ဒေါ်နယ်ထရမ့်, သမ္မတ, အမေရိကန်

ကျင်းပပြီးစီးခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲ မဲရလဒ်နဲ့ပတ်သက်ပြီး မကျေနပ်ကြသူတွေ အများကြီးရှိခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ မဲရလဒ်အပေါ် အံ့အားသင့်တုန်လှုပ်ခဲ့ကြသူတွေအများကြီးပါ။ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရေး ဆင်းနေတဲ့ကာလများက ဒေါ်နယ်ထရမ့်သာ သမ္မတဖြစ်လာခဲ့ရင် အမေရိကန်မှာမနေတော့ဘူးလို့ ကြွေးကြော်ခဲ့တဲ့ နာမည်ကြီးအနုပညာရှင်တွေရှိပါတယ်။သူတို့ကတော့…
(1)Miley Cyrus

အဆိုတော်မလေး Miley Cyrus က ဒေါ်နယ်ထရန့်သာ သမ္မတဖြစ်ရင် အမေရိကန်ကနေ တခြားကိုပြောင်း မယ်လို့ပြောခဲ့သလို၊ရိုင်းစိုင်းတဲ့စကားလုံးကို သုံးပြီး ထရန့်ကိုဆဲဆိုခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်, သမ္မတ, အမေရိကန်

(2)Bryan Cranston
အမေရိကန်သရုပ်ဆောင်၊ဒါရိုက်တာ၊ထုတ်လုပ်သူ ဖြစ်တဲ့ Bryan Cranston က “ကျွန်တော်တော့ တကယ် ကို ပြောင်းမှာ၊ဒီလိုမျိုးဖြစ်မလာပါစေနဲ့။ဘုရားသခင်ဒီလိုတော့မလုပ်ဘူးလို့ မျှော်လင့်ပါတယ်” လို့ပြောခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်, သမ္မတ, အမေရိကန်

(3)Lena Dunham
မင်းသမီး Lena Dunham ကလည်း ထရန့်သာအနိုင်ရရင် ကနေဒါကို ပြောင်းနေမယ်လို့ပြောခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်, သမ္မတ, အမေရိကန်

(4)Cher
ပေါ့နတ်ဖုရားမလို့နာမည်ကြီးခဲ့သူ အဆိုတော် မင်းသမီးကြီး Cher ကလည်း ထရမ့်သာနိုင်ရင် ဂျူပီတာဂြိုဟ် ပေါ်မှာပဲ ပြောင်းနေလိုက်တော့မယ်လို့ ပြောခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်, သမ္မတ, အမေရိကန်

(5)Samuel L. Jackson
အမေရိကန်သရုပ်ဆောင်မင်းသား ရုပ်ရှင်ထုတ်လုပ်သူ Samuel L. Jackson ကလည်း ထရမ့်နိုင်ရင် တောင်အာဖရိက ကိုပြောင်းနေမယ်လို့ပြောခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်, သမ္မတ, အမေရိကန်

(6)Ne-Yo
အမေရိကန်အဆိုတော် Ne-Yo က ထရမ့်နိုင်ရင် ကျွန်တော်နဲ့Drake (ကနေဒါအဆိုတော်)တို့ အိမ်နီးချင်းဖြစ်လာလိမ့် မယ်လို့ ပြောခဲ့ပါတယ်။

Shwemom