ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုပြည်နယ်၊ မိုင်ရင်းမြို့အနီးတံတားတွင် မီတာ၄၀ (၁၃၁ပေ)အမြင့်မှ ဘန်ဂီ အမြင့်ခုန်ကစား ခဲ့သူ အသက်၃၆နှစ်အရွယ် ဘရာဇီး အမျိုးသား ဖာဘီယိုအီဇီကေးဒီမိုရက်စ် မှာ ခုန်ချချိန် ကိုယ်တွင်သိုင်းထားသည့် ကြိုးမှ ချွတ်ယွင်းချက်ဖြစ်ပေါ်ခဲ့တာ ကြောင့် မြေပြင်ပေါ်တိုက်ရိုက်ပြုတ်ကျ ခဲ့ပြီး အသက်သေဆုံးခဲ့ရတယ်လို့ သိရ ပါတယ်။ ကြောက်မက်ဖွယ်ကောင်းပြီး အသည်းထိတ်ရတဲ့အရသာကို ခံစားပျော် ရွှင်လိုသူတွေအနေနဲ့ ဘန်ဂီအမြင့်ခုန် တာမျိုးကို ပျော်စရာတစ်ခုအဖြစ် ပြုလုပ် ကြတာဖြစ်ပြီး ဒီဖြစ်ရပ်မှာတော့ ပျော်ရွှင် မှုအတွက် အသက်ပါပေးလိုက်ရတဲ့အထိ ရင်းနှီးမှု ကြီးမားခဲ့ရပါတယ်။

မိသားစုနဲ့အတူ ဘန်ဂီခုန်ဖို့ လာခဲ့တဲ့ မိုရက်စ်က ပထမပိုင်းမှာ ခြောက်နှစ်အ ရွယ်သားဖြစ်သူနဲ့အတူ ခုန်ချဖို့ ကြံစည် ခဲ့ပေမယ့် တကယ်တမ်းမှာတော့ သားကို မခေါ်ဖြစ်ဘဲ တစ်ကိုယ်တည်း ခုန်ချခဲ့ တာဖြစ်ပါတယ်။ သားလေးက ကံသီလို့ အသက်ဘေးက လွတ်ခဲ့ရပေမယ့် ဖခင် ဖြစ်သူ မြေပြင်ပေါ် တရောသောပါး ပြုတ် ကျသေဆုံးခဲ့ရတဲ့ အဖြစ်ဆိုးကို ကျန်မိ သားစုဝင်တွေနဲ့အတူ မြင်တွေ့ခဲ့ရပါတယ်။ ကြိုးက မြေပြင်ပေါ်မရောက်မီ ပြန်ခုန် တက်ပြီးမှ တဖြည်းဖြည်းလျှောကျရမယ့် အစား ပြန်ခုန်တက်ခြင်းမရှိဘဲ တစ်ခါ တည်း အရှိန်နဲ့မြေပြင်ထိ တိုက်ရိုက်ကျ သွားခဲ့ပြီး မိုရက်စ်ဦးခေါင်းမှာ ဒဏ်ရာ အပြင်းအထန်ရကာ ဆေးရုံသွားတဲ့လမ်း မှာပဲ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ကြိုး ချွတ်ယွင်းချက်ကြောင့် မိုရက်စ် သေဆုံး ခဲ့ရတာဖြစ်တဲ့အတွက် အရေးယူဖို့ ဘန်ဂီ ခုန်ကစားတဲ့ကိရိယာကို ရဲတွေသိမ်းဆည်း ထားပြီး စုံစမ်းစစ်ဆေးတာတွေ ပြုလုပ် နေပါပြီ။

Ref ; DM
Credit:PYI MYANMAR
Link:http://pyimyanmarnews.com/index.php/international/2004-2016-12-27-10-41-18