ဝန်ထမ်းလေဆိပ်
လေဆိပ် ၀န်ထမ်းတွေ တာဝန်ကျေမှုရှိမရှိ ဗီဒီယိုမှတ်တမ်းရဲ့ စောင့်ကြည့်စစ်ဆေးမယ်လို့ သိရတယ်။

ရန်ကုန်လေဆိပ်မှာ တာဝန်ကျဝန်ထမ်းတွေတာဝန်ကျေမှု ရှိမရှိ ဗီဒီယိုမှတ်တမ်းနဲ့  စောင့်ကြည့်စစ်ဆေးမယ်လို့သိရတယ်။ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရန်ကုန်လေဆိပ်မှာစိစစ်မယ့် ဝန်ထမ်းတွေကို video confession နဲ့ watch လုပ်မယ်၊ ဘယ်အချိန်ဘယ်နေရာမှာ ဘယ်ဝန်ထမ်းတာဝန်ကျသလဲ၊ တိတိကျကျတိုင်လာရင် အဲဒီဝန်ထမ်းကို ချက်ချင်းအရေးယူမယ်၊ သူတို့လဲအသိပေးထားမယ်လို့ ပြောပါတယ်။
ကောင်တာတွေမှာ ခရီးသည်အများစုကြုံနေရတဲ့ ပြဿနာတွေကိုအချိန်နဲ့ တစ်ပြေးညီဖြေရှင်းပေးနိုင်ဖို့ စောင့်ကြည့် မှာဖြစ်တယ်။ ပြည်သူတွေအနေနဲ့လည်း တာဝန်မကျေတဲ့ ဝန်ထမ်း၊ လာဘ် ယူနေတဲ့ ဝန်ထမ်းတွေကိုတိုင်ကြားနိုင် ဖို့ တာဝန်ကျဝန်ထမ်းအမည်နဲ့တိုင်ကြားနိုင်မယ့် ဖုန်းနံပါတ်တွေကိုကောင်တာမှာ ချိတ်ဆွဲပေးထားဖို့  စီစဉ်နေတယ်လို့သိရပါတယ်။
ဘယ်အချိန်ဘယ်ကောင်တာမှာတက်တာကို ဝန်ကြီးဌာနကိုတိုင်နိုင်တယ်၊ တိုင်ရင်ဝန်ကြီးကိုယ်တိုင်ဆင်းပြီးတော့ မှ ရန်ကုန်တိုင်းက ဝန်ထမ်းတွေ၊ မြို့နယ်မှူးတွေကိုပြောပေးမယ်၊ ဒါပြင်ရမယ် နိုင်ငံတကာ ဧည့်သည်တွေက နိုင်ငံတစ်ဝန်းမှာကြိုက်တဲ့နေရာသွားရင် အားလုံးမရောက်နိုင်ဘူး၊ လေယာဉ်နဲ့လာတဲ့သူတွေက ဒီကောင်တာကိုတော့ လူတိုင်းရောက်တယ်၊ ဒီကောင်တာမှာရှိတဲ့ ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ မျက်နှာပးကအစ နိုင်ငံ့ရဲ့ image ဖြစ်တယ်၊ ဝန်ထမ်းတွေက ကိုယ့်တာဝန်ဖြစ်တယ်၊ ဒါလေးကို အသိတရားရှိရှိဆောင်ရွက်ပေးပါဆိုတာ သူတို့ကိုအေးအေးဆေးဆေး သဘောတရားနဲ့ ရှင်းပြပြီးပါပြီလို့ ဝန်ကြီးကပြောပါတယ်။
ဝန်ကြီးဌာနတွေအနေနဲ့ ဝန်ထမ်းထိန်းချုပ်မှုတွေကို နည်းပညာအကူအညီရယူဆောင်ရွက်ဖို့ကြိုးစားနေရာ ဘဏ္ဍငွေသုံးစွဲနိုင်မှု အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။
ပြည်သူတွေကလည်း ငွေပေးနေရတာတွေကို ရှောင်ရှားပြီး လာဘ်မပေးဖို့နဲ့ပေးရရင်လည်း အထောက်အထားယူပြီး ဝန်ကြီးဌာနကိုပြန်တိုင်ပါလို့ ဝန်ကြီးကဆိုပါတယ်။ ဝန်ကြီးက လဝက (လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန)အနေနဲ့ ဒီကာလခြောက်လ၊ ခုနစ်လအတွင်းမှာ လဝက ဝန်ထမ်း ၄၀ လောက်ကို အရေးယူဆောင်ရွက်ခဲ့ပြီးပြီလို့ပြောပါတယ်။
ဝန်ထမ်းတွေမှာလည်း တချို့အားနည်းတဲ့ ဝန်ထမ်းတွေမသင့်မလျှော်ဆောင်ရွက်တာ၊ လာဘ်ပေးလာဘ်ယူဆောင်ရွက်တာ၊ ပညာပြထားတာရှိနိုင်ပါတယ်။ ရှိလည်းရှိနေတယ်လို့ ဝန်ကြီးအနေနဲ့ ယုံတယ်။ သူတို့ကိုလည်း ပညာပေး တယ်။ သူတို့ရဲ့ mindsetကိုလည်းပြောင်းအောင်လုပ်တယ်။ အရေးယူတယ်။ အဆင့်တိုးမြှင့်တယ်။ ဒါတွေကိုလည်းချမှတ်ထားတဲ့ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းနဲ့ အညီအရေးယူ နေပါတယ်လို့ ဆိုပါတယ်။

Author – ချိုဇင်မာဝင့်
Credit:Kumudra