ညီလေး, သေနတ်, မိခင်​, ဖခင်​, Pennsylvania

အမေရိကန် Pennsylvania ရှိ အိမ်တစ်လုံးမှာ နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ပြီး အသက် (14)နှစ်အရွယ် Jacob Remaley အမည်ရ ဆယ်ကျော်သက် ကောင်လေးက သူ့မိခင် Dana (46)နှစ်နဲ့ ရှစ်နှစ်အရွယ် သူ့ညီလေး Caleb ကို
အိပ်နေစဉ်မှာ သေနက်နဲ့ ပစ်သတ်ခဲ့တာလို့ သိရပါတယ်။

ကနဦးတုန်းကတော့ Jacob ဟာ ဒီလူသတ်မှုကို သူရဲ့ဖခင် David က ပစ်သတ်ခဲ့တာဖြစ်ကြောင်း၊ ၎င်းလူသတ်မှု ကျူး
လွန်နေစဉ်မှာသာ မိမိအနေနဲ့ အိမ်ကိုပြန်ရောက်တာဆိုရင် ဖခင် David က မိမိကိုပါ သတ်ပစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ကို
လှိမ့်ခဲ့ပါတယ်။ သေနက်ကိုလည်း သူ့ဖခင်ရဲ့ အိပ်ယာထက်မှာ သွားရောက်ထားပြီးမှ ရဲစခန်းကို ဖုန်းခေါ်ခဲ့တာပါ။

ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Stephen Limani က ၎င်းတို့အနေနဲ့ အစဦးတုန်းကတော့ ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့ရ
ကြောင်း၊ နောက်ပိုင်းမှ Jacob ဟာ သူ့ဖခင် အလုပ်သွားချိန်ကို စောင့်နေပြီး၊ သေနက်ကို ကျည်ဖြည့်ပြီး အိပ်နေတဲ့ မိခင်နဲ့ ညီငယ်ကို ပစ်သတ်ခဲ့တာဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ Jacob ကို လူသတ်မှုနှစ်မှုအတွက် အရွယ်ရောက်သူတွေကိုသာ တင်လေ့ရှိတဲ့ စွဲချက်တွေကို အသုံးပြုကာ ရဲတပ်ဖွဲ့က အမှုတည်ဆောက်ကာ စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ Jacob ကို တရားစွဲဆို တင်ပို့ခြင်း မပြုမီမှာ လိုအပ်တဲ့ ဆေးစစ်ချက်နဲ့၊ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

TribLive.com မှာ ဖော်ပြထားတဲ့ သတင်းမှာတော့ Jacob ဟာ Ruger 0.380 အမျိုးအစား ပစ္စတိုနဲ့ မိခင်ရဲ့ နားထင်၊ ညီရဲ့ နဖူးတို့ကို အကြောင်းမဲ့ပစ်ခတ်ခဲ့တာဖြစ်ကြောင်း၊ မိသားစုအတွင်း ရန်ညှိုးရန်စလည်း မရှိကြောင်း ရေးသားခဲ့ပါတယ်။ ရဲစခန်းကို ၎င်းကိုယ်တိုင် ဖုန်းဆက်ပြီး ” အဖေက သတ်သွားတာပါ … ကျနော့်ကို ဘာလို့ မသတ်တာလဲဆိုတာ ကျနော် နားမလည်ဘူး ..”စသည်ဖြင့် ရဲတွေကို လှည့်စားခဲ့ကြောင်း ရေးသားခဲ့ပါတယ်။

မဒီလေး (Shwemom)
source : thesun.co.uk