Mayu Timita

ဂျပန် အဆိုတော်မလေး Mayu Timita ဟာ ပရိတ်သတ်တစ်ယောက်ရဲ့ ဓားနဲ့အချက်ပေါင်းများစွာထိုးတာခံခဲ့ရပြီးမှာတော့Coma (နှလုံးခုန်နေပေမယ့် အသိမရှိတော့) အခြေအနေကိုရောက်ရှိနေခဲ့ပါတယ်။ သူမဟာ ထိုပရိတ်သတ်ပေးခဲ့တဲ့လက်ဆောင်ကို ယူဖို့ ငြင်းပယ်ခဲ့တယ်လို့လည်းသိရပါတယ်။Mayu Timita

အခင်းဖြစ်ပွားရာနေရာမှာ သွေးတွေပေနေတဲ့ မျက်နှာဖုံးတစ်ခုနဲ့ သွေးစီးကြောင်းတွေလည်းတွေ့ခဲ့ရပါတယ်။ အသက်၂၇နှစ်အရွယ် Tomohiro Iwazakiက အဆိုတော်မလေးရဲ့လည်ပင်းနဲ့ရင်ဘတ်ကို ဓားနဲ့ထိုးတာကိုဝန်ခံခဲ့ပါတယ်။ သူပို့ပေးခဲ့တဲ့ လက်ဆောင်ကို အဆိုတော်မလေးက ပြန်ပို့ခဲ့တာကြောင့်အခုလိုသတ်ခဲ့တာလို့လည်း ဆိုပါတယ်။
“ကျွန်တော်မေးတာကို သူရှင်းရှင်းလင်းလင်းမဖြေလို့ကျွန်တော်ဒေါသထွက်ပြီး ဓားနဲ့အခါအခါထိုးမိခဲ့တာပါ”လို့ Iwazaki ကရဲတွေကိုပြောခဲ့ကြောင်း Japan Times သတင်းစာကဖော်ပြခဲ့ပါတယ်။ Iwazakiဟာ အဆိုတော်မလေးဆီကို အွန်လိုင်းကနေ Messageတွေ အများကြီးပို့ခဲ့ပါတယ်။

သူဟာ ဇန်နဝါရီလလောက်က နာရီတစ်လုံး အဆိုတော်မလေးဆီကိုလက်ဆောင်လှမ်းပို့ခဲ့ပြီး အေပရယ်လမှာ နာရီသူ့ဆီကိုပြန်ရောက်လာခဲ့ပါတယ်။ Iwazakiဟာ သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ “နင်ငါ့ကိုအထင်သေးတာ ငါဘယ်တော့မှ မေ့မှာမဟုတ်ဘူး”လို့ရေးသားခဲ့ပါတယ်။

Credit:Shwemom