညီအောင် ထိန်းနိုင်တဲ့ အလုပ်တစ်ခုရဖို့ဆိုရင်တော့ ပိုပြီး ခက်ခဲမယ် ထင်ပါတယ်။ ကိုယ်စိတ်ဝင်စားရာ အလုပ်ကို လုပ်ရပေမဲ့ ကိုယ့်အသက်မွေးမှုကို အထောက်အပံ့မပေးနိုင်တဲ့ အလုပ်ဖြစ်နေရင်၊ ငွေကြေး အောင်မြင်မှုတစ်ခုခုအတွက်နဲ့ ကိုယ့်ဝါသနာကို စွန့်လွှတ်ထားရတဲ့ အလုပ်ဖြစ်နေရင် ဖြတ်သန်းရတဲ့ ဘဝက အတိုင်းအတာတစ်ခုအထိ ပင်ပန်းနိုင်ပါတယ်။ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရှိနိုင်မယ်လို့တောင် မထင်ထားတဲ့ ကြားတောင်မကြားဖူးတဲ့ ထူးထူးခြားခြား အလုပ်လေးတွေကို ပြောပြချင်ပါတယ်။

အငှား ရည်းစား
တိုကျိုမြို့မှာ သင့်မှာ ပိုက်ဆံရှိမယ်ဆိုရင် ယောက်ျားလေးရည်းစားတစ်ယောက်ကို ငှားလို့ရပါတယ်။

ဖက်အိပ်ပေးမယ့်သူ
သင့်ချစ်သူကောင်မလေးကို လွမ်းနေတဲ့အချိန်မှာ အနားမှာ ပူးပူးကပ်ကပ် နွေးနွေးထွေးထွေး အိပ်စက်ပေးပြီး စိတ်ခံစားချက်တွေ ရင်ဖွင့်ပြောပြလို့ရတဲ့သူတစ်ယောက်ကို ငှားလို့ရပါတယ်။ ပရိုအဆင့်ရှိတဲ့ ပွေ့ဖက်ပေးမယ့်သူတစ်ယောက်က တစ်နာရီကို ငှားမယ်ဆိုရင် တစ်နာရီကို ဒေါ်လာ ၈၀ ခန့် ကျသင့်ပါတယ်။

မျက်နှာ အာရုံခံသူ
အရေပြားထိန်းသိမ်းရေး ထုတ်ကုန်ပစ္စည်းတစ်မျိုးသုံးပြီးနောက်မှာ လူတစ်ယောက်ရဲ့ အသားအရေ ဘယ်လောက်နူးညံ့ ချောမွေ့သွားလဲဆိုတာကို သိနိုင်ဖို့ မျက်နှာကို ကိုင်ပြီး ခံစားကြည့်ပေးတဲ့ အလုပ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီအလုပ်ကို လုပ်ကိုင်သူက တခြားဘာမှ လုပ်စရာ မလိုဘဲ စမ်းသပ် အလှကုန်တွေကို လိမ်းပြီးနောက် မျက်နှာတွေကို ခံစားကြည့်ဖို့ပဲ ဖြစ်ပါတယ်။

ဖောင်တိန် ဆရာဝန်
မင်ဖြည့်ပြီးရေးရတဲ့ ဘောပင်တွေကို ပြင်ပေးရတဲ့ အလုပ်ဖြစ်ပါတယ်။ Richard Binder ဆိုသူက ဆော့ဖ်ဝဲ အင်ဂျင်နီယာ အလုပ်ကထွက်ပြီး ကမ္ဘာ့နေရာအနှံ့က ဖောင်တိန်တွေကို ပြင်ပေးတဲ့သူတစ်ဦးအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။

ကားနံပါတ်ပြား ကာပေးသူ
လမ်းမတွေပေါ်မှာ ယာဉ်ကျောပိတ်တာကို ကာကွယ်ဖို့အတွက် အီရန်နိုင်ငံမှာ ထူးခြားတဲ့ ဥပဒေတစ်ခုရှိပါတယ်။ ကားနံပါတ် နောက်ဆုံးစာလုံး စုံနဲ့ မဂဏန်းတွေက တစ်လှည့်စီ ရက်ခြားပြီးပဲ မောင်းနှင်ခွင့်ပြုထားတဲ့အတွက် ကားနံပါတ်ပြားပိတ်တဲ့အလုပ် ပေါ်လာတာပဲ ဖြစ်ပါတယ်။

ကွတ်ကီးမုန့်များထဲက ဟောကိန်းများ ရေးသူ
ကွတ်ကီးထုတ်တဲ့သူတွေက ကွတ်ကီးမုန့်တွေထဲမှာ ကံကြမ္မာဟောကိန်းလေးတွေ ထည့်ဖို့အတွက် ငှားရမ်းထားတဲ့ သူတွေဖြစ်ပါတယ်။ ဟောကိန်းရေးတဲ့ ကျွမ်းကျင်သူတစ်ယောက်က တစ်နှစ်ကို ဒေါ်လာ ၄၀၀၀၀ လောက်ရရှိပါတယ်။

ချွေးနံ့ပျောက်ဆေး စမ်းသပ်သူ
ချွေးနံ့ပျောက်ဆေးကုမ္ပဏီတွေက အမျိုးအစားတစ်ခုကို စီးပွားဖြစ် မထုတ်လုပ်ခင် လူတစ်ချို့ကို စမ်းသပ်သုံးစေပြီး ဒီလူတွေရဲ့ အနံ့အမှန်တကယ် ပျောက်၊ မပျောက်ကို အနံ့ခံပြီး စစ်ဆေးရတဲ့ အလုပ်ဖြစ်ပါတယ်။

မြွေဆိပ်ထုတ်သူ
ကမ္ဘာ့ အဆိပ်အပြင်းဆုံး မြွေတွေဖြစ်တဲ့ ခလောက်မြွေနဲ့ စပါးကြီးမြွေတွေရဲ့ အဆိပ်ကို ထုတ်ယူရတဲ့ အလုပ်ဖြစ်ပါတယ် ။ မြွေဆိပ်ဖြေဆေးထုတ်လုပ်ဖို့ လိုအပ်တဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲခန်းတွေက အသုံးပြုပြီး တစ်ဂရမ်ကို ဒေါ်လာ ၁၀၀၀ လောက်အထိရရှိပါတယ်။

Credit:Search Myanmar